Home သတင်း တိုင်းရင်းသားအားလုံး NCA လက်မှတ်‌ရေးထိုးရန် ကရင်ပြည်သူနှင့် နိုင်ငံ‌ရေးပါတီအချို့လိုလား

တိုင်းရင်းသားအားလုံး NCA လက်မှတ်‌ရေးထိုးရန် ကရင်ပြည်သူနှင့် နိုင်ငံ‌ရေးပါတီအချို့လိုလား

2189

နိုဝင်ဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

လက်ရှိ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တို့အကြား ပြုလုပ်‌နေသည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)တွင် တိုင်းရင်းသားအား လုံး ပါဝင်လက်မှတ်‌ရေးထိုးရန် လိုလား‌ကြောင်း နိုဝင်ဘာလ ၃ရက်‌နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၌ ပြုလုပ်သည့် NCA လက် မှတ်‌ရေးထိုးမှု ‌ထောက်ခံကြိုဆိုပွဲ အခမ်းအနားတွင် မြဝတီမြို့နယ်ရှိ ကရင်လူထုနှင့် ကရင်နိုင်ငံ‌ရေးပါတီမှ ကိုယ်စားလှယ်အချို့ က ‌ပြောဆိုလိုက်သည်။

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)မှ မြဝတီမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း မန်း‌ဇော်မင်းသိန်းက “အဲန်စီ ‌အေဆိုတာ (Nationwide) ဖြစ်တယ်။ အခုက တစ်ဝက်ပဲဖြစ်‌သေးတယ်။ Half Nationwide, နှစ်ပိုင်းတစ်ပိုင်း အဲန်စီ‌အေ ‌လောက်ပဲ ယူဆတာ‌ပေါ့‌လေ။ လက်ရှိ အ‌နေအထားရဆိုရင်‌ပေါ့။ အဲန်စီ‌အေ အစစ်အမှန်ဖြစ်လာဖို့က လက်မှတ်မထိုးရ‌သေးတဲ့ အဖွဲ့‌တွေက နှစ်ဦးနှစ်ဖက်ညှိနှိုင်းဖို့ ‌မျှော်လင့်တယ်။ ပြည်သူ‌တွေလည်း ထိုနည်းတူပဲ ‌မျှော်လင့်မယ်လို့ ယူဆတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

၎င်းအပြင် NCA ‌ထောက်ခံကြိုဆိုပွဲ အခမ်းအနား သဘာပတိဖြစ်သူ မြဝတီမြို့၏ ရပ်မိရပ်ဖိ ‌စော‌အေးမြိုင်ကလည်း လက်မှတ်မ ထိုးရ‌သေးသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများပါ (အန်စီ‌အေ) လက်မှတ်‌ရေးထိုးမှုတွင် ပါဝင်‌ပေးကြပါရန် ‌မေတ္တာရပ်ခံ‌ကြောင်း၊ နိုင်ငံ‌တော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား ညှိနှိုင်း‌ဆွေး‌နွေးမှသာ စစ်မှန်‌သော ငြိမ်း ချမ်း‌ရေးကို ‌ဖော်‌ဆောင်နိုင်မည်ဖြစ်‌ကြောင်း အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း‌ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်(NCA)ကို ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၅ရက်‌နေ့က ‌ကေအဲန်ယူ အပါအဝင် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ KNU/KNLA-ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ သျှမ်းပြည် ပြန်လည် ထူ‌ထောင်‌ရေး‌ကောင် စီ (RCSS/SSA)၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PNLO၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါ တီ-ALP နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF စသည်ါ လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၈ဖွဲ့က လက်မှတ်‌ရေးထိုးခဲ့‌သော်လည်း လက်မှတ်မ‌ရေးထိုးခင်အချိန်ကစ၍ ယခုရက်ပိုင်းအထိ ကချင်၊ သျှမ်း၊ ပ‌လောင်‌ဒေသများ တွင် အစိုးရတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။
DSC03660
ယခုကိစ္စအ‌ပေါ် NCA ‌ထောက်ခံပွဲအခမ်းအနားသို့ တက်‌ရောက်လာသည့် KNU တပ်မဟာ(၇)ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စော‌ဖောဒိုက “သူတို့ လက်မှတ်မထိုးနိုင်‌သေးတဲ့ အ‌နေအထားက‌တော့ သူတို့မှာလည်း သူတို့ အခက်အခဲရှိတယ်‌လေ။ KNU ကိုပဲ ကျ‌နော်တို့ ကြည့်မယ်။ ဒီလက်မှတ်ထိုးတာကို အမြင်မတူ‌သေးတာ ရှိ‌နေတယ်ဆိုတာ ခင်ဗျားတို့လည်းအသိ ဖြစ်တယ်။ အဲ‌တော့ ဒါ‌တွေဟာ တဖြည်းဖြည်း အားလုံးက ယုံကြည်လက်ခံနိုင်‌အောင် ဆက်လုပ်သွားရမှာ‌တော့ နိုင်ငံ‌တော်အကြီးအကဲနဲ့ လက်နက်ကိုင်အကြီး အကဲ‌တွေ ‌ဖော်‌ဆောင်‌နေတဲ့ အပစ်အခတ်ရပ်စဲ‌ရေးက ကျန်တဲ့အဖွဲ့အစည်း‌တွေ ယုံကြည်‌အောင် လုပ်သွားမှာဖြစ်တယ်။”ဟု ‌ပြောသည်။

အဆိုပါ (NCA)လက်မှတ်‌ရေးထိုးမှု လူထု‌ထောက်ခံပွဲသို့ မြဝတီမြို့ခရိုင် အုပ်ချုပ်‌ရေးမှူး ဦးလွင်ကိုဦး ဦး‌ဆောင်သည့် အုပ်ချုပ်‌ရေး အဖွဲ့၊ KNU တပ်မဟာ(၇) ဗျူဟာမှူး ဗိုလ်မှူးကြီး‌စော‌ဖောဒို၊ တပ်မဟာ(၆)စစ်‌ကြောင်းမှူး ဗိုလ်ကြီး‌စောလမင်း၊ BGF အမှတ် (၁၀၂၂)တပ်ရင်းမှူး ဗိုလ်မှူး‌စောမုတ်သုန်၊ မြဝတီအ‌ခြေစိုက် နိုင်ငံ‌ရေးပါတီအချို့မှ ကိုယ်စားလှယ်‌လောင်းများ၊ ကရင်၊ မွန်၊ သျှမ်း၊ ဗမာ ရပ်ဖိရပ်ဖ တိုင်းရင်းသား‌ခေါင်း‌ဆောင်များနှင့် ‌ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ အပါအဝင် လူပရိဿတ် ၁၀၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

(NCA) လက်မှတ်‌ရေးထိုးမှုအ‌ပေါ် ‌အောက်တိုဘာလဆန်းပိုင်းမှစ၍ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ဖားအံနှင့် မြဝတီ မြို့နယ်ရှိ ကရင်ပြည်သူအချို့က ‌ထောက်ခံကြိုဆိုပွဲ အခမ်းအနားများ ပြုလုပ်ကျင်းပသည့် တစ်ချိန်တည်းတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ ပ‌လောင်‌ဒေသတို့တွင် အစိုးရတပ်မ‌တော်နှင့် ကချင်၊ ရှမ်း၊ ပ‌လောင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။