Home သတင်း ကိုယ်ထူကိုယ်ထ စု‌ပေါင်း‌ကျောင်းသားအားကစားပွဲ‌တော်တွင် ‌ကျေးရွာ ၇ရွာမှ စာသင်‌ကျောင်းများပါဝင်

ကိုယ်ထူကိုယ်ထ စု‌ပေါင်း‌ကျောင်းသားအားကစားပွဲ‌တော်တွင် ‌ကျေးရွာ ၇ရွာမှ စာသင်‌ကျောင်းများပါဝင်

1791

ဒီဇင်ဘာ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

‌ကျောင်းသူ‌ကျောင်းသားများ အချင်းချင်း ချစ်ခင်ရင်းနှီး‌စေရန် ရည်ရွယ်၍ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် စု‌ပေါင်း ‌ကျောင်းသားအားကစားပွဲ‌တော်ကို ဒီဇင်ဘာ ၂၁ရက်မှ ၂၇ရက်‌နေ့အထိ ကြိတ်‌ကျေးရွာ အ.လ.က ‌ကျောင်းခွဲ၌ ပြုလုပ်ကျင်းပရာ ‌ကျေးရွာ ၇ရွာမှ စာသင်‌ကျောင်းများ ပါဝင်ခဲ့ကြသည်။

ပွဲ‌တော်စီစဉ်သူ ကြိတ်‌ကျေးရွာ ‌ကျောင်း‌ကော်မတီဥက္ကဋ္ဌ မန်းကြည်ခင်က “ကျ‌နော်တို့မျိုးဆက်သစ်က‌လေး‌တွေရဲ့ အနာဂတ် တိုးတက်လာဖို့အတွက် စဉ်းစားပြီး‌တော့ ဒီအားကစားပွဲ‌တော်ကို ပြုလုပ်တာဖြစ်တယ်။ ‌ကျောင်းသားလူငယ်‌တွေ အားကစားဖက် မှာ ထူးချွန်လာဖို့လည်း ဟုတ်တယ်။ သူတို့‌တွေအချင်းချင်း ဆုံဆည်းရာမှာ အရှက်အ‌ကြောက် မရှိ‌စေဖို့ အဲဒါ‌တွေကို ရည်ရွယ်ပြီး ‌တော့ အဓိက ကျင်းပပြုလုပ်တာဖြစ်ပါတယ်။״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရနှင့် မည်သည့်အဖွဲ့အစည်းများ၏ အကူအညီမှမပါဘဲ ပြုလုပ်ကျင်းပသည့် အဆိုပါပွဲ‌တော်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြိတ်၊ ပိုင်ခလန်ဒုံ၊ ‌ကော့ဆိုင်၊ အစွန်း၊ အစွန်း(အထက်)၊ လန်းဖါးနှင့် မိကသို‌ကျေးရွာ စာသင်‌ကျောင်းများမှ ‌ကျောင်းသူ‌ကျောင်း သား ၃၀၀‌ကျော် ပါဝင်ဆင်နွဲခဲ့ကြသည်။

၎င်းစာသင်‌ကျောင်းများသည် အစိုးရပညာ‌ရေးဋ္ဌာန လက်‌အောက်ခံ‌ကျောင်းများဖြစ်‌သော်လည်း ‌ကျောင်းသားပွဲ‌တော်အတွက် လက်ခံကျင်းပသည့် ‌ကျေးရွာက ‌နေရာအခင်းအကျင်း၊ အားကစားပစ္စည်း၊ အစားအ‌သောက် စရိတ်အားလုံး အကုန်ကျခံပြီး ‌ကျောင်းသားအားကစားဝတ်စုံကိုမူ သက်ဆိုင်စာသင်‌ကျောင်းများကသာ စီစဉ်‌ပေးခြင်းဖြစ်‌ကြောင်း ပွဲစီစဉ်သူများက ‌ပြောသည်။

‌ကော့ဆိုင်‌ကျေးရွာ အ.မ.က(လွန်)‌ကျောင်းအုပ် မန်းသိန်းညွန့်က သက်ဆိုင်ရာ ‌ကျောင်း‌ကော်မတီ၊ ‌ကျေးရွာအုပ်ချုပ်သူများနှင့် တိုင်ပင်‌ဆွေး‌နွေးရမည်ဖြစ်သည့်အတွက် စည်းလုံးညီညွှတ်မှုမရှိပါက အခက်အခဲပိုကြုံ‌တွေ့နိုင်ပြီး အစားအ‌သောက် ပြည့်စုံရန်အ တွက် ရွာသူရွာသားများ အချင်းချင်း ‌ဆွေး‌နွေးတိုင်ပင်မှု‌ပြေလည်မှ ပွဲဖြစ်‌မြောက်မည်ဖြစ်‌ကြောင်း ‌ပြောဆိုသည်။

တစ်ပတ်ကြာ ကျင်းပပြုလုပ်သည့် ၎င်း‌ကျောင်းသားပွဲ‌တော်တွင် အမျိုးသမီး၊ အမျိုးသား ‌ဘောလုံးပြိုင်ပွဲ၊ ‌ဘော်လီ‌ဘောပြိုင်ပွဲ၊ ပိုက်‌ကျော်ခြင်းပြိုင်ပွဲ၊ အ‌ပြေးပြိုင်ပွဲ၊ ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်များအပြင် ‌ကျောင်းဆရာများနှင့် ‌ကျေးရွာလူငယ်များ ချစ်ကြည်‌ရေး ‌ဘောလုံးပြိုင်ပွဲလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ကြိတ်‌ကျေးရွာ အ.လ.က(ခွဲ)မှ ‌ကျောင်းသား စဆို‌ဖော့တန်က “သူငယ်ချင်း‌တွေ အများကြီး‌တွေ့ဆုံတဲ့အတွက် အရမ်းဝမ်းသာ တယ်။ အခုလို သူငယ်ချင်း‌တွေ အများကြီး‌တွေ့ဆုံမှုကို နှစ်တိုင်းဆုံချင်တယ်။ နှစ်တိုင်းသာ စီစဉ်‌ပေးရင် ကျ‌နော်တို့လည်း နှစ် တိုင်း ဆုံနိုင်မှာဖြစ်တယ်။ ဝမ်းသာတာ‌ပေါ့။ ဒီလို အားကစားပွဲ‌တော်မျိုး နှစ်တိုင်းသာရှိရင် စာသင်‌ကျောင်းတစ်‌ကျောင်းနဲ့ တစ် ‌ကျောင်းက ‌ကျောင်းသား‌တွေ ပိုပြီး သိကျွမ်းလာကြမယ်။״ဟု ‌ပြောသည်။

ယခင်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့၌ ကျင်းပ‌သော ‌ကျောင်းသားအားကစားပွဲ‌တော်များတွင် ၎င်းစာသင်‌ကျောင်းများ သွား‌ရောက်ပူး‌ပေါင်းမှုရှိခဲ့‌သော်လည်း လွန်ခဲ့သည့် သုံးနှစ်မှစ၍ ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် အလှည့်ကျ ကျင်းပလာခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ်က မိကသို‌ကျေးရွာက အိမ်ရှင်အဖြစ်လည်း‌ကောင်း၊ လာမည့်၂၀၁၆ခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ၄ကြိမ် ‌မြောက် ‌ကျောင်းသားပွဲ‌တော်ကို အစွန်း‌ကျေးရွာက လက်ခံကျင်းပရန် အလှည့်ကျမည်ဖြစ်သည်ဟု သိရသည်။