Home ထိပ်တန်းသတင်း ပြည်နယ်နှင့်တိုင်း‌ဒေသကြီးလွှတ်‌တော်အတွင်း လွတ်လပ်စွာ သတင်းရယူခွင့်‌ပေးရန် တိုင်းရင်းမီဒီယာညီလာခံ၌ ‌တောင်းဆို

ပြည်နယ်နှင့်တိုင်း‌ဒေသကြီးလွှတ်‌တော်အတွင်း လွတ်လပ်စွာ သတင်းရယူခွင့်‌ပေးရန် တိုင်းရင်းမီဒီယာညီလာခံ၌ ‌တောင်းဆို

1766

‌ဖေ‌ဖော်ဝါရီ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများရှိ လွှတ်‌တော်အသီးသီးတွင် မီဒီယာများ၏ လွတ်လပ်စွာ သတင်းရယူခွင့်ကို အသစ်တက်လာမည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် အစိုးရအ‌နေဖြင့် ဥပ‌ဒေပြဋ္ဌာန်း၍ အကာကွယ်‌ပေးရန် ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်မှ ၁၆ရက်‌နေ့အထိ ရခိုင်ပြည်နယ်၊ ‌မြောက်ဦးမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံတွင် ‌ကြေညာချက်ထုတ်ပြန်၍ ‌တောင်းဆိုလိုက်သည်။

ညီလာခံ‌ပြောခွင့်ရသူ Burma News International၏ ဘုတ်အဖွဲ့ဝင်လည်းဖြစ်၊ ကရင်သတင်းဋ္ဌာန၏ အယ်ဒီ တာချုပ်ဖြစ်သူ နန်း‌ဖော့‌ဂေက “ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာဆိုလို့ရှိရင် ပြည်နယ်လွှတ်‌တော်‌တွေမှာ သတင်း သွားယူဖို့ အခက်အခဲ အများကြီးရှိတဲ့အခါကျ‌တော့ ကိုယ့်ရဲ့ပြည်သူလူထုကို လွှတ်‌တော်‌တွေမှာ ဘာ‌တွေ ‌ဆွေး ‌နွေးအတည်ပြုလဲဆိုတာ ကျမတို့ မ‌ဖော်ပြ‌ပေးနိုင်ခဲ့ဘူး။ လာမယ့် အစိုးရသစ် လက်ထက်မှာ ဒီလိုအလားတူ မဖြစ်ရ‌အောင် ပြည်‌ထောင်စုအဆင့်ဖြစ်‌စေ ပြည်နယ်အဆင့်ဖြစ်‌စေ ပြည်နယ်နဲ့ တိုင်း‌ဒေသကြီးဖြစ်‌စေ၊ လွတ် လွတ်လပ်လပ် သတင်းယူခွင့်ပြုနိုင်ဖို့အတွက် ဥပ‌ဒေ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်း အ‌ကောင်အထည်‌ဖော် သွား‌စေချင်တယ်״ဟု ‌ပြောသည်။

ပဋိပက္ခ‌ဒေသအတွင်း သတင်းရယူ‌နေသည့် တိုင်းရင်းသား သတင်း‌ထောက်များအား အကာအကွယ်‌ပေးနိုင်ရန် ထွက်ရှိပြီးသား မီဒီယာဥပ‌ဒေကို ပြန်လည် သုံးသပ်ဖြည့်စွက်ပြဋ္ဌာန်း‌ပေးရန် လိုလား‌ကြောင်းလည်း နန်း‌ဖော့‌ဂေ က ဆက်လက်‌ပြောဆိုသည်။

ထို‌တောင်းဆိုမှုအ‌ပေါ် မြန်မာနိုင်ငံ သတင်း မီဒီယာ‌ကောင်စီမှ ဦးမြင့်‌ကျော် “ဒီလို‌တောင်းဆိုမှု‌တွေကို စာနယ် ဇင်း‌ကောင်စီပဲဖြစ်ဖြစ် MJA တို့လို MJN တို့လို လုပ်‌ပေးသင့်တယ်။ သက်ဆိုင်ရာ တိုင်း‌ဒေသကြီးလွှတ်‌တော်၊ ပြည်နယ်လွှတ်‌တော်‌တွေနဲ့ဆက်သွယ်ပြီး‌တော့ သတင်းရယူခွင့်အပိုင်းကို အားလုံး တစ်သမတ်တည်းဖြစ်‌အောင် စနစ်တစ်ခုထဲ ဖြစ်ဖို့‌တော့ ‌ပြောဆိုဖို့လိုအပ်တယ်လို့ ကျ‌နော်မြင်ပါတယ်။ ဒါကို ‌ကောင်စီဝင်‌တွေ အားလုံး ‌ဆွေး ‌နွေးရမယ့် ကိစ္စတစ်ခုဆိုတာ ‌ကောင်စီဝင်တစ်‌ယောက်အ‌နေနဲ့ ‌ပြောနိုင်တယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသား သတင်းမီဒီယာ ဖွံ့ဖြိုး‌ရေးအတွက် ‌ငွေ‌ကြေးအကူအညီများ ဆက်လက်ပံ့ပိုးသွားရန်၊ ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးဆိုင်ရာ မီဒီယာလုပ်ငန်းများကို ‌ဆောင်ရွက်ရန် အစိုးရသစ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ လိုအပ်‌သော အကူအညီများ‌ပေးရန် အပါအဝင် ‌တောင်းဆိုချက် (၅)ချက်ကို ညီလာခံ‌နောက်ဆုံး‌နေ့၌ ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းမီဒီယာမှ တဆင့် ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးဆီသို့ ‌ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အဆိုပါ တိုင်းရင်းမီဒီယာ ညီလာခံတွင် သတင်းမီဒီယာ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်၊ နိုင်ငံ ‌ရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်‌ပေါင်း ၂၈ဝဦး တက်‌ရောက်ကာ ရခိုင်ပြည်နယ်အ‌ရေး၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေး၊ တိုင်းရင်းသားမီဒီယာဖွံ့ဖြိုး‌ရေးနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်များကို အဓိက ထားပြီး ‌ဆွေး‌နွေးခဲ့ကြသည်။

ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ၂၀၁၃ခုနှစ်၌ မွန်ပြည်နယ် ‌မော်လမြိုင်မြို့တွင်လည်း‌ကောင်း၊ ဒုတိယ အကြိမ်ကို ၂၀၁၄ခုနှစ်၌ ရှမ်းပြည်နယ်၊ ‌တောင်ကြီးမြို့တွင်လည်း‌ကောင်း၊ တတိယအကြိမ်ကို ၂၀၁၅ခုနှစ် ချင်း ပြည်နယ် ဟားခါးမြို့တွင်လည်း‌ကောင်း၊ ယခု ရခိုင်ပြည်နယ်၊ ‌မြောက်ဦးမြို့တို့တွင် အသီးသီးကျင်းပခဲ့ပြီး လာမည့် ၂၀၁၇ခုနှစ်၌ ကျင်းပမည့် ပဉ်စမအကြိမ် ညီလာခံကို ကယားပြည်နယ်၌ ကျင်းပသွားရန် ညီလာခံတွင် ဆုံး ဖြတ်ခဲ့ကြသည်။