Home သတင်း ကရင်လက်နက်ကိုင်အဖွဲ့များမှ KNU ၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှု အတိုင်းဆက်သွားဖို့ သ‌ဘောတူ

ကရင်လက်နက်ကိုင်အဖွဲ့များမှ KNU ၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှု အတိုင်းဆက်သွားဖို့ သ‌ဘောတူ

2128

မတ် ၁ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုုံး-KNU ၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှုအတိုင်း ‌ရှေ့ဆက်သွားရန် ‌ဖေ‌ဖော်ဝါရီ ၂၉ ရက်‌နေ့က KNU ဖားအံခရုိုင်၊ လှိုင်းဘွဲမြို့နယ် ‌သေ‌ဘေထ‌နေရာရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA စစ်ရုံးချုပ်တွင် ကျင်းပခဲ့သည့် ကရင်လက်နက်ကိုင်များညီညွတ်‌ရေး‌ကော်မတီ အစည်းအ‌ဝေးက ဆုံးဖြတ်လိုက်‌ကြောင်း သိရသည်။

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “မ‌နေ့က အစည်းအ‌ဝေးပွဲမှာ‌တော့ ကျ‌နော်တို့ ကရင် လက်နက်ကိုင်‌တွေ နိုင်ငံ‌ရေးပိုင်းမှာ အားလုံးပါဝင်ပြီး စည်းစည်း လုံးလုံးညီညီညွတ်ညွတ်နဲ့ သွားကြဖို့‌ပေါ့။ အားလုံးပါဝင်မှပဲ အကျိုးရှိမှာ‌ပေါ့။ အရင်က ဆုံးဖြတ်ခဲ့ကြတဲ့အတိုင်း ဆက်သွားကြဖို့ပါပဲ”ဟု ‌ပြောသည်။

ကရင်လက်နက်ကိုင်များညီညွတ်‌ရေး‌ကော်မတီ၏ ပုံမှန်အစည်းအ‌ဝေးကို KNU ‌ခေါင်း‌ဆောင်များအပြင် (KNLA)၊ တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မ‌တော် (DKBA)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ KNU/KNLA (PC)တို့မှ ‌ခေါင်း‌ဆောင် ၄ဝ ဦးခန့် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

ထိုသို့ ‌ဆွေး‌နွေးရာတွင် ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်သင့်မြတ်‌ရေးနှင့် အဖွဲ့များအကြား ဖြစ်‌ပေါ်‌နေ‌သော ပြဿနာ၊ အခက်အခဲများကို ‌ဖြေရှင်းနိုင်‌ရေး ‌ဆွေး‌နွေးခဲ့ကြပြီး ကွဲပြား‌နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ စုစည်းရန် ကြိုးပမ်းလုပ်‌ဆောင်သွား‌ရေး စသည့်သ‌ဘောထားများကို ဆက်လက်သ‌ဘောတူ လက်ခံကြ‌ကြောင်း သိရသည်။

ယင်းဆုံးဖြတ်ချက်များအ‌ပေါ် မကြာ‌သေးမီက ပြန်လည်ဖွဲ့စည်းလိုက်သည့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်-DKBA အဖွဲ့၏ ‌ပြောခွင့်ရသူ ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်က “ကျ‌နော်တို့ အဖွဲ့က အ‌ခြေအ‌နေအရ ဖြစ်‌ပေါ်လာရတဲ့အဖွဲ့ ဖြစ်ပါတယ်။ မိခင်အစည်းအရုုံးကို ပြန်ပြီး တိုက်ခိုက်ဖို့ မဟုတ်ဘူး။ အဲဒီအ‌ပေါ်မှာ တချို့အမြင်လွဲ‌နေတာ‌လေး‌တွေကို အစည်းအ‌ဝေးမှာ ပြန်ရှင်းပြရတယ်။ စည်းလုံးမှုအသွင်သဏ္ဍာန်‌လေး‌တွေမြင်ရ‌တော့ ကျ‌နော်တို့လည်း ဝမ်းသာကြိုဆိုတယ်။ ဒါ‌ပေမယ့် လုပ်‌ဆောင်ချက်‌တွေအ‌ပေါ်မှာက‌တော့ စိတ်ရှည်ရှည်ထားပြီး အချိန်‌ပေးမှရမယ်”ဟုု ‌ပြောသည်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော်မတီကို ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး ‌ကျေးရွာ၌ ၂၀၁၃ခုနှစ်၊ ‌မေလ ၂၈ရက်‌နေ့က စတင်ဖွဲ့စည်းခဲ့ပြီး KNU၊ BGF၊ DKBA၊ KNU/KNLA(PC)၊ KPF( ‌ဟောင်သ‌ရော အထူး‌ဒေသ)၊ ပဒို‌အောင်ဆန်း ဦး‌ဆောင်သည့် ဘုရားကုန်းငြိမ်းချမ်း‌ရေး အဖွဲ့တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယမန်‌နေ့(‌ဖေ‌ဖော်ဝါရီ ၂၉ )ရက်‌နေ့က ကျင်းပခဲ့သည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော်မတီ ပုံမှန်အစည်းအ‌ဝေးတွင် KNU၊ DKBA (၂)ဖွဲ့နှင့် KNU/ KNLA (PC) အဖွဲ့တို့သာ တက်‌ရောက်ပြီး ကရင်နယ်ခြား‌စောင့်တပ် BGF အပါအဝင် ကျန်ရှိသည့်အဖွဲ့ဝင်များ တက်‌ရောက်ခြင်း မရှိ‌ကြောင်း သိရသည်။