Home ထိပ်တန်းသတင်း ‌မြေယာပြဿနာများကို အစိုးရသစ်နှင့် ဆက်လက်‌ဖြေရှင်းမည်ဟု KNU ‌ပြော

‌မြေယာပြဿနာများကို အစိုးရသစ်နှင့် ဆက်လက်‌ဖြေရှင်းမည်ဟု KNU ‌ပြော

1584

‌ဖေ‌ဖော်ဝါရီ ၁၇ ရက်၊၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်း KNU နယ်‌မြေများတွင် ကြုံ‌တွေ့‌နေရဆဲဖြစ်သည့် ‌မြေယာပြဿနာများကို အစိုးရသစ်နှင့် ဆက်လက် ညှိနှိုင်း‌ဖြေရှင်းသွားမည်ဖြစ်‌ကြောင်း နှစ်ရက်တာပြုလုပ်သည့် KNU ၏ ‌မြေယာပြဿနာ‌ဖြေရှင်း‌ရေး အစည်းအ‌ဝေးတွင် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ‌လေးဝါးစခန်းတွင် ‌ဖေ‌ဖော်ဝါရီ ၁၅ ရက်မှ ၁၆ ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ဖားအံခရိုင် ‌မြေယာပြဿနာ‌ဖြေရှင်း‌ရေး အစည်းအ‌ဝေးတွင် အဆိုပါ ဆုံးဖြတ်ချက်ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ရသည့်အ‌ပေါ် KNU ဗဟို ‌မြေယာ‌ဖြေရှင်း‌ရေး‌ကော်မတီ ဥက္ကဌ ပဒို မန်းမန်းမန်းက ယခုလို ‌ပြောသည်။

၎င်းက “လက်ရှိ KNU ရဲ့ ‌မြေယာမူဝါဒနဲ့ အစိုးရ ပြဋ္ဌာန်းထားတဲ့ ‌မြေယာအသုံးချ‌ရေး မူဝါဒ‌တွေမှာ ကွဲလွဲချက်များစွာ ရှိ‌နေပါတယ်။ ဒါ‌ကြောင့် ဒီ‌မြေယာပြဿနာ‌တွေကို ‌ဖြေရှင်းနိုင်ဖို့ အစိုးရသစ်ကိုလည်း ကျ‌နော်တို့ တစုံတရာ‌မျှော်လင့်ချက်ထားတဲ့အတွက် ဖြစ်ပါတယ်”ဟု ‌ပြောသည်။

‌မြေယာမူဝါဒများနှင့်ပတ်သက်ပြီး အနိုင်ရပါတီဖြစ်သည့် NLD နီးစပ်တဲ့သူများနှင့် ‌ဆွေး‌နွေးညှိနှိုင်းမှုများ ပြုလုပ်‌နေသလို လက်ရှိ အစိုးရ ပြဋ္ဌာန်းထားသည့် ‌မြေယာအသုံးချ‌ရေး ‌မြေယာမူဝါဒများကို အစိုးရသစ် အ‌နေဖြင့် ပြန်လည်သုံးသပ်ပြီး ပြုပြင်‌ပြောင်းလဲမှုပြုလုပ်‌စေချင်‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

‌ဖေ‌ဖော်ဝါရီ ၁၆ရက်‌နေ့က ပြီးစီးခဲ့သည့် ‌မြေယာပြဿနာ‌ဖြေရှင်း‌ရေး အစည်းအ‌ဝေးတွင် KNU ဗဟိုမှ တာဝန်ရှိသူများ၊ ဖားအံခရိုင် (၅)မြို့နယ်ရှိ ခရိုင်၊ မြို့နယ်အဆင့်‌မြေယာဌာနမှ တာဝန်ရှိသူများ အပါအဝင် ၁၆ဝ ‌ကျော် တက်‌ရောက်ခဲ့ကြပြီး ၎င်းနယ်‌မြေများအတွင်း ဖြစ်ပွား‌နေသည့် ‌မြေယာပြဿနာများကို ‌ဆွေး‌နွေးခဲ့ကြသည်။

ယင်းပြဿနာများကို ‌ဖြေရှင်းနိုင်ရန်အတွက် KNU အ‌နေဖြင့် ဖားအံခရိုင်အဆင့် ‌မြေယာ‌ဖြေရှင်း‌ရေး ‌ကော်မတီကို အစည်းအ‌ဝေးတွင် ဖွဲ့စည်းလိုက်သည့်အပြင် ပြဿနာဖြစ်ပွား‌နေသည့် ‌မြေယာများအတွင်း စီမံကိန်းလုပ်ငန်း ဆက်လက်လုပ်‌ဆောင်‌နေမှုများကို ရပ်ဆိုင်း‌ပေးရန် ‌တောင်းဆိုမည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့‌ကြောင်းလည်း သိရသည်။

“အဖိုးတို့ခရိုင်ထဲမှာ ‌မြေယာပြဿနာရှိသလို အစိုးရနယ်‌မြေထဲ‌နေတဲ့ အဲဒီက‌မြေယာ ပြဿနာဖြစ်‌နေသူ‌တွေ ကလည်း အစိုးရကို တင်ပြတာအ‌ကြောင်းမထူး‌တော့ အဖိုးတို့လာပြီး အကူအညီ‌တောင်းတာ‌တွေ ရှိတယ်။ အခု ဖွဲ့လိုက်တဲ့ ခရိုင်‌မြေယာ‌ဖြေရှင်း‌ရေး‌ကော်မတီက စာရင်းဇယားလိုက်‌ကောက်‌နေတုန်းပဲ။ ‌ကောက်ပြီး‌တော့ ဗဟိုအဆင့်ကို တင်ပြရမယ်။ ဗဟိုက‌နေပြီးမှ အစိုးရနဲ့ဆက်‌ဆွေး‌နွေးမယ်”ဟု ဖားအံခရိုင် အတွင်း‌ရေးမှူး ပဒို‌စော‌လေး‌တောက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖွံံ့ဖြိုး‌ရေးလုပ်ငန်း၊ စီမံကိန်းနှင့်သက်ဆိုင်သည့် ‌မြေယာသိမ်းဆည်းမှု၊ အစိုးရတပ်၊ ကရင်လက်နက်ကိုင်တပ်၊ ကုမ္ပဏီနှင့် တစ်ဦးချင်း ‌မြေယာပိုင်ဆိုင်အငြင်းပွားမှု ပြဿနာများကြုံ‌တွေ့‌နေရပြီး ထိုအထဲတွင် စစ်တပ်သိမ်းဆည်းမှုဆိုင်ရာ ‌မြေယာပြဿနာမှာ အများဆုံးဖြစ်‌ပေါ်‌နေ‌ကြောင်း ခရိုင်တာဝန်ရှိသူများက ‌ပြောသည်။

KNU ထိန်းချုပ်နယ်‌မြေအတွင်း ဖြစ်‌ပေါ်‌နေ‌သော ‌မြေယာပြဿနာများကို ‌ဖြေရှင်း‌ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ KNU (ဗဟို)‌မြေယာ‌ဖြေရှင်း‌ရေး ‌ကော်မတီကို ပဒိုမန်းမန်းမန်းမှ ဥက္ကဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၆ ဦးဖြင့် ၂၀၁၄ ခုနှစ် ‌အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။