Home သတင်း ကရင်ပြည်နယ် မြို့‌တော်တွင် ပထမဆုံးအကြိမ် ကရင်အမျိုးသား‌နေ့ ကျင်းပ

ကရင်ပြည်နယ် မြို့‌တော်တွင် ပထမဆုံးအကြိမ် ကရင်အမျိုးသား‌နေ့ ကျင်းပ

2478

‌ဖေ‌ဖော်ဝါရီ ၁၂ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

ဆယ်စုနှစ် ခုနှစ်ခုနီးပါး ကရင်အမျိုးသား‌နေ့ ကျင်းပခွင့်မရ‌သော ကရင်ပြည်နယ် မြို့‌တော် ဖားအံမြို့တွင် ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့က ကျ‌ရောက်‌သော (၆၈)နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ကရင်အမျိုးသား အစည်းအရုံးမှ ဦး‌ဆောင်ပြီး ယမန်‌နေ့က ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။

ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပသည့် ၎င်းအခမ်းအနားတွင် ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင် ပဒို ‌စော‌ရောဂျာခင်၊ ပဒို ‌စောလှထွန်း အပါအဝင် ဖားအံမြို့ရှိ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ နိုင်ငံ‌ရေးပါတီများ၊ ပြည်နယ်အစိုးရ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မြို့ခံ ရပ်မိရပ်ဖများနှင့် လူထုများ စုစု‌ပေါင်း ၂၀ဝ နီးပါး တက်‌ရောက်ခဲ့ကြသည်။

‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို‌စောလှထွန်းက “ကရင်အမျိုးသား‌နေ့ကို ကရင်‌တော်‌တော်များ မသိကြ‌သေးဘူး။ ဒါ‌ကြောင့် ကိုယ့်ကရင်ပြည်နယ် မြို့‌တော်မှာ အခုလို ပထမဆုံးအကြိမ် ကျင်းပခွင့်ရတာ ဂုဏ်ယူတယ်။ ကျင်းပခွင့်‌ပေးတဲ့ ပြည်နယ်အစိုးရကိုလည်း ‌ကျေးဇူးတင်ပါတယ်။ ဒါ‌ပေမယ့် အခုထိ အချို့‌နေရာ ‌တွေမှာ ကျင်းပခွင့် မရ‌သေးဘူး။ အဲဒီအတွက်လည်း စိတ်မ‌ကောင်း ဖြစ်ရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်တွင်းစစ်ဖြစ်ပွားပြီး နိုင်ငံ‌ရေး အ‌ခြေအ‌နေ မတည်ငြိမ်မှု‌ကြောင့် ဆယ်စုနှစ်များစွာ မိမိကရင်အမျိုးသား‌နေ့ကို ကျင်းပခွင့် မရခဲ့‌သော်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA) လက်မှတ်ထိုး ပြီး‌နောက် ပွင့်လင်းမြင်သာမှု ပိုမိုရရှိလာကာ ယခုလို ကရင်အမျိုးသား‌နေ့ ပြန်လည်သိရှိခွင့်နှင့် ကျင်းပခွင့် အတွက် အခွင့်အ‌ရေး‌ကောင်းတစ်ရပ် ဖြစ်လာသည်ဟုလည်း ပဒို ‌စောလှထွန်းက ဆက်‌ပြောသည်။

အဆိုပါ အခမ်းအနားတွင် ကရင်အမျိုးသားအလံနှင့် ကျဆုံး‌လေပြီး‌သော ကရင်အာဇာနည်များအား အ‌လေးပြုခြင်း၊ ကရင်အမျိုးသား‌နေ့ ‌ပေါ်‌ပေါက်လာပုံ ‌ပြောကြားခြင်း၊ ၆၈ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အတွက် ‌ကေအဲန်ယူ ဥက္ကဌမှ ‌ပေးပို့‌သော သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ကရင်အမျိုးသား‌နေ့ဆိုင်ရာ အ‌ကြောင်းအရာများ ‌ပြောကြားခြင်းနှင့် ‌ဖျော်‌ဖြေ‌ရေး စသည့် အစီအစဉ်များ ပါဝင်သည်။

ဖားအံတွင် ကရင်အမျိုးသား‌နေ့ ကျင်းပခွင့်ရခြင်းအ‌ပေါ် ဖလုံ-စ‌ဝေါ်ဒိမိုကရက်တစ်ပါတီ(PSDP)မှ မန်းပြည်‌အောင်စိုးက “‌ကေအဲန်ယူက ဦး‌ဆောင်ပြီး ကရင်အမျိုးသား‌နေ့ကို ကျင်းပ‌ပေးတဲ့အတွက် ဝမ်းသာတယ်။ အခြားတိုင်းရင်းသား‌တွေ သူတို့ရဲ့ အမျိုးသား‌နေ့ကို ကျင်းပတာပဲ။ ကိုယ့်ကရင်‌တွေလည်း လုပ်ရမှာ‌ပေါ့”ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့က မြန်မာနိုင်ငံအတွင်းရှိ ကရင်လူမျိုး ‌လေးသိန်း‌ကျော်သည် ကရင်ပြည်နှင့် တန်းတူအခွင့်‌ရေးရရှိရန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။ ယင်း‌နေ့ကို အစွဲပြု၍ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ရက်မှ ၂၅ရက်‌နေ့အထိ ဖာပွန်မြို့နယ်၌ ကျင်းပ‌သော ‌ကော်သူး‌လေ ပြည်လုံးဆိုင်ရာ ကွန်ကရက်တွင် ကရင်အမျိုးသား‌နေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။