Home သတင်း တပ်မိသားစုများလည်း တပ်ဝင်းအပြင် မဲရုံ၌ မဲ‌ပေးမှုရှိ

တပ်မိသားစုများလည်း တပ်ဝင်းအပြင် မဲရုံ၌ မဲ‌ပေးမှုရှိ

2142

နိုဝင်ဘာ ၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် အစိုးရတပ်မိသားစုက တပ်ဝင်းအတွင်း မဟုတ်ဘဲ ရပ်ကွက်၊ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးများ၌ ယ‌နေ့ နိုဝင်ဘာ ၈ရက်‌နေ့တွင် သွား‌ရောက်မဲ‌ပေးကြ‌ကြောင်း ‌တွေ့ရသည်။

‌ခြေလျင်တပ်ရင်း-ခလရ အမှတ်(၂၀၂)၊ ‌တောင်က‌လေးရွာရှိ အ‌မြောက်တပ်၊ စစ်‌ဆေးရုံ ‌ဆေးတပ်က တပ်တွင်း မဲဆန္ဒရှင်များက ဖားအံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ‌ကော့‌ထော‌ကျေးရွာအုပ်စု ‌တောင်က‌လေးရွာ အုပ်ချုပ်‌ရေးမှူးရုံးရှိ မဲရုံတွင် တပ်မ‌တော်သား မိသားစု မဲဆန္ဒရှင်များ မဲ‌ပေးလျှက်ရှိသည်။

သို့‌သော် ‌တောင်က‌လေးရွာရှိ ‌ဒေသခံ ရွာသူရွာသားများမှာ အဆိုပါအုပ်ချုပ်‌ရေးမှူးရုံး မဲရုံတွင် မဲ‌ပေးခွင့်မရှိဘဲ အရပ်သားများအတွက် သီးသန့်ထားရှိသည့် အခြားမဲရုံတွင် သွား‌ရောက် မဲ‌ပေးကြရသည်။

အလားတူ ဖားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ခလရ(၂၀၁) တပ်ဝင်းအတွင်းမှာ တပ်မိသားစုဝင် မဲဆန္ဒရှင်များလည်း ရပ်ကွက်တွင်း ရှိ မဲရုံသို့သာ သွား‌ရောက်မဲ‌ပေးကြရသည်ကို ‌တွေ့ရသည်။

သို့‌သော် ဖားအံမြို့တွင်းရှိ တပ်မ(၂၂)တွင်မူ တပ်ဝင်းအတွင်း၌သာ မဲ‌ပေး‌နေသည်ကို ယ‌နေ့ မနက်က ‌တွေ့ရသည်။