ဇန်နဝါရီ ၁ဝရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများ စိုက်ပျိုးခဲ့ကြသည့် ကောက်သစ်များကို တိုင်းရင်းသားလူမျိုးတိုင်း မျှဝေစား သောက်ရင်း စည်းလုံးညီညွှတ်မှုကို ပြသကြရန်နှင့် ကောက်သစ်စားရင်း ပြည်ထောင်စုကြီး၏ ထာဝရငြိမ်းချမ်းမှုကို အတူတကွ ရှာဖွေသွားကြရန် ဒေါ်အောင်ဆန်းစုကြည်က ကရင်နှစ်သစ်ကူးနေ့သို့ ယနေ့(ဇန်နဝါရီလ ၁ဝရက်)တွင် ပေးပို့သော သဝဏ်လွှာ ၌ တိုက်တွန်းပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီနေ့ ကျမတို့ ပြည်ထောင်စုကြီးမှာ ကောက်သစ်တွေ ပေါ်စပြုနေပါပြီ။ ဒီကောက်သစ်တွေဟာ တစ် ချိန်က ကျမတို့ ကောက်ပင်တွေ စိုက်ပျိုးခဲ့ကြခြင်းရဲ့ အကျိုးဆက်ပါပဲ။ ဒီနေ့ဒီအချိန်မှာ ရိတ်သိမ်းခဲ့တဲ့ ကောက်သစ်တွေကို ကျမ တို့ အတူစားသောက်ကြရင်း ကျမတို့ရဲ့ စည်းလုံးမှု၊ ညီညွှတ်မှုကို ပြသကြပါစို့။ ကောက်သစ်စားရင်း ကျမတို့ ပြည်ထောင်စုကြီး ရဲ့ ထာဝရငြိမ်းချမ်းမှုကို အတူတကွ ရှာဖွေကြပါစို့”ဟု သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုသည်။
ထို့အပြင် ကရင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုထဲတွင် သူမ အထူးနှစ်သက်သော ဓလေ့တစ်ခုဖြစ်သည့် ကရင်နှစ်သစ်ကူးကာလ တွင် မိမိတို့စိုက်ပျိုး၍ ရင့်မှည့်လာသော ကောက်သစ်များကို ရိတ်သိမ်းကာ ရလာသည့်ကောက်သစ်များကို မိမိတို့အချင်းချင်း ကြား အတူ မျှဝေစားသောက်ကြတဲ့ အလေ့အထ ဖြစ်ကြောင်းနှင့် ဤသည်မှာ ကရင်လူမျိုးများ၏ ညီညွှတ်မှု၊ စည်းလုံးမှုကို ဖော် ပြနေသည့် အမှတ်သကေင်္တတစ်ခုဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။
ကရင်သက္ကရာဇ် ၂၇၅၅ခုနှစ်၊ (၇၈)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး သဝဏ် လွှာ၌ ကရင်ပြည်နယ်က ကရင်လူမျိုးများ အပါအဝင် ပြည်သူများက ၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ယုံယုံကြည်ကြည် ထောက်ခံမဲပေးကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောဆိုခဲ့သည်။
တစ်ဆက်တည်းပင် ပြည်ထောင်စုတစ်ခုလုံးအတွက် အရေးကြီးသော ပြဿနာမှာ ငြိမ်းချမ်းရေးကိစ္စဖြစ်ကြောင်း၊ ကရင်လူမျိုး များ အပါအဝင် တိုင်းရင်းသားများ လိုလားသည့် တိုင်းရင်းသားများ ရပိုင်ခွင့်များကို အာမခံနိုင်မည့် နိုင်ငံရေးစနစ်အပေါ် အခြေခံ သော ငြိမ်းချမ်းရေးကို တည်ဆောက်သွားမည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်သည်။
“ပြည်ထောင်စုတစ်ခုလုံးအတွက် အရေးကြီးတဲ့ ပြဿနာကတော့ ငြိမ်းချမ်းရေးကိစ္စပါပဲ။ ကရင်ပြည်သူတွေ အပါအဝင် ပြည် ထောင်စုသားအားလုံးဟာ မငြိမ်းချမ်းမှုရဲ့ အကျိုးဆက်တွေကို ဘယ်လောက်ခံစားခဲ့ကြရတယ်ဆိုတာ အားလုံး အသိပါပဲ။”ဟု သူမက ပြောသည်။
ဒေါ်စု၏ ကရင်နှစ်သစ်ကူးသဝဏ်လွှာအပေါ် ဩစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့နေ ကရင်လူငယ် စောကျော်ခွီးက “တိုင်းရင်းသား တွေ စည်းလုံးညီညွတ်ဖို့ ဆန္ဒပြုထားချက်နဲ့ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းမှုကို အတူတကွ ရှာဖွေသွားကြပါစို့ဆိုတဲ့ ဆန္ဒပြု ထားချက်ဟာ တိုင်းရင်းသားအားလုံးအတွက် သင့်လျော်မှန်ကန်တဲ့ စေတနာစကားဖြစ်တယ်။ ထာဝရငြိမ်းချမ်းရေးထက် စစ်မှန် တဲ့ ထာဝရငြိမ်းချမ်းရေးမျိုး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးထက် ဥမကွဲ သိုက်မပျက် စည်းလုံးညီညွှတ်ရေးမျိုး ကျနော်တို့ မျှော်လင့်ပါတယ်”ဟု မှတ်ချက်ပြုပြောဆိုသည်။
အလားတူ ကရင်အမျိုးသမီးအစည်းအရုံး(KWO) အတွင်းရေးမှူး နော်ကညောဖောကလည်း “ဒေါ်အောင်ဆန်းစုကြည်ဟာ ခုလို ကရင်နှစ်သစ်ကူးနေ့မှာ သူမရဲ့ လေးစားမှု၊ အသိအမှတ်ပြုမှုတွေကို ပေးပို့တယ်လို့ ခံစားမိပါတယ်။ ဒီလို သူမရဲ့ အပြန်အလှန် အသိအမှတ်ပြုမှုတွေနဲ့ လေးစားမှုဟာ အမျိုးသားငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ ကရင်လူမျိုးတွေအတွက်တင်မဟုတ်ဘဲ အခြားတိုင်းရင်းသားလူမျိုးစုတွေအတွက်ပါ အလွန် အရေးကြီးပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်တိုင်းရင်းသားများသည် ကရင်ပြည်နယ် အပါအဝင် ကရင်လူမျိုးများရှိရာ အရပ်ဒေသတိုင်း၌ ပြာသိုလဆန်း(၁)ရက်၊ သလေ(ကရင်လ)လဆန်းတစ်ရက်နေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲ အခမ်းအနားကို ကျင်းပ လေ့ရှိရာ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၁ဝရက်နေ့တွင် ကျရောက်သော ၂၇၅၅ ကရင်နှစ်သစ်ကူးနေ့ပွဲတော်ကို မြို့ရွာအသီးသီးတွင် တစ်ပြိုင်နက်တည်း စည်ကားစွာ ကျင်းပခဲ့ကြသည်။