Home သတင်း ဘန်း‌ချောင်း၌ ‌ကျောက်မီး‌သွေးတူး‌ဖော်‌နေမှုကို ရပ်တန့်‌ပေးရန် အစီရင်ခံစာထုတ် ‌တောင်းဆို

ဘန်း‌ချောင်း၌ ‌ကျောက်မီး‌သွေးတူး‌ဖော်‌နေမှုကို ရပ်တန့်‌ပေးရန် အစီရင်ခံစာထုတ် ‌တောင်းဆို

1891

‌အောက်တိုဘာ ၃၁ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ ဘန်း‌ချောင်း‌ကျောက်းမီး‌သွေးတွင်း၌ ‌ကျောက်မီး‌သွေး တူး‌ဖော်‌နေခြင်း ‌ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ‌ဒေသခံများလူမှုဘဝ ထိခိုက်နစ်နာမှုများရှိသည့်အတွက် ‌ကျောက်မီး ‌သွေးတူး‌ဖော်‌နေမှုကို ရပ်တန့်‌ပေးရန် ထားဝယ်အရပ်ဘက် အဖွဲ့အစည်းများက ‌အောက်တိုဘာ ၃ဝ ရက်‌နေ့တွင် စု‌ပေါင်းအစီရင်ခံစာ ထုတ်ပြန်‌တောင်းဆိုလိုက်သည်။

အစီရင်ခံစာနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ ဗိုလ်တ‌ထောင်မြို့နယ်ရှိ Orchid ဟိုတယ်၌ ယမန်‌နေ့၊ နံနက် ၉ နာရီမှ ၁၂ နာရီအထိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အစီရင်ခံစာကို ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့(DDA)၊ တာက‌ပေါ လူငယ်အဖွဲ့နှင့် တနသင်္ာရီမြစ်မကြီးနှင့် ဌာ‌နေ တိုင်းရင်းသားများ ကွန်ရက် (Trip Net) တို့က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၁၅ ခုနှစ်၊ ဇူလိုင်အထိ သု‌တေသနပြုလုပ်ကာ ထုတ်ပြန်ခြင်းဖြစ်သည်ဟု တာက‌ပေါ လူငယ် အဖွဲ့မှ အကြံ‌ပေး ‌နော်ပိသ‌လောက ‌ကေအိုင်စီသို့ ‌ပြောသည်။

အစီရင်ခံစာအ‌ပေါ် DDA မှ ကိုသန့်ဇင်က “ဒီစီမံကိန်းသည် အစိုးရက ပြည်တွင်း ‌မေဖလားဝါးကုမ္ပဏီကို ‌ပေးထား‌ပေမဲ့ တကယ်တမ်း အလုပ်လုပ်‌နေတာ ထိုင်းနိုင်ငံက East Star နဲ့ Thai Asset တို့ဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီ‌တွေဖြစ်‌နေတယ်။ အစိုးရက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလို ့သတ်မှတ်လား၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်လား မသိရဘူး။ ဒီအစဉ်ရင်ခံစာမှ စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာ‌တွေ မှား‌နေတယ်၊ ဘယ်လို ထိခိုက်တယ်၊ ဘယ်လိုပြုပြင်သင့်တယ်ဆိုတာ ‌ဖော်ပြထားတယ်”ဟု ‌ပြောသည်။

စာမျက်နှာ ၄၄ မျက်နှာပါရှိသည့် ယင်းအစီရင်ခံစာတွင် ‌ကျောက်မီး‌သွေးတူး‌ဖော်ခြင်း‌ကြောင့် ‌ဒေသခံများအ‌ပေါ် အကျိုးသက်‌ရောက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအ‌ပေါ် သင့်တင့်စွာ ‌ဖြေရှင်းပြီးသည်အထိ ကရင်အမျိုး သားအစည်းအရုံး(KNU) အ‌နေဖြင့် ထိုင်း East Star ကုမ္ပဏီ သတ္တုလုပ်ငန်းများကို ‌ထောက်ခံမှုအားရပ်တန့် ‌ပေးရန်၊ KNU ၏ စီးပွား‌ရေးမူဝါဒကို လိုက်နာ‌ပေးရန် ‌တောင်းဆိုထားသည်။

အလားတူ အစိုးရသတ္တုတွင်းဝန်ကြီးဌာနအား EIA ပြုလုပ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးရာဆန်းစစ်မှု များပြုလုပ် မပြီး‌သေးမီ သတ္တုလုပ်ငန်းခွင့်ပြုထားခြင်းကို ရပ်တန် ့ထားရန်‌တောင်းဆိုထားသည်။ ထို့အပြင်အစိုးရ နှင့် စီးပွား‌ရေး မိတ်ဖက်များအ‌နေဖြင့် အကျိုးအမြတ် ခွဲ‌ဝေမှုဆိုင်ရာများကို ထုတ်ပြန်‌ပေးရန်၊ ယင်းလုပ်ငန်း ‌ကြောင့် ‌မြေယာသိမ်းဆည်းမှု၊ ကျမ်းမာ‌ရေးနှင့် အသက်‌မွေးဝမ်း‌ကြောင်း အခက်အခဲ၊ မျှတသည့် ‌လျော်‌ကြေး များ‌ပေးရန် စသည့်တို့ကို ပြုလုပ်‌ပေးရန် အစီရင်ခံစာတွင် အကြံပြုထားသည်။
DSC01323
“အခု‌ကျောက်မီး‌သွေးပြန်တူး‌နေတာ ၂ ပတ်ရှိပြီး၊ သူတို့ ‌ကျောက်မီး‌သွေးပုံ‌တွေက အရမ်းအနံ့ဆိုးရွားတယ်။ ‌ချောင်းထဲ‌ရေဆင်းချိုးလို့ မရ‌တော့ဘူး။ ‌ရေက ကပ်စီး‌နေလို့ လုံးဝ သုံးမရ‌တော့ဘူး။ ‌ကျောက်မီး‌သွေးတွင်းက ‌ရေ‌တွေကို ‌ချောင်းထဲ‌ဖောက်ချတယ်‌လေ။ သီးနှံပင်‌တွေပျက်စီးတယ်၊ ‌ကျောင်းသား‌တွေ ဒုက္ခ‌ရောက်တယ်။ ဖုန်မှုန့်‌တွေ အမြဲရူ‌နေရတယ်”ဟု ဘန်း‌ချောင်း‌ဒေသ၊ ကုန်း‌ချောင်းကြီးရွာမှ ‌နော်ဟီးလာက ‌ပြောသည်။

ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်းနှင့် ပတ်သက်၍ ‌ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက အစိုးရသတ္တု တွင်းဝန်ကြီးဌာန၊ ကုမ္ပဏီ တာဝန်ရှိသူများနှင့် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများ‌တွေ့ဆုံကာ ‌ဖြေရှင်း‌ပေးရန် တင်ပြခဲ့‌သော်လည်း လက်ရှိအချိန်ထိ လာ‌ရောက်‌ဖြေရှင်း‌ပေးခြင်းမရှိ‌သေးဟု ‌ဒေသခံများထံမှ သိရသည်။

အဆိုပါ ‌ကျောက်မီး‌သွေးတူး‌ဖော်ခြင်းလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ဘန်း‌ချောင်းရှိ၊ ကုန်း‌ချောင်းကြီး ‌ကျေးရွာ၌ ‌မြေဧက ၆ဝ ‌ပေါ်တွင် ‌မေဖလားဝါးကုမ္ပဏီမိတ်ဖက်၊ East Star ကုမ္ပဏီက ဟင်းလင်းဖွင့်စတင် တူး‌ဖော်‌နေခြင်းဖြစ်ပြီး ဧက ၂၁၀ဝ အထိ တိုးချဲ့လုပ်ကိုင်သွားရန် စီစဉ်‌နေသလို လုပ်ငန်းဧရိယာအတွင်းရှိ ‌ဒေသခံ ၁၆,၀၀ဝ ‌ကျော် ကျန်းမာ‌ရေးနှင့် အသက်‌မွေးမှုကို ဆိုးရွားစွာ ထိခိုက်မည်ဟု ‌ဒေသတွင်းအရပ်ဖက် အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။