Home သတင်း ဖွဲ့စည်းပုံပြင်ဆင်မှသာ အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေးကို ရရှိမည်ဟု ‌ကေအဲန်ယူ ဥက္ကဋ္ဌ ‌ပြောဆို

ဖွဲ့စည်းပုံပြင်ဆင်မှသာ အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေးကို ရရှိမည်ဟု ‌ကေအဲန်ယူ ဥက္ကဋ္ဌ ‌ပြောဆို

2353
ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို လိုအပ်သလို ပြင်ဆင်မှသာ အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေးနှင့် ဖက်ဒရယ် ပြည်‌ထောင်စု ထူ‌ထောင်ရန် ‌သေချာ‌စေမည်ဖြစ်သည်ဟု ‌နေပြည်‌တော်၊ MCC-2 ခန်းမ၌ ယ‌နေ့ နံနက် ၉နာရီမှ ၁၁နာရီထိ ပြုလုပ်သည့် ပြည် ‌ထောင်စု ငြိ်မ်းချမ်း‌ရေး ညီလာခံပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက အဖွင့် အမှာစကား ‌ပြောကြားခဲ့သည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်၊ နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်၊ ပြည်‌ထောင်စုလွှတ်‌တော် နာယက သူရဦး‌ရွှေမန်း၊ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူ များ၊ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၊ နိုင်ငံ‌ရေးပါတီများ၊ တတ်သိပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်း အချို့ အပါအဝင် စုစု‌ပေါင်း လူ ၁၀၀ဝခန့် တက်‌ရောက်သည့် ၎င်းညီလာခံတွင် ‌ကေအဲန်ယူ ဥက္ကဌက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ် သည်။

“တင်ပြချင်တာတာက‌တော့ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို လိုအပ်သလို ပြင်ဆင်ပြီးမှသာ လုံခြုံစိတ်ချနိုင်တဲ့ အမျိုးသား ပြန်လည်ရင်ကြား‌စေ့‌ရေးကို ရရှိမှာဖြစ်ပြီး ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက် ‌ရေးကို ‌သေချာ‌စေမှာ ဖြစ်တယ်လို့ ‌ထောက်ပြလိုပါတယ်”ဟု ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ထည့်သွင်း‌ပြော ကြားခဲ့သည်။

ထို့အပြင် ဖွဲ့စည်းပုံပြင်ဆင်‌ရေးတွင် လွှတ်‌တော်အတွင်း ဥပ‌ဒေနှင့် အညီပြင်ဆင်ခြင်းနှင့် လွှတ်‌တော် ပြင်ပပြင်ဆင်ခြင်း နည်း လမ်းနှစ်သွယ်ရှိပြီး လွှတ်‌တော်ပြင်ပလို့ ‌ပြောဆို၍ရသည့် ယခုငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်တွင် ပါဝင်ထိုက်သူများ ပါဝင်နိုင်သည့် လုပ်ငန်းစဉ်ဖြင့် လုပ်‌ဆောင်ခြင်းအားဖြင့် အမျိုးသား ပြန်လည်ရင်ကြား‌စေ့‌ရေးကို ရရှိ‌စေမည်ဖြစ်သလို ယင်းနှစ်ခုကို ချိန်ခွင်လျှာ ညှိလုပ်ကိုင်မှသာ အမှန်တကယ် ပဋိပက္ခ ချုပ်ငြိမ်းသည့် နိုင်ငံအဖြစ်သို့ ‌ရောက်ရှိမည်ဖြစ်‌ကြောင်း သူက ဆက်‌ပြောသည်။
IMG_4966 copy
အခမ်းအနားတွင် နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်ကလည်း အဖွင့်မိန့်ခွန်း‌ပြောကြားရာ၌ ယခု ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ သည် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအရ ‌နောက်တက်လာမည့် အစိုးရသစ်သို့ တာဝန် လွှဲ‌ပြောင်း‌ပေး‌ရေး လုပ်ငန်းစဉ်များတွင် အ‌ရေးကြီး လုပ်ငန်းစုတခုဖြစ်ပြီး ယခုညီလာခံသည် ကာလအပို်င်းအခြားတခုအ‌နေဖြင့် ‌ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒီမိုက‌ရေစီနှင့် ဖက်ဒရယ် စနစ်ကို အ‌ခြေခံသည့် ပြည်‌ထောင်စုကြီး တည်‌ဆောက်‌ရေးအတွက် ဖြစ်စဉ်အစပျိုး လုပ်‌ဆောင်သွားရန်လို‌ကြောင်း တိုက်တွန်း ‌ပြောဆိုခဲ့သည်။

အလားတူ NCA သည် ပြည်တွင်းငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အစပိုင်းသာဖြစ်ပြီး ယင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံး မပါဝင်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်များအကြားတွင် အချင်းချင်း စိတ်ဝမ်းမကွဲ‌အောင် လုပ်‌ဆောင်ရမည် ဖြစ်ကာ ၂၁ရာစုနှင့် လိုက်‌လျောညီ‌ထွေသည့် ပင်လုံညီလာခံမျိုးဖြစ်ရန်လိုသည်ဟုလည်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ‌ဒေါ် ‌အောင်ဆန်းစုကြည်က ‌ပြောဆိုခဲ့သည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံသို့ အစိုးရနှင့် လွှတ်‌တော်ကိုယ်စားလှယ်အစုအဖွဲ့၊ အစိုးရတပ်မ‌တော်အစုအဖွဲ့၊ တိုင်းရင်း သားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ အစုအဖွဲ့၊ နိုင်ငံ‌ရေးပါတီများ အစုအဖွဲ့များမှ တဖွဲ့လျှင် ၁၅ဝဦးစီ၊ တိုင်းရင်းသား ‌ခေါင်း‌ဆောင်များနှင့် တတ်သိပညာရှင် ကိုယ်စားလှယ် ၁၀ဝဦး၊ စုစု‌ပေါင်း ကိုယ်စားလှယ် ၇၀ဝဦးဖြင့် စတင် ‌ဆွေး‌နွေးသွားမည့် အပြင် အခြား‌လေ့လာသူများလည်း တက်‌ရောက်မည်ဖြစ်‌ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၂ရက်မှ ၁၉ရက်‌နေ့အထိ ငါးရက်ကြာပြုလုပ်မည့် ယင်းညီလာခံ၏ ယ‌နေ့ ဖွင့်ပွဲအခမ်းအနားအပြီး ‌နေ့လည်ပိုင်းတွင် အစုအဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် သဘာပတိများ‌ရွေးချယ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်သလို အစုအဖွဲ့ တဖွဲ့ချင်းစီအလိုက် ‌ဆွေး ‌နွေးပွဲကို ဇန်နဝါရီလ ၁၃ရက်‌နေ့မှသာ ဆက်လက်ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။