Home တွေ့ဆုံမေးမြန်းခန်း “ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံဟာ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်တဲ့ အမျိုးသားသ‌ဘောတူညီချက် ဖြစ်လိမ့်မယ်”

“ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံဟာ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်တဲ့ အမျိုးသားသ‌ဘောတူညီချက် ဖြစ်လိမ့်မယ်”

2079
နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုအ‌ပေါ် ပဒို ‌စောကွယ်ထူးဝင်း၏ ‌ကောက်နှုတ်ချက်

ဇန်နဝါရီ ၁၂ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ဇန်နဝါရီလ ၁၂ရက်မှ ၁၆ရက်‌နေ့အထိ ငါးရက်ကြာ ကျင်းပသွားမည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံကို ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)ဘက်က အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း ဦး‌ဆောင်သည့် ကိုယ်စားလှယ် ၁၈ဦး တက်‌ရောက်ခဲ့ကြသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်အရ ထွက်‌ပေါ်လာသည့် ၎င်းနိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များအ‌နေဖြင့် မည်သည့်အ‌ကြောင်းအရာကို အဓိက ‌ဆွေး‌နွေးသွားမည်ကို အစည်းအ‌ဝေးမတိုင်ခင် ပဒို‌စော ကွယ်ထူးအား ‌တွေ့ဆုံ‌မေးမြန်းထားသည်။
———————————————–

ကျ‌နော်တို့ နှစ်(၆၀)အတွင်း လှုပ်ရှား‌ဆောင်ရွက်ခဲ့တဲ့ လိုအပ်ချက် လိုလားချက်‌တွေကို ‌ပြောဆို‌ဆွေး‌နွေးဖို့အတွက် အခွင့်အ‌ရေး မရှိခဲ့ဘူး။ ကျ‌နော်တို့လူမျိုး ဘာလိုချင်လဲ။ ဘာ‌တွေကို ‌တောင်းတသလဲ။ ဘာအခွင့်အ‌ရေး‌တွေ ဆုံးရှုံး‌ပျောက်ကွယ်သလဲ ဆိုတာ ကို ‌ပြောဆို‌ဆွေး‌နွေးခွင့်ရှိတယ်။ ကရင်အမျိုးသားအစည်းအရုံး ‌ပေါ်‌ပေါက်လာတယ်ဆိုတာ လူနည်းစုက တိုက်ပွဲ‌တွေကို ‌မျှော် လင့်‌ပျော်ပါးလို့ စတင် တည်‌ထောင်ခဲ့တာ မဟုတ်ဘူး။ ကျ‌နော်တို့ အမျိုးသားသမိုင်း၊ အ‌တွေ့အကြုံ၊ ရင်ဆိုင်ရတဲ့ စိန်‌ခေါ်မှု၊ ပြီး ‌တော့ ဖိနှိပ်ညှင်းဆဲမှု ရင်ဆိုင်ရတာ‌တွေ‌ကြောင့် ကျ‌နော်တို့‌ခေါင်း‌ဆောင်ကိုယ်စားလှယ်‌တွေ စု‌ပေါင်းပြီး ကရင်အမျိုးသားအစည်း အရုံးဆိုတာကို ကျ‌နော်တို့အမျိုးသားကိုယ်စား ရပ်တည်ပြီး ကရင်လူမျိုး‌တွေကို စုစည်းဖို့နဲ့ ‌ရှေ့‌ဆောင်လမ်းပြ ဦး‌ဆောင်ဖို့၊ မိမိအ မျိုးသားလိုအပ်ချက်‌တွေကို လက်တွဲလုပ်‌ဆောင်ဖို့အတွက် စတင်တည်‌ထောင်ခဲ့တယ်။

အခုဆိုရင် ကျ‌နော်တို့က လက်နက်ကိုင်တိုက်ပွဲအဆင့်မှာ ရှိ‌နေတာဟာ မြန်မာတစ်ပြည်လုံးကို သိမ်းပိုက်ဖို့အတွက် မဟုတ်ဘူး။ ကျ‌နော်တို့ ကိုယ်ပိုင်အုပ်ချုပ်ပြဋ္ဌာန်းခွင့်ရှိတဲ့ ကရင်နယ်‌မြေ‌ဒေသတစ်ခု ရှိရမယ်။ ကျ‌နော်တို့ကရင်‌တွေ ကိုယ့်နယ်‌မြေ‌ဒေသအ တွင်းမှာ လူမျိုးတစ်မျိုးရဲ့အခွင့်အ‌ရေးအတိုင်း ရှိ‌နေရမယ်။ ဘဝဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်း ရှိမယ်။ ဒါ‌ကြောင့်မို့ အခုချိန် နိုင်ငံ ‌ရေးစကား‌ပြောမယ်ဆိုတာဟာ ကျ‌နော်တို့အတွက် အ‌ရေးကြီးတယ်။ ကရင်အမျိုးသားအစည်းအရုံးဟာ တစ်မျိုးသားလုံးရဲ့ကိုယ် စား၊ ရပ်တည်‌ဆောင်ရွက်ခဲ့တဲ့ အစည်းအရုံးဖြစ်တဲ့အတိုင်း တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် တိုင်း‌ရေးပြည်‌ရေးနဲ့ ကျ‌နော်တို့ ပြည်သူ ‌တွေရဲ့ လိုလားချက်‌တွေကို မဖြစ်မ‌နေ ‌ပြောဆို‌ဆွေး‌နွေးရမှာ ဖြစ်ပါတယ်။ ကျ‌နော်တို့လူမျိုး‌တွေဟာ မိမိအခွင့်အ‌ရေး၊ မိမိလိုအပ် ချက်ကို ‌ပြောဆိုတင်ပြ‌ဆွေး‌နွေးဖို့အတွက် အခွင့်အ‌ရေးရှိတယ်။ မိမိအခွင့်အ‌ရေးကို ပြစ်တင်‌ဝေဖန်စရာ အ‌ကြောင်းမရှိဘူး။ တချို့က အမျိုးမျိုးမြင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျ‌နော်တို့ရဲ့ လိုလားချက်‌တွေကို တစ်နိုင်ငံလုံးအဆင့်သာမက တစ်ကမ္ဘာလုံးရဲ့ ‌ရှေ့မှာ ‌ပြောဆို‌ဆွေး‌နွေးဖို့အတွက် အခွင့်အ‌ရေးရှိတယ်။ လက်နက်ကိုင်သည်ဖြစ်‌စေ၊ မကိုင်သည်ဖြစ်‌စေ အမျိုးသား‌ရေးအတွက် ‌ပြောဆို‌ဆွေး‌နွေးဖို့ အခွင့်အ‌ရေးဟာ ကျ‌နော်တို့လူမျိုးအတွက် အ‌ရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

အခု ‌ဆွေး‌နွေးမယ့် ကွန်ဖရင့်က ယ‌နေ့ မြန်မာနိုင်ငံမှာ စစ်အစိုးရဖြစ်တဲ့ အစိုးရ‌ဟောင်းက မိမိ စိတ်ကြိုက်‌ရေးဆွဲထားတဲ့ ဖွဲ့စည်း ပုံအ‌ခြေခံဥပ‌ဒေမှာပါတဲ့ စည်းမျဉ်းစည်းကမ်း‌တွေက ပြည်သူ‌တွေကို အကုန်လုံး အကျိုးပြုတာ မဟုတ်ဘူး။ အာဏာ‌တွေကလည်း စစ်သား‌တွေကို အဆင့်လိုက်‌ပေး‌နေ‌သေးတယ်။ ဒီမိုက‌ရေစီအခွင့်အ‌ရေး‌တွေ ရှိ‌နေတဲ့နိုင်ငံကို တည်‌ဆောက်‌နေပြီဆိုတာ မဟုတ် ‌သေးဘူး။ ဒီမိုက‌ရေစီလမ်း‌ကြောင်းအတိုင်း မသွား‌သေးဘူး။ ကျ‌နော်တို့ တိုင်းရင်းသား‌တွေက တိုင်းရင်းသားအခွင့်အ‌ရေး၊ ဒီမိုက ‌ရေစီအခွင့်အ‌ရေး‌တွေကို ‌တောင်းဆိုတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ကျ‌နော်တို့ကို လက်နက်၊ အင်အား‌တွေသုံးပြီး ဖိနှိပ်ခံရ တယ်။ ဒီညီလာခံမှာဆိုရင် လက်ရှိလွှတ်‌တော်အတွင်းမှာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ တည်ရှိ‌နေတဲ့အ‌ပေါ်မှာ ဖွဲ့စည်းပုံကို ပြင် ဆင်ဖို့အတွက် လွှတ်‌တော်ကိုယ်စားလှယ်‌တွေအတွက် အင်မတန် ခက်ခဲတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ဖွဲ့စည်းပုံရဲ့ စည်းမျဉ်း စည်းကမ်း‌တွေက ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ဖို့အတွက် ကြပ်တည်းတဲ့အတွက်‌ကြောင့် ဖြစ်တယ်။ စစ်သား (၂၅) ရာခိုင် နှုန်းက တစ်စက်က‌လေးမှ မပါဝင်ဘူးဆိုရင် ပြင်ဆင်ဖို့ ခက်ခဲတယ်။

ဒါ‌ပေမယ့် ကျ‌နော်တို့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်မယ်ဆိုတာ ‌ရွေး‌ကောက်ခံပြီးမှ လွှတ်‌တော်ထဲဝင်ပြီး ပြင်ဆင်မှာ မဟုတ်ဘူး။ လွှတ်‌တော်ပြင်ပမှာ ပြင်ဆင်‌ပြောဆို‌ဆွေး‌နွေးမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံကို ဘယ်လိုနည်းလမ်းနဲ့ တည်‌ဆောက်မလဲ။ ပြီး‌တော့ ဖွဲ့ စည်းပုံအ‌ခြေခံဥပ‌ဒေကို ဘယ်လိုပုံစံ ပြင်ဆင်မလဲဆိုတာကို ‌ဆွေး‌နွေးမယ်။ ‌နောက်ပိုင်း Union Peace Conference မှာ ဖွဲ့စည်း ပုံအ‌ခြေခံဥပ‌ဒေကို ‌ပြောဆို‌ဆွေး‌နွေးမယ်။ ရရှိလာမယ့် ရလဒ်အဆင့်ဆင့်‌ပေါ်မှာ နိုင်ငံ‌ရေးဥပ‌ဒေ၊ စည်းမျဉ်းစည်းကမ်း‌တွေကို ပြင် ဆင်တဲ့အခါ တိုင်းရင်းသား‌တွေရဲ့အ‌ခြေအ‌နေ၊ တိုင်းရင်းသား‌တွေရဲ့ လိုအပ်ချက်၊ တိုင်းသူပြည်သား‌တွေရဲ့ လိုလားချက်‌တွေအ တွက် အခွင့်အ‌ရေးရှိရတယ်။ ဒါဟာ နို်င်ငံကို ပြင်ဆင်တဲ့၊ ငြိမ်းချမ်‌ရေးတည်‌ဆောက်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ နည်းလမ်းဖြစ် တယ်။

သတ်မှတ်ထားတဲ့ ‌ပြောဆို‌ဆွေး‌နွေးမယ့် ‌ခေါင်းစဉ်ကြီး (၅)ခု ရှိတယ်။ နံပါတ်တစ်က နိုင်ငံ‌ရေးကိစ္စဖြစ်တယ်။ နိုင်ငံ‌ရေးမှာ ပါဝင် တာက ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနဲ့ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်၊ တည်‌ဆောက်ချင်တာ‌တွေ၊ ပြီး‌တော့ တိုင်းရင်းသားအခွင့်အ ‌ရေး၊ နိုင်ငံကို စီမံအုပ်ချုပ်မှု၊ တရားဥပ‌ဒေစိုးမိုး‌ရေးနဲ့ တိုင်း‌ရေးပြည်‌ရေး‌တွေ ပါဝင်တယ်။ နံပါတ်နှစ်က စီးပွား‌ရေးကိစ္စဖြစ်တယ်။ အခွန်‌ကောက်ခံခြင်းနဲ့ မျှ‌ဝေသုံးစွဲခြင်း၊ ‌ဒေသခံ တိုင်းရင်းသား‌တွေရဲ့စီးပွား‌ရေး‌ခေါင်းစဉ်‌တွေ အသီးသီး ရှိကြတယ်။ ‌ခေါင်းစဉ်ကြီး ‌တွေရဲ့‌အောက် ‌ခေါင်းစဉ်က‌လေး‌တွေက အများကြီး ရှိတယ်။ အဲဒါ‌တွေကို ပြည်‌ထောင်စု ကွန်ဖရင့်မှာ ‌ပြောဆို‌ဆွေး‌နွေးမယ်။ တခြား‌ခေါင်းစဉ်‌အောက်မှာဆိုရင် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ တိုင်းရင်းသားအ‌ရေးနဲ့ တိုင်း‌ရေးပြည်‌ရေး‌တွေ ပါမယ်။ ‌နောက်တစ်ခု က ယ‌နေ့ နိုင်ငံလုံခြုံ‌ရေးနဲ့ပတ်သက်ပြီး အစိုးရရဲ့တပ်မ‌တော်က လုံခြုံ‌ရေးအတွက် တင်ပြတယ်။ ဒါ‌ကြောင့်မို့ တိုင်းရင်းသား‌ဒေသ ‌တွေမှာ တိုက်ပွဲ‌တွေကို ဆင်နွှဲတယ်။ တိုင်းရင်းသားဘက်ကလည်း မိမိတို့ရဲ့ နိုင်ငံ‌ရေးရည်မှန်းချက်နဲ့ လူမျိုး‌ရေး‌တွေ‌ကြောင့် တိုက်ပွဲ‌တွေ ဖြစ်တယ်။ ဒီတိုက်ပွဲ‌တွေက ဒီနိုင်ငံထဲ ‌နေကြသူအချင်းချင်းကြားမှာပဲ တိုက်ခိုက်‌နေကြတာက နိုင်ငံ‌ရေးပြဿနာ‌တွေ ကို အဆင်‌ပြေ‌ချော‌မွေ့‌အောင် မ‌စေ့စပ်တဲ့အတွက်‌ကြောင့် ဖြစ်တယ်။ တိုက်ပွဲ‌တွေကို ရင်ဆိုင်ကြုံ‌တွေ့ရတဲ့ လူ‌တွေ သိန်းနဲ့ချီက တိုင်းတစ်ပါးကို လွှင့်စင်‌ရောက်ရတယ်။ ဒုက္ခသည်‌တွေဖြစ်ရတယ်။ ဒါ‌ကြောင့်မို့ နိုင်ငံလုံခြုံ‌ရေးဆိုတာ ဘာကို ‌ပြောမလဲ။

‌နောက်တစ်ခုက ‌မြေယာစီမံအုပ်ချုပ်မှု။ ယ‌နေ့ ကျ‌နော်တို့‌တွေ့ရတာက ‌မြေယာနဲ့ပတ်သက်ပြီး ရင်ဆိုင်ကြုံ‌တွေ့ရတာ‌တွေက ‌မြေယာ‌တွေကို အတင်းအဓမ္မ ယူတာ‌တွေ၊ တိုင်းရင်းသား‌မြေယာ‌ဒေသ‌တွေကို အတင်းအဓမ္မယူတာ‌တွေက တစ်နိုင်ငံလုံးမှာ ရင် ဆိုင်ကြုံ‌တွေ့‌နေရတယ်။ ဒါ‌ကြောင့်မို့ ‌မြေယာ‌တွေကို စီမံအုပ်ချုပ်တဲ့‌နေရာမှာ ဘယ်လိုလုပ်‌ဆောင်မလဲ။ တစ်ဆက်တည်းမှာပဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး‌တွေမှာ ဘယ်လိုလုပ်‌ဆောင်မလဲ။ အဲဒီ‌ခေါင်းစဉ် (၅)ခု‌အောက်မှာ အ‌ကြောင်းအရာ‌တွေ အများကြီးရှိတယ်။ ဒါ‌ကြောင့်မို့ ဒီ‌ဆွေး‌နွေးပွဲဟာ ဒီနိုင်ငံအတွက် အ‌ရေးကြီးတယ်။ ဘယ်လိုလုပ်‌ဆောင်သင့်လဲဆိုတာ ‌ပြောဆို ‌ဆွေး‌နွေးအ‌ဖြေရှာကြမယ်။ ‌ဆွေး‌နွေးအ‌ဖြေရှာတဲ့ ရလဒ်အ‌ပေါ်မှာ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံဟာ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ကို ပြင်ဆင်တဲ့ အမျိုးသားသ‌ဘောတူညီချက် ဖြစ်လိမ့်မယ်။