Home သတင်း ရပ်ကွက်အုပ်ချုပ်‌ရေးမှူး‌ရွေးရန် ကြီးကြပ်‌ရေး‌ကော်မတီကို အများဆန္ဒဖြင့် ပြန်ဖွဲ့စည်းခဲ့

ရပ်ကွက်အုပ်ချုပ်‌ရေးမှူး‌ရွေးရန် ကြီးကြပ်‌ရေး‌ကော်မတီကို အများဆန္ဒဖြင့် ပြန်ဖွဲ့စည်းခဲ့

1462

ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

ဖားအံမြို့၊ အမှတ်(၆)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ‌ရွေးချယ်‌ရေးအတွက် ကြီးကြပ်‌ရေး‌ကော်မတီကို အများဆန္ဒမပါဘဲ ဖွဲ့စည်းခဲ့ခြင်းအ‌ပေါ် ကန့်ကွက်မှုများ ရှိသည့်အတွက် အများဆန္ဒနဲ့အညီ ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု ၎င်းရပ်ကွက်အတွင်း ‌နေ ထိုင်ကြသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါရပ်ကွက်၏ အုပ်ချုပ်‌ရေးမှူးအသစ် ‌ရွေးချယ်‌ရေးအတွက် လက်ရှိအုပ်ချုပ်‌ရေးမှူးက မိမိသ‌ဘောဖြင့် ကြီးကြပ်‌ရေး‌ကော်မတီ ဖွဲ့စည်းခဲ့ခြင်းအ‌ပေါ်အခုလို ကန့်ကွက်ခံရခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၆ရက်‌နေ့တွင် ရပ်ကွက်အတွင်းရှိ အ.ထ.က (၄)‌ကျောင်း၌ အစည်းအ‌ဝေး‌ခေါ်ယူကာ အများဆန္ဒဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ယင်းရပ်ကွက်အတွင်း‌နေထိုင်သူ ကိုဗညား ထွန်းက အခုလို ‌ပြောသည်။

“ပထမက မြို့နယ်က ‌ရွေးချယ်‌ပေးထားတဲ့ ကြီးကြပ်‌ရေး ၅ဦးကို ရပ်ကွက်သားများက မကြိုက်ဘူး။ သူတို့နဲ့လည်း မဆိုင်ဘူး။ ပြန်ဖွဲ့ခိုင်းတယ်။ အဲဒီ‌တော့ မြို့နယ်အဖွဲ့‌တွေကလည်း အခုလို အများဆန္ဒနဲ့ ပြန်ဖွဲ့ရတာပါ။ ဒီမိုက‌ရေစီရဲ့စနစ်အစကို ‌တွေ့ရ‌တော့ ဂုဏ်ယူမိတယ်”ဟု ကိုဗညားက ‌ပြောသည်။

ထို့အပြင် ရပ်ကွက်အုပ်ချုပ်‌ရေးမှူး‌ရွေးချယ်ရာတွင် ကနဦးဖွဲ့စည်းရသည့် ကြီးကြပ်‌ရေး‌ကော်မတီကို လူမှန် ‌နေရာမှန်ဖြစ်‌စေ‌ရေး၊ အုပ်ချုပ်‌ရေးမှူး‌ရွေးချယ်‌ရေး လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အချိန်သက်သာ‌စေရန် မိမိသ‌ဘောဖြင့် ကြီးကြပ်‌ရေး‌ကော်မတီကို ‌ရွေး ချယ်ခဲ့ခြင်းဖြစ်‌သော်လည်း ယခုလို ကန့်ကွက်မှုများရှိသည့်အတွက် ပြန်လည်ဖွဲ့စည်း‌ပေးခဲ့ခြင်းဖြစ်သည်ဟု အမှတ် (၆)ရပ်ကွက် လက်ရှိအုပ်ချုပ်‌ရေးမှူး ‌စောထွန်းဝင်းက ‌ကေအိုင်စီသို ့‌ပြောသည်။

“ကျ‌နော်တို့ဖာသာ ကြီးကြပ်‌ရေးအဖွဲ့ကို ‌ရွေး‌ပေးလိုက်တာက‌တော့ လူမှန်၊ ‌နေရာမှန်ဖြစ်ချင်လို့ပါ။ အခုလို အများက သ‌ဘောမ တူဘူးဆို‌တော့ အများဆန္ဒအတိုင်း ဟုတ်သည်ဖြစ်‌စေ၊ မဟုတ်သည်ဖြစ်‌စေ ပြန်လည်ဖွဲ့‌ပေးတာပါ”ဟု ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ‌စောထွန်းဝင်းက ‌ပြောသည်။

အဆိုပါအုပ်ချုပ်‌ရေးမှူး ‌ရွေးချယ်‌ရေး‌ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားသို ့ဖားအံမြို့နယ်၊ အ‌ထွေ‌ထွေအုပ်ချုပ် ‌ရေးမှူး ဦးရဲနိုင် တက်‌ရောက်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ ‌ရွေးချယ်ပုံ အဆင့်ဆင့်ကို လူအများသိ‌စေရန် ရှင်းလင်း‌ပြောဆိုခဲ့ သည်။

လက်ရှိ ပြဌာန်းထားသည့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ ‌ရွေးချယ်သည့်ဥပ‌ဒေတွင် ကနဦး ရပ်ကွက်အတွင်း အများကြည်ညိုသည့် ရပ်မိရပ်ဖ ၅ဦးကို ကြီးကြပ်‌ရေး‌ကော်မတီအဖြစ် အများဆန္ဒဖြင့် ‌ရွေးချယ်ရမည်ဖြစ်သလို ဆယ်အိမ်စုတွင် ကိုယ်စားလှယ်တဦး နှုန်းဖြင့် ယင်းကိုယ်စားလှယ်များက ရပ်ကွက်အုပ်ချုပ်‌ရေးမှူးကို အများဆန္ဒဖြင့် ပြန်‌ရွေးချယ်‌ပေးရမည် ဖြစ်သည်။ ထို့‌နောက် ရာ အိမ်မှူး၊ ဆယ်အိမ်မှူးတို ့ကို အဆင့်ဆင့် ပြန်လည်‌ရွေးချယ်ရမည်ဟု ‌ဖော်ပြထားသည်။

ကရင်ပြည်နယ်တွင် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ ‌ရွေးချယ်ရန် ဒီဇင်ဘာလ ၁၈ရက်မှ စတင်လုပ်‌ဆောင်‌နေပြီး ၂၀၁၆ ဇန်နဝါရီ ၁ဝ ရက်‌နေ့အထိ ခရိုင်အဆင့်သို ့တင်ပြရမည်ဖြစ်ကာ လက်ရှိအုပ်ချုပ်‌ရေးမှူးများသည် ၂၀၁၆၊ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် သက် တမ်းကုန်ဆုံးမည်ဖြစ်သည်။