Home သတင်း KNLA ဗဟိုစစ်ဖက်‌ဆေးသင်တန်းတွင် တိုင်းရင်းသား‌ဆေးမှူး (၉၀)ဦး ‌မွေးထုတ်‌ပေးခဲ့

KNLA ဗဟိုစစ်ဖက်‌ဆေးသင်တန်းတွင် တိုင်းရင်းသား‌ဆေးမှူး (၉၀)ဦး ‌မွေးထုတ်‌ပေးခဲ့

2643

နိုဝင်ဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA ဗဟိုစစ်ဖက်‌ဆေးဌာန၏ ဦး‌ဆောင်မှုဖြင့် ဖွင့်လှစ်သည့် (၂၉)ကြိမ်‌မြောက် အ‌ခြေခံ‌ဆေးသင်တန်းတွင် တိုင်းရင်းသား အများစု ပါဝင်သည့် သင်တန်းသားစုစု‌ပေါင်း (၉၀)ဦးကို ယခုနှစ်တွင် ‌မွေးထုတ်‌ပေး နိုင်ခဲ့‌ကြောင်း KNLA ဗဟို စစ်ဖက်‌ဆေးဌာနက ဆိုသည်။

ယခင်က ထို‌ဆေးသင်တန်းဖွင့်လှစ်ရာတွင် ကရင်တိုင်းရင်းသားအများစု ပါဝင်လာခဲ့ကြ‌သော်လည်း ၁၉၉၆ ခုနှစ်မှစ၍ အခြား တိုင်းရင်းသားများလည်း ပါဝင်တက်‌ရောက်လာကြခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ KNLA ဗဟို စစ်ဖက်‌ဆေးဌာနမှူး ဗိုလ်မှူးကြီး‌နော်‌စေး‌ဒေးကဲက ယခုလို ‌ပြောသည်။

“ကျမတို့ ဘဝတူတိုင်းရင်းသား‌တွေအ‌နေနဲ့ သူတို့‌ဒေသ‌တွေဘက်မှာလည်း ကျန်းမာ‌ရေးဆိုင်ရာ‌တွေမှာ ‌တော်‌တော်လိုအပ်‌နေ တာ‌လေး‌တွေ ရှိ‌သေးတယ်‌ပေါ့။ အခုလို သင်တန်းမှာ တိုင်းရင်းသား‌တွေအချင်းချင်း စုစည်းမှုလည်း ဖြစ်‌စေတယ်။ ‌ဆေးပညာ သင်ယူပြီး‌နောက်မှာလည်း သူတို့ရပ်ရွာ‌တွေမှာ ပြန်လည်အကျိုးပြု အသုံးချနိုင်‌အောင် ရည်ရွယ်ခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ ‌ကေအဲန်ယူနယ်‌မြေတစ်‌နေရာတွင် ပြီးခဲ့သည့် ‌မေလမှစတင်ကာ နိုဝင်ဘာလ ၃ရက်‌နေ့အထိ ‌ခြောက် လကြာ ဖွင့်လှစ်ခဲ့သည့် အဆိုပါ‌ဆေးသင်တန်းသို့ ကရင်တိုင်းရင်းသား အပါအဝင် ကချင်၊ ရခိုင်၊ နာဂ၊ ပ‌လောင် စသည့်တိုင်းရင်း သားသင်တန်းသား အများစု ပါဝင်တက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။
IMG_0350
ယင်း‌ဆေးသင်တန်းကို KNLA ဗဟိုစစ်ဖက်‌ဆေးဌာနအပြင် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ BPHWT၊ Burma Humanitarian Mission (BHM) စသည့်အဖွဲ့အစည်းများက အဓိက ကူညီပံ့ပိုး‌ပေးပြီး အ‌ခြေခံစစ်သင်တန်း အပါအဝင် အ‌ခြေခံလူထုကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု၊ ခန္ဓ္ဓာ‌ဗေဒ၊ သားဖွား၊ ခွဲစိပ်ကုသမှု စသည့်ဘာသာရပ် (၇)မျိုးကို သင်ကြား‌ပေး‌ကြောင်း သိရသည်။

မွန်ပြည်နယ်မှ သင်တန်းသူ ‌နော်မိသက်က “ဒီ‌ဆေးပညာ‌တွေကို ဝါသနာပါလို့ ဆယ်တန်း‌အောင်ကတည်းက တက်မလို့ ရည် ရွယ်ထားပြီး အခုမှတက်ဖြစ်တာပါ။ ဒီသင်တန်းမှာလည်း တကယ်လက်‌တွေ့အသုံးချလို့ရတဲ့ ပညာရပ်‌တွေ သင်ရတဲ့အခါကျ ‌တော့ ကိုယ့်‌ဒေသမှာ ပြန်အကျိုးပြုနိုင်မယ်လို့ ထင်ပါတယ်”ဟု ‌ပြောသည်။

ယခုကဲ့သို့‌သော ‌ဆေးသင်တန်းကို လွန်ခဲ့သည့် ၁၉၇၉ခုနှစ်က မာနယ်ပ‌လောတွင် အပတ်စဉ်(၁)အဖြစ် တနှစ်လျှင် တစ်ကြိမ် နှစ်စဉ် ဖွင့်လှစ်လာခဲ့ရာ ယ‌နေ့အချိန်ထိ ‌ဆေးသင်တန်းသား ၂၀၀ဝနီးပါး ‌မွေးထုတ်‌ပေးနိုင်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။