Home သတင်း မယ်‌တော်‌ဆေးခန်းကို ‌မေလ‌နှောင်းပိုင်းအပြီး ‌ပြောင်း‌ရွှေ့ဖွင့်လှစ်သွားရန် စီစဉ်‌နေ

မယ်‌တော်‌ဆေးခန်းကို ‌မေလ‌နှောင်းပိုင်းအပြီး ‌ပြောင်း‌ရွှေ့ဖွင့်လှစ်သွားရန် စီစဉ်‌နေ

1968

မတ် ၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ‌ဒေါက်တာစင်သီယာ‌မောင် ဦးစီးပြီး ‌ဆေးဝါးအခမဲ့ကုသ‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းကို ယခုနှစ် ‌မေလ‌နှောင်းပိုင်းတွင် Thasialoud(ထပ်စိုင်လွတ်)ရွာရှိ ‌ဆေးခန်းအ‌ဆောင် သစ်ရှိရာသို့ အပြီး‌ပြောင်း‌ရွှေ့သွားရန် စီစဉ်‌နေသည်ဟု ယင်း‌ဆေးခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယခု မတ်လ ၁၂ရက်‌နေ့မှစ၍ အတွင်းလူနာ ‌ဆောင်များကို စတင်‌ပြောင်း‌ရွှေ့ပြီး ဧပြီလ ပထမအပတ်တွင် အပြီး ‌ပြောင်း‌ရွှေ့သွားမည်ဖြစ်ကာ ‌မေလ‌နှောင်းပိုင်းတွင် ဖွင့်ပွဲ အခမ်းအနားလုပ်‌ဆောင်ရန် လျာထားသည်ဟု ‌ဆေးခန်း‌ပြောင်း‌ရွှေ့မှု‌ခေါင်း‌ဆောင် တာဝန်ယူထားသည့် ‌နော်အန်းနီက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“တပြိုင်တည်း ‌ပြောင်း‌ရွှေ့ဖို့ မလွယ်ဖူး။ အ‌ဆောက်အဦးသစ်‌တွေ ပြီးစီးသွားတဲ့အ‌ပေါ်မှာ မူတည်ပြီး အရင်ဆုံး အတွင်းလူနာ‌ဆောင်‌တွေကို ‌ပြောင်း‌ရွှေ့မယ်။ ‌ပြောင်း‌ရွှေ့ဖို့အတွက် အခု ‌ဆေးခန်းမှာ ရှိ‌နေတဲ့ လူနာ‌တွေကို အချိန်‌နေ့ရက်နဲ့ ‌ဆေးခန်းပိတ်ရက်‌တွေကို အခုရက်ပိုင်းအတွင်းမှာပဲ အသိ‌ပေး‌ကြေညာသွားမှာ ဖြစ်ပါတယ်”ဟု ‌နော်အန်းနီက ‌ပြောသည်။

မဲ‌ဆောက်‌ဒေသ၌ စီးပွား‌ရေးဇုံဖြစ်လာသည်နှင့်အမျှ ‌မြေငှားခလည်း ကြီးလာ‌သော‌ကြောင့် နိုင်ငံတကာ အလှူရှင်များ၏ အ‌ထောက်အပံ့ဖြင့် ယခု ‌ပြောင်း‌ရွှေ့မည့် ‌မြေ‌နေရာသစ်ကို ဝယ်ယူခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဧပြီလမှ စတင်ကာ ဂျပန်အစိုးရ၏ အကူအညီဖြင့် အ‌ဆောက်အဦးများကို အကာင်အထည်‌ဖော်‌ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

‌ဆေးခန်းအ‌ဆောက်အဦးသစ်၌ ပြင်ပလူနာ‌ဆောင်(OPD) (၃)‌ဆောင်နှင့် အတွင်းလူနာ‌ဆောင်ကြီး (IPD) (၄)ခုဖြစ်သည့် က‌လေးအတွင်းလူနာကုသ‌ဆောင် (Child IPD)၊ မျိုးဆက်ပွားကျန်းမာ‌ရေး‌စောက်‌ရှောက်မှု အတွင်းလူနာ‌ဆောင်(HR IPD)၊ ခွဲစိတ်‌ဆောင်(Surgical Department)နှင့် (Medical IPD) အတွင်းလူနာ ‌ဆောင်များ စသည်တို့ ပါဝင်ပြီး TB လူနာ‌ဆောင်အတွက်လည်း တိုးချဲ့ပါဝင်လာမည်ဟု သိရသည်။

လက်ရှိတွင် Patient Relationship နှင့် Visitor Center စသည့် အ‌ဆောင်များသည် ‌ဆောက်လုပ်မှုမပြီးစီး ‌သေးဘဲ ကျန်ရှိသည့် OPD ‌ဆောင်အချို့နှင့် လူနာတည်းခို‌ဆောင်၊ စားဖို‌ဆောင်များကို ‌ဆောက်လုပ်‌နေဆဲဖြစ် သည်ဟု မယ်‌တော်‌ဆေးခန်း တာဝန်ရှိသူများက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ကျန်းမာ‌ရေးဆိုင်ရာ အကူအညီများ ‌ပေးနိုင်ရန် ရည်ရွယ်၍ ‌ဒေါက်တာ စင်သီယာ‌မောင် ဦးစီးပြီး မဲ‌ဆောက်ရှိ ‌မြေ‌နေရာတစ်ခုကို ငှားရမ်းကာ မယ်‌တော်‌ဆေးခန်းကို ၁၉၈၉ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့သည်။

ယခု ‌ပြောင်း‌ရွှေ့မည့် ကာလအတွင်း မယ်‌တော်‌ဆေးခန်းရှိ သင်တန်း‌ပေးခြင်းဆိုင်ရာ ဆက်စပ်လုပ်‌ဆောင်မှု များကို ၂၀၁၆ နှစ်ကုန်အထိ ဆက်ရှိ‌နေဦးမည်ဖြစ်သည်ဟု သိရသည်။