Home သတင်း သျှမ်းပြည် စစ်‌ဘေး‌ရှောင်များအတွက် ကရင်ပြည်နယ်တွင် ဂစ်တာ‌ဖျော်‌ဖြေမှု လှုပ်ရှား‌ဆောင်ရွက်

သျှမ်းပြည် စစ်‌ဘေး‌ရှောင်များအတွက် ကရင်ပြည်နယ်တွင် ဂစ်တာ‌ဖျော်‌ဖြေမှု လှုပ်ရှား‌ဆောင်ရွက်

1513

ဇန်နဝါရီ ၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ဖားအံ‌ဒေသခံလူငယ်များနှင့် ရန်ကုန်လူငယ်များ စု‌ပေါင်းကာ သျှမ်းပြည်နယ် စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် ငြိမ်းချမ်း‌ရေး ရှိုက်သံ‌ခေါင်းစဉ်နှင့် ဂစ်တာ‌ဖျော်‌ဖြေသည့် လှုပ်ရှားမှုတစ်ရပ် လုပ်‌ဆောင်ကာ ကရင်ပြည်နယ်အတွင်း အလှူ‌ငွေများ လိုက်လံ ‌ကောက်ခံ‌နေကြသည်။

ထိုလှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးက စစ်ပွဲများအား ဆန့်ကျင်သည့်အ‌နေဖြင့် ဒီဇင်ဘာလ ၂၈ရက်‌နေ့မှစ၍ ပြည်မ၊ ပြည်နယ်ရှိ လူငယ်များစု‌ပေါင်းကာ မြန်မာပြည်‌အောက်ပိုင်း မြို့အတွင်းရှိ လမ်းဆုံလမ်းခွနှင့် လူစည် ကားရာ ‌ဈေးများ၌ ငြိမ်းချမ်း‌ရေး‌တေးများ လိုက်လံ‌ဖျော်‌ဖြေလျှက်ရှိပြီး ရရှိလာသည့် အလှူ‌ငွေများဖြင့် တိုက်ပွဲဖြစ်ပွား‌နေသည့် သျှမ်းပြည်နယ်မှ စစ်‌ဘေး‌ရှောင်ပြည်သူများကို ပြန်လည်ကူညီ‌ထောက်ပံ့ရန် ဖြစ်‌ကြောင်း ကိုယ်တိုင်ပါဝင်သူ ကိုလင်းနီ‌သွေးက ‌ပြောသည်။

၎င်းက “NCA မထိုး‌သေးတဲ့အဖွဲ့‌တွေကို တိုက်စစ်နဲ့ ဖိအား‌တွေနဲ့ ငြိမ်းချမ်း‌ရေးကို‌ခေါ်ယူတာက စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး ရနိုင်မှာ မဟုတ်ဘူး‌ပေါ့‌နော်။ ‌နောက် နှစ်ဖက်‌သောအဖွဲ့‌တွေမှာ ‌အောက်‌ခြေ‌ကော၊ အမိန့်‌ပေးတဲ့သူ‌တွေ‌ကော သူတို့မိသားစု‌တွေရှိကြ တယ်။ ငြိမ်းချမ်း‌ရေးကို အ‌သေအ‌ပျောက်နည်းတဲ့ ငြိမ်းချမ်းတဲ့နည်းလမ်း‌တွေကိုပဲ ရှာကြပါလို့ ကျ‌နော်တို့ ‌တောင်းဆိုပါတယ်။ ‌တောင်‌ပေါ်‌မြေပြန့် မခွဲခြားဘဲ ငြိမ်းချမ်း‌ရေးရရှိဖို့အတွက် ပြည်သူလူထု‌တွေအားလုံး ဝိုင်းဝန်းကူညီကြပါလို့ ‌ပြောချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ငြိမ်းချမ်း‌ရေး‌တေးများ လိုက်လံ‌ဖျော်‌ဖြေမှုများကို ကရင်ပြည်နယ်အတွင်း၌ ဖားအံ၊ ကျုံဒိုး၊ ‌ကော့ကရိတ်နှင့် မြဝတီမြို့များ ၌လည်း‌ကောင်း၊ ‌တောင်ငူ၊ ‌မော်လမြိုင်၊ ‌ရေး၊ ထားဝယ်၊ မြိတ်နှင့် ‌ကော့‌သောင်းမြို့များတွင်လည်း‌ကောင်း သွား‌ရောက်‌ဖျော်‌ဖြေ ခဲ့ကြရာ ‌ဒေသခံများ၏ ကြိုဆို‌ထောက်ခံမှုများနှင့် လိုက်လံကူညီမှုများရှိသည့်အပြင် အချို့မြို့များတွင် တက်ကြွစွာ ပါဝင်ပူး‌ပေါင်း မှုများလည်း ရှိသည်။

ဖားအံမြို့ခံ ကို‌ကျော်ကြီးက “လူငယ်များက ဒီလိုလုပ်‌ဆောင်ကြတာ‌တွေ့ရ‌တော့ ဦးတို့ အရမ်း‌လေးစားဂုဏ်ယူမိပါတယ်။ ဒါက တစ်ပြည်လုံးနဲ့ ဆိုင်တဲ့ဟာ‌တွေပဲ‌လေ။ ဒါ‌ပေမယ့် လူကြီး‌တွေက ဒါ‌တွေကို မလုပ်‌ဆောင်ရင်လည်း အား‌ပေးကူညီသင့်တဲ့ လှုပ် ရှားမှုတစ်ခုပါ။ ဦးတို့က‌တော့ လက်ခံကြိုဆိုတယ်”ဟု ‌ပြောသည်။

ငြိမ်းချမ်း‌ရေးရှိုက်သံ ဂစ်တာ‌ဖျော်‌ဖြေမှု ခရီးစဉ်တွင် ‌နှောက်ယှက်မှု တစုံတရာ မရှိ‌သော်လည်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူ များက လိုက်လံ‌စောင့်ကြည့်မှုများရှိသည်။ အဆိုပါလှုပ်ရှားမှုကို ရန်ကုန်မြို့တွင်လည်း တိုင်းနှင့်ပြည်နယ်မှ လူငယ်များ ပြန်လည် ‌ပေါင်းဆုံ၍ ဂစ်တာအလုံး သုံးရာ‌ကျော်နှင့် တဆင့်ချင်း ထပ်မံ ‌ဖျော်‌ဖြေသွားရန်ရှိ‌သေး‌ကြောင်း သိရသည်။