Home သတင်း ကရင်တိုင်းရင်းသား ရပိုင်ခွင့်များ အစိုးရသစ် အပြည့်အဝ လုပ်‌ဆောင်‌ပေးရန် ဝင်း‌ရော်‌ဒေသ ကရင်နှစ်သစ်ကူး‌ကော်မတီ ‌တောင်းဆို

ကရင်တိုင်းရင်းသား ရပိုင်ခွင့်များ အစိုးရသစ် အပြည့်အဝ လုပ်‌ဆောင်‌ပေးရန် ဝင်း‌ရော်‌ဒေသ ကရင်နှစ်သစ်ကူး‌ကော်မတီ ‌တောင်းဆို

2169
ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

မကြာခင်ဖြစ်လာမည့် အစိုးရသစ်အ‌နေဖြင့် ကရင်တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို အပြည့်အဝ လုပ်‌ဆောင်‌ပေးရန် လိုလား ‌ကြောင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် တိုက်နယ်တွင် ဇန်နဝါရီလ ၁ဝရက်‌နေ့က ကျင်းပ‌သော (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်၌ ဝင်း‌ရော်‌ဒေသ ကရင်နှစ်သစ်ကူး ကျင်းပ‌ရေး‌ကော်မတီက ‌တောင်းဆိုလိုက်သည်။

ဝင်း‌ရော်‌ဒေသ ကရင်နှစ်သစ်ကူး ကျင်းပ‌ရေး‌ကော်မတီ နာယက မန်းတင်ငြိမ်းချမ်းက “ဟိုတုန်းကနဲ့ အခုချိန်မှာ ကရင်နှစ်သစ်ကူး ကျင်းပရတာ အများကြီး ‌ပြောင်းလဲလာပါတယ်။ အရင်ကဆို ရင်တမမနဲ့ ကျင်းပခဲ့ရတယ်။ ဒီအပစ်အခတ်ရပ်စဲ‌ရေး လုပ်ပြီး တဲ့‌နောက်ပိုင်းမှာ လွတ်လွတ်လပ်လပ်နဲ့ ကျင်းပလာနိုင်တယ်။ မကြာခင်တက်လာမယ့် အစိုးရသစ်လက်ထက်မှာလည်း ကျ‌နော် တို့ ‌တောင်းဆိုချင်တာက‌တော့ စာ‌ပေ၊ ယဉ်‌ကျေးမှု ရိုးရာဓ‌လေ့ထုံးတမ်း‌တွေကို ထိန်းသိမ်းမြှင့်တင်ဖို့ရယ်၊ ကရင်တိုင်းရင်းသား ‌တွေရဲ့ ရပိုင်ခွင့်‌တွေကို အပြည့်အဝ လုပ်‌ဆောင်‌ပေးဖို့ ‌မျှော်လင့်ပါတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ကရင်လူမျိုးများအ‌နေဖြင့်လည်း နှစ်သစ်ကူးနှင့်အတူ ယခင်ဆိုးရွားသည့် အ‌တွေးအ‌ခေါ်များ၊ မိုက်မှား‌သော အ‌တွေး အမြင်များကို ပယ်ချပြီး နှစ်သစ်မှာ သစ်လွင်သည့်အမြင်များနှင့်အတူ စည်းစည်းလုံးလုံး၊ ခိုင်ခိုင်မာမာ လက်တွဲပြီး အတူတကွ ပူး ‌ပေါင်း‌ဆောင်ရွက်ကြရန် နာယက မန်းတင်ငြိမ်းချမ်းက ဖြည့်စွက်‌ပြောဆိုသည်။

နံနက် ၇နာရီတွင် စတင်ကျင်းပသည့် ၎င်းနှစ်သစ်ကူးပွဲ‌တော် အခမ်းအနားတွင် ကရင်အမျိုးသားအလံ‌တော် လွှင့်ထူခဲ့ခြင်း အပါ အဝင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်(ယာယီ) ‌စောဝင်းထိန်၊ KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒို‌စော‌ရွှေ‌မောင်းတို့ ‌ပေးပို့လာ‌သော သဝဏ်လွှာများနှင့် ကရင်အမျိုးသားနှစ်သစ်ကူး ဖြစ်‌ပေါ်လာပုံတို့ ကို ဖတ်ကြားခဲ့ကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးစိုးဝင်းက “ကရင်နှစ်သစ်ကူး‌နေ့ဆိုတဲ့ အနက်အဓိပ္ပာယ်က‌တော့ ကရင်တိုင်းရင်းသား ‌တွေရဲ့ ရိုးသားတဲ့စိတ်ဓာတ် သစ္စာရှိခြင်း၊ မွန်မြတ်တဲ့အတူတကွ ပူး‌ပေါင်း‌ဆောင်ရွက်ခြင်း စတဲ့ နှစ်စဉ်နှစ်စဉ် မိမိတို့ရဲ့ ရိုးရာယဉ် ‌ကျေးမှု‌တွေကို နှစ်‌ဟောင်းက‌နေ နှစ်သစ်ကို ကူး‌ပြောင်းတဲ့အခါမှာ ကွယ်‌ပျောက်မှုမရှိ‌အောင် တိုင်းရင်းသားအလွှာ‌ပေါင်းစုံက‌နေ ပူး‌ပေါင်းပြီး လာ‌ရောက်ရခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ်ကျ‌ရောက်‌သော (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ‌နောင်တ ‌ကော၊ ခလယ်-တံခွန်တိုင်၊ ဘုရားသုံးဆူ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကရင်တိုင်းရင်းသားများ‌နေထိုင်သည့် မြို့နယ်၊ ‌ဒေသအသီးသီးအပြင် နယ်စပ်‌ဒေသနှင့် ပြည်ပ‌ရောက် ကရင်တိုင်းရင်းသားများကလည်း ပြုလုပ်ကျင်းပခဲ့ကြသည်။

ကြားအင်းဆိပ်ကြီးမြို့နယ် ခလယ်-တခွန်တိုင် တိုက်နယ်တွင် ကျင်းပ‌သော( ၇၈) ကြိမ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်သို့ ကြာအင်းဆိပ်ကြီးမြို့နယ်အုပ်ချုပ်‌ရေးမှူး၊ နယ်ခံ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များ၊ ဝင်း‌ရော်‌ဒေသ ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ ‌ရေး‌ကော်မတီဝင်များ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် ရွာသူရွာသားများ အပါအဝင် စုစု‌ပေါင်း ပရိဿတ် (၁,၀၀၀)‌ကျော် တက် ‌ရောက်ဆင်နွှဲခဲ့ကြသည်။

ကရင်အမျိုးသားတို့၏ ‌နေ့ထူး‌နေ့မြတ်‌နေ့ဖြစ်‌သော ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို ကရင်‌ခေါင်း‌ဆောင်များ၏ ခက်ခက်ခဲခဲ ကြိုးပမ်းမှု‌ကြောင့် ၁၉၃၈ခုနှစ်တွင် အဂင်္လိပ်အစိုးရက လွှတ်‌တော်၌ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။