Home သတင်း ‌ရွေး‌ကောက်ပွဲ အနိုင်ရရှိပါက ‌မော်လမြိုင်၊ ‌ကော့ကရိတ်နှင့် မြဝတီတို့တွင် ၂၄နာရီ မီးရရှိရန် လုပ်‌ဆောင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ‌ပြော

‌ရွေး‌ကောက်ပွဲ အနိုင်ရရှိပါက ‌မော်လမြိုင်၊ ‌ကော့ကရိတ်နှင့် မြဝတီတို့တွင် ၂၄နာရီ မီးရရှိရန် လုပ်‌ဆောင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ‌ပြော

1818

နိုဝင်ဘာ ၃ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောသိန်းမြင့်

မကြာမီ ကျင်းပ‌တော့မည့် ပါတီစုံ‌ရွေး‌ကောက်ပွဲအတွင်း ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီအ‌နေဖြင့် အနိုင်ရရှိပါက ‌မော်လမြိုင်၊ ‌ကော့ကရိတ်နှင့် မြဝတီမြို့တို့၌ ၂၄နာရီ မီးရရှိ‌အောင် လုပ်‌ဆောင်‌ပေးသွားမည်ဟု နိုဝင်ဘာ ၃ရက်‌နေ့၊ မြဝတီမြို့၌ ကျင်းပပြုလုပ်‌သော လူထု‌တွေ့ဆုံပွဲတွင် ဗဟို‌ကော်မတီလည်းဖြစ်၊ ‌ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းဖြစ်သူ ဦးသူရိန်‌ဇော်က ‌ပြောသည်။

၎င်းက “မီးကို မြဝတီမြို့က တဖက်(ထိုင်း)ကို ယူ‌နေရတယ်။ ဒီ‌တော့ အခု ၂၃ဝ ကီလိုမဟာဓာတ်အားလိုင်း ‌မော်လမြိုင်၊ ‌ကော့ကရိတ်၊ မြဝတီမိုင် ၈ဝ အဲဒီဓာတ်အားလိုင်းကို ရ‌အောင်လုပ်မယ်။ အခု ကျ‌နော်တို့ ရာထား တာက‌တော့ ၂၀၁၆ ဒီဇင်ဘာလမှာ ဟိုး‌မော်လမြိုင်ကလာပြီး မြဝတီမြို့ကို အရင် ‌ရောက်မယ်။ ပြီး‌တော့ ‌ကော့ကရိတ်ကို ဆင်းမယ်။ ဒါ‌ပေမယ့် တပြိုင်တည်းလင်းရမယ်။ အဲဒါ ရ‌အောင်လုပ်မယ်။ ၂၄နာရီ မီးရ‌အောင် လုပ်မယ်”ဟု နယ်ခံ သတင်း‌ထောက်များကို ‌ပြောသည်။

ထို့အပြင် မြဝတီ၊ ဖားအံနှင့် ဘုရားသုံးဆူမြို့တို့တွင် စက်မှုဇုံ အသီးသီး အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွား မည်ဖြစ်သလို ကျန်းမာ‌ရေး၊ ပညာ‌ရေး၏ အသုံးစရိတ်များကိုလည်း ရာခိုင်နှုန်း တိုးမြှင့်လုပ်‌ဆောင်‌ပေးသွားမည် ဟု ၎င်းက ဆက်‌ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ လူထု‌တွေ့ဆုံပွဲတွင် ဝင်‌ရောက်အ‌ရွေးခံမည့် ဗဟို‌ကော်မတီဝင် ဦးသူရိန်‌ဇော်အပြင် ‌ကော့ကရိတ်၊ မြဝတီတို့တွင် အ‌ရွေးခံကြမည့် ပါတီကိုယ်စားလှယ်‌လောင်းများ၊ တိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ်‌လောင်းများနှင့် ပါတီဝင်များအပါအဝင် စုစု‌ပေါင်း ၂၀၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ပါတီဝင် တစ်ဦးဖြစ်သူ မစိမ့်စိမ့်ဖြိုးက “ပါတီတစ်ခုက အဓိက အ‌ခြေခိုင်ဖို့ပဲ။ ပြည်ခိုင်ဖြိုးပါတီက အ‌ခြေခိုင် တယ်။ အဲဒီကစပြီး ကျမစိတ်ဝင်စားတယ်။ အဲဒါ ပါတီက‌နေ ဝင်ဖြစ်သွားတာ၊ အ‌ပေါ်က‌နေ ‌ကောင်းပြီး‌တော့ ‌အောက်‌ခြေမခိုင်လို့ ရှိရင် အလကားပဲ။ ကျမတို့က ၇၅ရာခိုင်နှုန်း‌လောက်‌တော့ ‌မျှော်မှန်းထားတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ အရင်က လုပ်‌ဆောင်မှုရှိတယ်။ ပြည်သူ‌တွေ ‌ထောက်ခံမှုရှိတယ်။ ကိုယ်စားလှယ်‌တွေရဲ့ အရည်အချင်း‌တွေရှိတယ်”ဟု ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင်တွင် တသီးပုဂ္ဂလအပါအဝင် NLD၊ USDP KSDP၊ KSDDP၊ KPP၊ NDF၊ အမျိုးသား တိုးတက်‌ရေးပါတီ၊ ၈၈မျိုးဆက်‌ကျောင်းသားလူငယ်များ၊ (ပြည်‌ထောင်စုမြန်မာနိုင်ငံ)ပါတီ စသည့် နိုင်ငံ‌ရေးပါတီ (၉)ပါတီက မဲဆွယ်စည်းရုံး ‌ရေးလုပ်ငန်းများ လုပ်‌ဆောင်လျှက်ရှိသည်။ ပြည်ခိုင်ဖြိုးပါတီအ‌နေဖြင့် ပါတီ‌အောင်နိုင်‌ရေးအတွက် နိုဝင်ဘာ ၂ ရက်‌နေ့စ၍ မှ ၆ရက်‌နေ့အထိ တလမ်းဝင် တလမ်းထွက် မဲဆွယ်စည်းရုံးမှုလုပ်ငန်းများ လုပ်‌ဆောင်လျှက်ရှိသည်။

မြဝတီမြို့ခရိုင်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ၂‌သောင်း‌ကျော်ရှိပြီး လာမည့်‌ရွေး‌ကောက်ပွဲအတွက် ပြည်သူ့လွှတ်‌တော် (၁)ဦး၊ အမျိုးသားလွှတ်‌တော် (၁)ဦးနှင့် တိုင်း‌ဒေသကြီးလွှတ်‌တော် (၂)ဦးအပြင် တိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ်‌လောင်းတို့ ဝင်‌ရောက်အ‌ရွေးခံကြမည်ဖြစ်သည်။

မြဝတီခရိုင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ နိုဝင်ဘာ ၂ရက်‌နေ့က ထုတ်ပြန်လိုက်သည့် ‌နောက်ဆုံးမဲဆန္ဒရှင်စာရင်းအရ မြဝတီခရိုင်၌ မဲန္ဒရှင်‌ပေါင်း ၇‌သောင်း‌ကျော်ရှိပြီး မဲရုံ ၄၉ရုံထားရှိမည်ဖြစ်သည်။