Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်ကဏ္ဍ

လူငယ့်ကဏ္ဍ

2201

“ကျက်‌ဖြေစနစ်ထက် ပိုအကျိုးရှိ‌စေနိုင်မယ့် စနစ်တစ်ခုဆီကို အတူတူ ‌လျှောက်လှမ်း‌စေချင်ပါတယ်”

အသက် ၂၈နှစ်အရွယ် ကရင်လူငယ် ‌စော‌ကျော်‌ဝေဟင်ကိုကိုဟာ မင်းဘူးမန်း ဓာတ်အား‌ပေးစက်ရုံမှာ အငယ်တန်း အင်ဂျင်နီယာ(၂) ရာထူးနဲ့ တာဝန်ထမ်း‌ဆောင်‌နေသူဖြစ်ပါတယ်။ သူဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်‌ကျေးရွာ ဇာတိဖြစ်ပြီး မိဘ‌တွေက‌တော့ ‌စောမြဝင်းနဲ့ ‌ဒေါ်‌ငွေသိန်းတို့ပဲ ဖြစ်ပါတယ်။ ‌မောင်နှမ‌လေး‌ယောက်မှာ အကြီးဆုံးဖြစ်ပြီး နယ်စပ် ‌ဒေသ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြို‌ရေး ဒီဂရီ‌ကောလိပ်(မန္တ‌လေး)နဲ့ မန္တ‌လေးနည်းပညာတက္ကသိုလ်‌တွေမှာ ပညာသင် ကြားခဲ့ကာ နည်းပညာပိုင်းကို စိတ်ဝင်စားခဲ့သူလည်း ဖြစ်ပါတယ်။

“ကျ‌နော် ငယ်ငယ်‌လေးကတည်းက က‌လေးကစားစရာ စက်ရုပ်‌တွေနဲ့ ဒီနည်းပညာတီထွင်ရတဲ့ ပစ္စည်း‌တွေကို စိတ်ဝင်စားခဲ့ တယ်။ တစ်‌နေ့ကျရင် ဒီနည်းပညာကို ဖန်တီးမယ်ဆိုပြီး ခဏခဏ စိတ်ကူးခဲ့တယ်”လို့ သူက ဆိုပါတယ်။
အခု သူ တီထွင်ဖန်တီးထားတဲ့ (Self-balance Robot)‌တော့ ဘီးနှစ်ဘီးနဲ့ ‌ရှေ့‌နောက် အလိုအ‌လျောက်‌ရွေ့လျားပြီး ကိုယ်တိုင် လဲမကျ‌အောင် ထိန်း‌ပေးတဲ့ စက်ရုပ်က‌လေးပါ။ သူ့ရဲ့အတွင်းပိုင်းမှာ အလိုအ‌လျောက် ထိန်းချုပ်စနစ်‌တွေ ပါဝင်ပြီး (Face recognized door system)က‌တော့ တံခါး‌ပေါက်တစ်ခုပါမယ်။ ပြီးရင် camera တစ်ခုပါမယ်။ တံခါးဖွင့်ဝင်မယ့်လူက camera ‌ရှေ့က‌နေ အရင် ရပ်ရပါမယ်။ အဲဒီအချိန်မှာ computer ဝင်‌ရောက်ခွင့်ရှိသူ ဟုတ်မဟုတ် ဆိုတာကို camera က‌နေတဆင့် မျက် နှာပုံစံကြည့်ပြီး ဆုံးဖြတ်ချက်ချပြီး တံခါးကိုဖွင့်‌ပေးမှာ ဖြစ်တယ်လို့ သူက ‌ပြောပြပါတယ်။

သူ့အ‌နေနဲ့ စက်ရုပ်‌တွေ တီထွင်တဲ့အပြင် တစ်ခြား computer program ‌တွေ‌ရေးတယ်။ ပြီး‌တော့ Embedded Technology ‌ခေါ် Electronic Circuit ‌တွေကို Program ‌ရေးသားခြင်းအ‌ခြေခံပြီး အ‌ဝေးထိန်းစနစ်နဲ့ ပျံသန်းတဲ့ ပန်ကာ‌လေးလုံးတပ် ယာဉ် ငယ်(Quad copter)‌တွေကိုလည်း တီထွင်‌နေပါတယ်။ ဒီ (Quad copter) ပန်ကာ‌လေးလုံးတပ်ယာဉ်ငယ်ရဲ့ အတွင်းပိုင်းမှာ ထိန်းချုပ်မှုစနစ် ပါရှိပါတယ်။ Gyro sensor အသုံးပြု program ရယ်၊ configure လုပ်‌ပေးမယ့် computer ‌ဆော့ဖ်ဝဲ‌လေးရယ် ‌ပေါင်းစပ်ပြီး‌တော့ ‌မောင်းနှင်ရတာမို့ ဒါက ရိုက်ကူး‌ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အသုံးဝင်‌ကြောင်း ဆိုပါတယ်။ ဒါ့အပြင် သူက Open source project ‌တွေကိုလည်း ‌လေ့လာ‌နေသလို မြန်မာလို‌ပြောပြီး English လို ပြန်‌ဖြေ‌ပေးတဲ့ စက်ရုပ်တစ်ခု ထပ်ပြီး ဖန်တီးထားတာ ရှိပါတယ်။
2
ဒါ့အပြင် ‌လော‌လောဆယ် အမြင်စနစ်ပါရှိမယ့် စက်ရုပ်လက်(Vision based robot arm) ဒီဇိုင်းကို ရိုးရှင်းလွယ်ကူတဲ့ ပုံစံမျိုးနဲ့ servo motor ၅လုံး ‌မောင်းနှင်တာမျိုး ပြုလုပ်‌နေပါတယ်။ မျက်လုံးကို‌တော့ ရိုးရိုး Webcam နဲ့ပဲ ပြုလုပ်ထားပြီး အဓိက ထိန်း ချုပ်မှုအပိုင်းကို‌တော့ computer က လုပ်‌ဆောင်‌ပေးပါတယ်။ ပြီး‌တော့ လက်ရှိ ‌ရေပန်းစား‌နေတဲ့ Adriano priming နဲ့ computer Software ချိတ်ဆက်ပြီး စက်ရုပ်လှုပ်ရှားမှု‌တွေကို ထိန်းချုပ်‌မောင်းနှင်‌စေမှာ ဖြစ်တယ်။ ဒီ Vision based robot arm စက်ရုပ်‌လေးက မိမိ‌ရှေ့ သတ်မှတ်ထားတဲ့ ဧရိယာအတွင်းက ပစ္စည်း‌တွေကို မိမိကိုယ်တိုင်ရှာ‌ဖွေပြီး ‌ကောက်ယူသွားမှာ ဖြစ်ပါတယ်။ ဒီ computer နဲ့ Manual စနစ်က ‌မောင်းနှင်စမ်းသပ်မှုအပြီးမှာ လိုချင်တဲ့အတိုင်းအတာနဲ့ တိတိကျကျ လုပ်‌ဆောင် နိုင်တာကို မြင်ရပါတယ်လို့ ‌စော‌ကျော်‌ဝေဟင်က ‌ပြောပါတယ်။

အခုလို စက်ရုပ်နည်းပညာတီထွင်မှုနဲ့ ပတ်သက်လို့ သင်တန်းဟာ သူ့အတွက် လမ်းပြ‌ပေးရုံ‌လောက်သာဖြစ်ပြီး သင်ဆရာထက် မြင်ဆရာ‌တွေက ပိုများတဲ့အပြင် လက်‌တွေ့မှာ အခက်အခဲ‌တွေ အများကြီး ‌ကျော်ဖြတ်ခဲ့ရတယ်လို့လည်း ‌ပြောပါတယ်။ “သင် တန်း‌တွေက အင်တာနက်ဝက်ဘ်ဆိုဒ်‌ပေါ်မှာ တင်ထားတဲ့ အချက်အလက်‌တွေ ‌လေ့လာတယ်။ ပြီး‌တော့ ဆရာသမား‌တွေဆီက လည်း အကြံဉာဏ်ရယူတယ်။ ကိုယ် ကိုယ်တိုင်ပဲ ‌လေ့လာယူတာ ပိုများတယ်‌ပေ့ါ။ ကျ‌နော် အခု တီထွင်ဖန်တီး‌နေတဲ့ နည်း ပညာ‌တွေအတွက် လိုအပ်တဲ့ပစ္စည်း‌တွေ၊ လိုအပ်တဲ့ အစိတ်အပိုင်း‌တွေကို Online က‌နေ ရှာ‌ဖွေမှာယူပါတယ်။ တချို့က‌တော့ Myanmar future science, Hobby king, Green, Techno Halo, Circuit World ဆိုင်‌တွေမှာ ဝယ်ယူပါတယ်”

‌စော‌ကျော်‌ဝေဟင်ကိုကိုဟာ သူ ဖန်တီးတီထွင်ထားတဲ့ ပစ္စည်း‌တွေကို နည်းပညာပြပွဲမှာ သွားပြဖို့ စီစဉ်ထား‌ပေမဲ့ ‌လော‌လောဆယ်မှာ လုပ်ငန်းတာဝန်ကတစ်ဖက်၊ စာ‌မေးပွဲကလည်းရှိ‌နေ‌တော့ မလုပ်ဖြစ်‌သေးပါဘူး။ သို့‌သော် နည်းပညာကိုစိတ်ဝင်စားတဲ့ အနာဂတ် လူငယ်‌တွေ တစ်ကယ်ဖြစ်ချင်တယ်ဆိုရင်‌တော့ ကိုယ်တိုင်အားထုတ်မှုက ပို အဓိကကျတာ‌ကြောင့် သင်တန်း‌တွေချည်း အားကိုး မ‌နေဘဲ တတ်စွမ်းသ‌ရွေ့ ကြိုးစား‌စေချင်တယ်လို့ သူက ဆိုပါတယ်။ အခုဆိုရင် လူငယ်‌တွေအတွက် တီထွင်မှုစွမ်းရည်ဆိုင်ရာ ပြိုင်ပွဲ‌တွေရှိလာပြီမို့ အဲဒီအထဲမှာ ညီငယ်‌တွေ ညီမငယ်‌တွေ ပါဝင်‌စေချင်သလို ကျက်‌ဖြေစနစ်ထက် ပိုအကျိုးရှိ‌စေနိုင်မယ့် စနစ် တစ်ခုဆီကို အတူတူ ‌လျှောက်လှမ်း‌စေချင်ပါတယ်လို့ တိုက်တွန်းထားပါတယ်။