Home သတင်း မဲလက်မှတ်‌ပေါ်တွင် ဖလုံ-စ‌ဝေါ်ပါတီအမှတ်အသား မည်းနက်ပြီး မထင်မရှားဖြစ်‌နေ

မဲလက်မှတ်‌ပေါ်တွင် ဖလုံ-စ‌ဝေါ်ပါတီအမှတ်အသား မည်းနက်ပြီး မထင်မရှားဖြစ်‌နေ

1496

နိုဝင်ဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

လာမည့် ‌ရွေး‌ကောက်ပွဲအတွက် အသုံးပြုမည့် မဲလက်မှတ်‌ပေါ်တွင် ကရင်ပြည်နယ် အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ အမှတ်အသားဖြစ်သည့် ဖားစည်နှင့် ကျွဲချိုတို့မှာ အမည်း‌ရောင်ဖြစ်ကာ မထင်မရှား ဖြစ်‌နေသည်ဟု ပါတီတာဝန်ရှိသူများနှင့် မဲဆန္ဒရှင်များက ‌ကေအိုင်စီသို ့ယမန်‌နေ့က ‌ပြောသည်။

အဆိုပါ ပါတီ၏ အမှတ်အသားကို မဲလက်မှတ်‌ပေါ်တွင် သုံးချိုး ၂ချိုးသာ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ‌ဖော်ပြ‌ပေးသည့်အတွက် ပါတီအမှတ်အသားမှာ ‌သေးငယ်ပြီး မည်းနက်သွားသလို ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) ဆိုသည့် စာသားနှင့် ဖားစည် ကျွဲချိုများမှာလည်း မထင်မရှားဖြစ်‌နေသည်ဟု ပါတီဒုဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မဲပြား မထင်မရှားဖြစ်တဲ့ ဒီကိစ္စကို ကျ‌နော်တို့ဗဟိုပါတီဝင်များနဲ့ ‌ဆွေး‌နွေးတိုင်ပင်ကြတယ်။ ‌ကော်မရှင်ကို စာတင်ဖို့လည်း ကြိုး စားခဲ့ပါ‌သေးတယ်။ ဒါ‌ပေမယ့် အချိန်မရှိ‌တော့တဲ့အတွက် ကျ‌နော်တို့ပါတီအတွင်းမှာပဲ မြို့နယ်အလိုက် အချင်းချင်း အသိ‌ပေး လိုက်နိုင်‌တော့တယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦး‌ကျော်ဝင်း‌မောင်နှင့် ‌ရွေး‌ကောက်ပွဲ‌ကော်မ ရှင်အရာရှိ ဦး‌မောင်‌မောင်နိုင်တို့အား ဆက်သွယ်‌မေးမြန်းရာ ၎င်းတို့အ‌နေဖြင့် အစည်းအ‌ဝေးရှိ‌နေ၍ မအားလပ်‌သေး‌ကြောင်း တုန့်ပြန်‌ပြောဆိုသည်။

ထိုကဲ့သို့ မဲလက်မှတ်‌ပေါ်တွင် ပါတီအမှတ်တံဆိပ် ‌ပေါ်လွင်ထင်ရှားမှု မရှိသည့် အတွက် ယင်းပါတီကို ‌ထောက်ခံမဲ‌ပေးမည့်သူများ လွဲမှားမှုရှိမည်ကို စိုးရိမ်မိသည်ဟု ကရင်နာမည်ကြီးအဆို‌တော် ‌စော‌အေစီက ‌ကေအိုင်စီသို ့ယခုလို ‌ပြောသည်။

၎င်းက “ဖလုံ-စ‌ဝေါ်ကို ‌ဒေသခံ ကရင်အများစုက ‌ထောက်ခံအား‌ပေးတဲ့ပါတီ ဖြစ်လို့ပါ။ ဒီလိုဖြစ်တာ ကျ‌နော်တို့ စိတ်ဘယ် ‌ကောင်းမလဲဗျာ။ ဘာပဲဖြစ်ဖြစ် ပါတီတိုင်း အမှတ်အသား‌တွေကို ထင်ထင်ရှားရှား ဖြစ်‌စေချင်တာ‌ပေါ့။ အဲဒါမှ မဲ‌ပေးတဲ့အခါ မိမိတို့ ကြိုက် နှစ်သက်တဲ့ပါတီ‌တွေကို မမှား‌အောင် ‌ပေးလို့ရတယ်”ဟု ဆိုသည်။

လက်ရှိ မဲလက်မှတ်များကို အင်ဒိုနီးရှားနိုင်ငံ P T Pura စက်ရုံမှ တင်သွင်းသည့် လုံခြုံ‌ရေး အမှတ်အသားပါ Light Yellow W/F Paper (80gsm) စက္ကူများဖြင့် ရိုက်နှိပ်ထားခြင်းဖြစ်ပြီး မူရင်းအ‌ရောင်မှာ အဝါ‌ရောင်ဖြစ်သည့်အတွက် အဖြူ‌ရောင် ပါတီအမှတ် တံဆိပ်များ အဝါ‌ရောင်သန်းမည်ဖြစ်‌ကြောင်း ပါတီအမှတ်တံဆိပ်တွင် အဖြူ‌ရောင်ပါသည့် ပါတီများအ‌နေဖြင့် ကြိုတင်သိရှိရန် နို ဝင်ဘာလ ၃ရက် ‌နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

နိုဝင်ဘာလ ၈ရက်‌နေ ့‌ရွေး‌ကောက်ပွဲတွင် မဲလက်မှတ်၌ ပါတီအမည်၊ ကိုယ်စားလှယ်‌လောင်းအမည်၊ ပါတီအမှတ်တံဆိပ်များ ‌ဖော်ပြထားမည်ဖြစ်ရာ မဲ‌ပေးမည့်သူများအ‌နေဖြင့် မဲလက်မှတ်တွင် ‌ဖော်ပြထားသည့် မိမိမဲ‌ပေးလို‌သောပါတီကို ‌သေချာစွာ စိစစ် ‌ပေးသွားရန်လို‌ကြောင်း နိုင်ငံ‌ရေးပါတီများနှင့် မဲပညာ‌ပေးလုပ်‌ဆောင်‌နေသူများက ‌ပြောဆိုထားသည်။