Home သတင်း မြန်မာနိုင်ငံ‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် ညှိနှိုင်း‌ရေးမှူး အသစ်‌ရွေးချယ်တင်‌မြှောက်

မြန်မာနိုင်ငံ‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် ညှိနှိုင်း‌ရေးမှူး အသစ်‌ရွေးချယ်တင်‌မြှောက်

1967

မတ် ၁ ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်းအတွင်းရှိ သတင်းသမားများဖြင့် ဖွဲ့စည်းထား‌သော မြန်မာနိုင်ငံ ‌တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်(SMJN)၏ ညှိနှိုင်း‌ရေးမှူးတာဝန်ကို တနသင်္ာရီတိုင်း‌ဒေသကြီးမှ ဦးတင့်လွင်အား မဲစနစ်ဖြင့် အသစ်‌ရွေး‌ကောက်တင်‌မြှောက်လိုက်‌ကြောင်း SMJN က ‌ဖေ‌ဖော်ဝါရီ ၂၉ရက်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခင်က SMJN ၏ ညှိနှိုင်း‌ရေးမှူးတာဝန် ထမ်း‌ဆောင်ခဲ့‌သော ဦးဉာဏ်စိုးဝင်း ဆိုသူမှာ ကိုယ်‌ရေးကိုယ်တာ ကိစ္စများ‌ကြောင့် ‌ဖေ‌ဖော်ဝါရီ ၂၄ရက်‌နေ့၌ မိမိသ‌ဘောဆန္ဒဖြင့် အနားယူခဲ့ပြီး လစ်လပ်သွား‌သော‌နေရာတွင် လက်ရှိ SMJN တွဲဖက်ညှိနှိုင်း‌ရေးမှူး တာဝန်ယူ‌နေသည့် ဦးတင့်လွင်အား ညှိနှိုင်း‌ရေးမှူးအဖွဲ့(EC)၏ ‌ဖေ‌ဖော်ဝါရီ ၂၈ရက်‌နေ့က အစည်းအ‌ဝေးဆုံးဖြတ်ချက်အရ အသစ်‌ရွေး‌ကောက် တင်‌မြှောက်ခဲ့ခြင်းဖြစ်သည်။

အသစ်‌ရွေး‌ကောက်ခံရသည့် ဦးတင့်လွင်က “ကျ‌နော် လက်ရှိတာဝန် ယူရမယ့်၂၀၁၆ ဒီဇင်ဘာအထိ သက်တမ်းတ‌လျှောက်မှာ SMJN ကို team work ပိုမို‌ကောင်း‌အောင် ပြုလုပ်သွားမယ်။ ဒါက‌တော့ ကျ‌နော်သွားမယ့် အပိုင်းပါ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

SMJN သည် ယခု မတ်လ တတိယအပတ်၌ တနသင်္ာရီတိုင်း ထားဝယ်မြို့တွင် နှစ်ပတ်လည် အစည်းအ‌ဝေး လုပ်ရန် ပြင်ဆင်မှုအ‌နေဖြင့် ‌မော်လမြိုင်တွင် အကြိုအစည်းအ‌ဝေးပြုလုပ်ပြီး ညှိနှိုင်း‌ရေးမှူး ‌နေရာလစ်လပ်မှု ရှိသည့်အတွက် အစည်းအ‌ဝေးတက်‌ရောက်သူ ညှိနှိုင်း‌ရေးမှူးအဖွဲ့ဝင်များ၏ ဆန္ဒဖြင့် ညှိနှိုင်း‌ရေးမှူးအား အသစ်‌ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းအကြိုအစည်းအ‌ဝေးကို တက်‌ရောက်ခဲ့သည့် ကရင်ပြည်နယ်အ‌ခြေစိုက် SMJN အလုပ်အမှု‌ဆောင်အဖွဲ့ဝင် ‌စောညွှန့်‌သောင်းက “ကျ‌နော်တို့ နှစ်ပတ်လည်အစည်းအ‌ဝေးလုပ်ဖို့ ‌မော်လမြိုင်မှာ ကျ‌နော်တို့ လုပ်တာ‌ပေါ့‌နော်။ လုပ်‌တော့ ညှိနှိုင်း‌ရေးမှူးက အလုပ် ဆက်မလုပ်‌တော့ ကျ‌နော်တို့ အသစ်ပြန်‌ရွေးတဲ့ သ‌ဘောပါပဲ။ အဓိက က‌တော့ ‌ရှေ့ဆက် အလုပ်လုပ်‌ဆောင်နိုင်ဖို့ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

SMJN ကို ကွန်ရက်ဝင်၊ အလုပ်အမှု‌ဆောင်အဖွဲ့(CEC)နှင့် ညှိနှိုင်း‌ရေးမှူးအဖွဲ့(EC) ဟူ၍ အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းထားပြီး ၂ နှစ် တစ်ကြိမ် ‌ရွေး‌ကောက်တင်‌မြှောက်ပွဲ ပြုလုပ်လျှက်ရှိသည်။

ထိုသို့ ‌ရွေး‌ကောက်တင်‌မြှောက်ပွဲပြုလုပ်ရာတွင် ‌ဒေသသုံးခုအနက် တစ်ခုလျှင် ၉ ဦးစီ(စုစု‌ပေါင်း ၂၇ ဦး)ကို အလုပ်အမှု‌ဆောင်အဖွဲ့(CEC)အဖြစ် ‌ရွေးချယ်ပြီး ၎င်းအထဲမှ ၃ ဦးစီကို ညှိနှိုင်း‌ရေးမှူးအဖွဲ့ (EC)အဖြစ် ထပ်မံ‌ရွေးချယ်ကာ တစ်ဦးကို ညှိနှိုင်း‌ရေးမှူးအဖြစ် ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်(Southern Myanmar Journalist Network-SMJN) ကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်းအတွင်းရှိ သတင်းသမားများ ပိုမို ချိတ်ဆက်လာသဖြင့် ယခုအခါ ကွန်ရက်ဝင် ဦး‌ရေ ၅ဝ ‌ကျော်ရှိသည်ဟု သိရသည်။