Home သတင်း ကရင်မဲဆန္ဒရှင်များ မဲစာရင်း‌တွေ ဗမာတိုင်းရင်းသားနံပါတ်များ ပါဝင်‌နေ

ကရင်မဲဆန္ဒရှင်များ မဲစာရင်း‌တွေ ဗမာတိုင်းရင်းသားနံပါတ်များ ပါဝင်‌နေ

3123

နိုဝင်ဘာ ၈ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ဖားအံမြိ့နယ်၊ အမှတ် ၅ရပ်ကွက်ရှိ မဲရုံအမှတ်(၂)တွင် ‌ဒေသခံ ကရင်တိုင်းရင်းသားများ၏ မဲသက်‌သေခံကဒ်ပြား၌ ဗမာတိုင်းရင်း သားနံပါတ်များ ပါဝင်‌နေခြင်း‌ကြောင့် နားမလည်ကြဘဲ မဲဆန္ဒရှင် ၈၀၀‌ကျော်မှာ ဗမာတိုင်းရင်းသားမဲပုံးများကို မဲထည့်လိုက်ကြ သည်ဟု KSCN မှ ‌စောစိန်‌ထွေးက ‌ပြောသည်။

“ကျ‌နော် မဲသွားထည့်‌တော့ ကရင်‌တော်‌တော်များများ ဗမာမဲပုံးထည့်တဲ့သူက မဲလာထည့်တဲ့ ကရင်အားလုံးပဲ ထည့်တယ်။ ကျ‌နော့်အ‌မေဆိုရင် ဗမာလို‌တောင် ‌ကောင်း‌ကောင်းမ‌ပြောတတ်ဘူး။ ထည့်လိုက်ရတယ် ‌ပြောတယ်”ဟု ‌ပြောသည်။

မဲစာရင်းစာရွက်ဖြတ်ပိုင်းတွင် ကျား/မ ‌နေရာ၌ ခြစ်ထားပြီး (ဗမာ xxx)ဂဏန်းလုံးဖြင့် ထည့်ထားသည်ကို မဲ‌ပေးသည့်ရက် မတိုင် ခင်က သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူးရုံးထံ ‌မေးမြန်းရာ မှားယွင်း‌နေပါက ပြန်ဖျက်ခြစ်ထားနိုင်‌ကြောင်း ‌ပြောဆိုခဲ့သည်ဟု အမှတ်(၃)ရပ်ကွက်‌နေ မဲဆန္ဒရှင် ကရင်အမျိုးသမီးတစ်ဦးက ‌ပြောသည်။

သို့‌သော် မဲဆန္ဒရှင်အနက် အချို့မှာ ယင်းသို့ လွဲ‌ချော်မှုကို ထပ်မံ ‌မေးမြန်းရမှန်း နားမလည်သကဲ့သို့ မဲရုံအတွင်း၌လည်း ရှင်းပြညှိ နှိုင်း‌ပေးမှု အားနည်း‌နေသည့် လွဲ‌ချော်မှုများ ဖြစ်‌နေသည်။

မဲထည့်မည့် မဲဆန္ဒရှင် ကရင်တိုင်းရင်းသားအားလုံးနီးပါး ဗမာတိုင်းရင်းသား‌ရေးရာအတွက် မဲထည့်ခဲ့ကြသည်ဟု မဲပညာ‌ပေးသူ တစ်ဦးက ၎င်းကိုယ်တိုင် မဲ‌ပေးချိန်၌ ‌တွေ့ရှိချက်များကို ပြန်လည်‌ပြောပြသည်။