Home သတင်း ‌ရွေး‌ကောက်ပွဲ‌နေ့၌ ကြီးမားသည့် ပဋိပက္ခမဖြစ်နိုင်ဟု ပြည်နယ်ဒုရဲမှူးကြီး‌ပြောဆို

‌ရွေး‌ကောက်ပွဲ‌နေ့၌ ကြီးမားသည့် ပဋိပက္ခမဖြစ်နိုင်ဟု ပြည်နယ်ဒုရဲမှူးကြီး‌ပြောဆို

1981

နိုဝင်ဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ယခုလ ၈ရက်‌နေ့တွင် ကျင်းပ‌တော့မည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ‌နေ့၌ ကရင်ပြည်နယ်အတွင်း ကြီးမားသည့် ပဋိပက္ခများ ဖြစ်မ လာနိုင်‌ကြောင်း ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးထွန်းဦးက ‌အောက်တိုဘာလ ၃၁ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့ သည်။

၎င်းက “ပဋိပက္ခက ကျ‌နော်တို့ ကရင်ပြည်နယ်မှာ ကြီးကြီးမားမား ဖြစ်စရာမရှိပါဘူး။ ဒါကို‌တော့ ကျ‌နော်တို့ ကြိုတင်ခန့်မှန်းလို့ ရပါတယ်။ ကျ‌နော်တို့ရဲ့ လူ‌နေအိမ်‌ခြေသိပ်သည်းမှု‌တွေ၊ မြို့ရွာရဲ့ အ‌ခြေအ‌နေ‌တွေ၊ ပါတီ‌တွေရဲ့ အ‌ခြေအ‌နေ‌တွေ ဒါ‌တွေက အခြား ‌နေရာထက်စာရင် ဖြစ်နိုင်‌ချေ အများကြီး နည်းပါတယ်״ဟု ‌ပြောခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများနှင့် အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘော တူစာချုပ် လက်မှတ်‌ရေးထိုးထားပြီး ဖြစ်‌သော‌ကြောင့် ‌ဒေသအားလုံးနီးပါး စိုးရိမ်စရာမရှိဘဲ ၎င်းတို့အနက် သ‌ဘောထား မတိုက် ဆိုင်ဘဲ ခွဲထွက်သည့် အဖွဲ့ငယ်များရှိသည့် တစ်စိတ်တစ်‌ဒေသ ‌နေရာများတွင် တပ်မ‌တော်နှင့် ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟု လည်း ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးထွန်းဦးက ဆက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ‌ရွေး‌ကောက်ပွဲအထူးလုံခြုံ‌ရေးကို တစ်ပြည်နယ်လုံး မဲရုံ‌ပေါင်း ၆၅၆ရုံအတွက် အထူးရဲ ၆၅၆ဦးကို ခန့်အပ် သွားမည်ဖြစ်ရာ ဖားအံမြို့နယ်၌ ၂၀၅ဦး၊ လှိုင်းဘွဲမြို့နယ်၌ ၁၂၂ဦး၊ သံ‌တောင်ကြီးမြို့နယ်၌ ၉၉ဦး၊ ‌ကော့ကရိတ်မြို့နယ်၌ ၅၈ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၅၄ဦးနှင့် မြဝတီမြို့နယ်၌ ၅၁ဦး ခန့်အပ်တာဝန်‌ပေးသွားမည်ဟု ကရင်ပြည်နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရသည်။

ပြည်နယ်အတွင်း ‌ရွေး‌ကောက်ပွဲ‌စောင့်ကြည့်‌လေ့လာ‌နေသည့် ပြည်သူများ ယုံကြည်ရ‌သော ‌ရွေး‌ကောက်ပွဲ‌ပေါ်‌ပေါက်‌ရေး ပူး ‌ပေါင်း‌ဆောင်ရွက်မှုအဖွဲ့-PACE မှ ‌စောထက်‌ဝေယံ‌ကျော်က “ကရင်ပြည်နယ်အ‌နေအထားနဲ့‌တော့ ပဋိပက္ခရှိဖို့ နည်းပါတယ်။ ဘာ ဖြစ်လဲဆို‌တော့ မဲဆွယ်စည်းရုံး‌ရေး ကာလတစ်‌လျှောက်မှာလည်းပဲ သူ့ပါတီနဲ့သူ မဲဆွယ်စည်းရုံး‌နေကြတာ ဘာပြဿနာမှ မရှိ ဘူး‌လေ။ ‌နောက်ပြီး ‌ကော်မရှင်‌ပြောထားတာက ‌အောက်‌ခြေက အဆင်‌ပြေမှ မဲရုံဖွင့်ဖို့ သူတို့‌ပြောတာကိုး။ အ‌ပေါ်က ချ‌ပေးတာ မျိုး မဟုတ်ဘူးဆို‌တော့ ကျ‌နော် ထင်တယ်။ ကြီးမားတဲ့ ပဋိပက္ခ မဖြစ်လာနိုင်ပါဘူး״ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ယခုလ ၈ရက်‌ရွေး‌ကောက်ပွဲ‌နေ့အတွက် ကရင်ပြည်နယ်အတွင်း ‌ရွေး‌ကောက်ပွဲလုံခြုံ‌ရေးအတွက် အထူးရဲများကို ‌အောက်တိုဘာ လအတွင်းမှစ၍ သင်တန်းများ ပို့ချ‌ပေးခဲ့ပြီး မဲရုံတစ်ရုံ၌ အထူးရဲတစ်ဦးနှင့်အတူ အရံမီးသတ်တပ်ဖွဲ့ဝင် ၄ဦး ပါဝင်ကာ လုံခြုံ‌ရေး ကို တာဝန်ယူမည်ဖြစ်ပြီး ပဋိပက္ခဖြစ်လာပါက အင်အားသုံးဖြိုခွဲရန် လုံခြုံ‌ရေးရဲတပ်ဖွဲ့ခွဲ (ရဲတပ်ရင်း)များကိုပါ အလုံအ‌လောက် ဖြန့်ကျက်သွားမည်ဟုလည်း သိရသည်။