Home တွေ့ဆုံမေးမြန်းခန်း လာမယ့်ကရင်နှစ်သစ်ကူးမှာ ကိုယ်ပိုင်သံစဉ်သီချင်းသစ်‌တွေ သီကျူးနိုင်ဖို့ စီစဉ်‌နေတဲ့ စ‌ကောကရင်‌တေးသံရှင် သက်မြတ်နိုးနှင့် ‌မေးမြန်းခြင်း

လာမယ့်ကရင်နှစ်သစ်ကူးမှာ ကိုယ်ပိုင်သံစဉ်သီချင်းသစ်‌တွေ သီကျူးနိုင်ဖို့ စီစဉ်‌နေတဲ့ စ‌ကောကရင်‌တေးသံရှင် သက်မြတ်နိုးနှင့် ‌မေးမြန်းခြင်း

2482

အသက် ၂၅နှစ်အရွယ် တက်သစ်စ ကရင်‌တေးသံရှင် သက်မြတ်နိုးက‌တော့ သူမရဲ့ ပထမဆုံး တစ်ကိုယ်‌တော်ကရင် DVD ‌တေး စီးရီးတစ်‌ခွေ အမြန်ဆုံးထွက်နိုင်‌အောင် ကြိုးစား‌နေပါတယ်။ သီချင်းအားဖြင့် မိတ်‌ဆွေပရိဿတ်‌တွေ ဘဝအ‌မော‌ပြေ‌လျော့‌စေပြီး သူမချစ်တဲ့ ကရင်‌မောင်နှမများ လာမယ့်နှစ်ကူးမှာ ကိုယ်ပိုင်သံစဉ်‌တေးသီချင်းသစ်‌တွေနဲ့ ‌ပျော်ရွှင်နိုင်‌အောင် ရည်ရွယ်တာလို့ ဆိုပါတယ်။ သက်မြတ်နိုးရဲ့ တစ်ကိုယ်‌တော်အ‌ခွေကို ‌အောက်တိုဘာလ ၂၃ရက်‌နေ့ကစပြီး ဖားအံ၊ ရန်ကုန်၊ ‌ကျောက်ကြီး၊ ‌တောင်ငူ၊ ပုသိမ်၊ ဖဒိုပ‌လောမြို့‌တွေမှာ ဖြန့်သွားမှာဖြစ်ပြီး ‌နောက်လအတွင်းမှာ အ‌မေရိကား၊ က‌နေဒါ၊ မ‌လေးရှား၊ ‌နော်‌ဝေး၊ ထိုင်း၊ စကင်္ာပူနဲ ့ဩစ‌တြေးလျား‌တွေမှာ ဖြန့်သွားပါမယ်။
www.facebook.com/thet.myatnoe.509 နဲ့ Klo & Kweh Music Team www.facebook.com/klokweh မှာ ‌ဖော်ပြထားပါ တယ်။ ဒီစီးရီး‌ခွေအ‌ပေါ် သက်မြတ်နိုးရဲ့ ရင်ဖွင့် သံကို ခံစားတင်ပြလိုက်ပါတယ်။

သက်မြတ်နိုးဆိုတာ နာမည်အရင်းပါပဲ။ ရန်ကုန်မြို့ အင်းစိန်မှာပဲ mommy ‌နော်‌ဖောသ‌လေးနဲ့‌နေတဲ့ တစ်ဦးတည်း‌သောသမီးပါ။ ‌လေးတန်းအရွယ်ကစပြီး ဘုရား‌ကျောင်းမှာ သီချင်းစဆိုရင်း ဆရာစိန်ကြီးထုတ်တဲ့ မူကြို‌ကျောင်းက‌လေးသီချင်း‌ခွေမှာ အသံ စသွင်းဖြစ်ခဲ့ပါတယ်။ ခု တစ်ကိုယ်‌တော်စီးရီး မထုတ်ခင်အထိ ကရင်နဲ့ ဗမာသီချင်း‌ပေါင်း အပုဒ် ၄၀‌ကျော်ကို အဖွဲ့အ‌ခွေ‌ပေါင်း ၂၄‌ခွေမှာ အသံသွင်းခဲ့ဖူးပါတယ်။ ဂီတ‌လောကထဲဝင်နိုင်ဖို့အတွက် ၂၀၁၃ခုနှစ် ဂီတတံခါး‌လေးဖွင့်ပါဦး 6th round မှာ ဝင်‌ရောက် ယှဉ်ပြိုင်ပြီး ‌ကျေးဇူး‌တော်‌ကြောင့် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

‌မေး။ ခုလို ပထမဆုံးတစ်ကိုယ်‌တော် အ‌ခွေထွက်လာဖို ့ဘယ်လိုအ‌ခြေအ‌နေ ဖန်တီးခဲ့တာလဲ။
‌ဖြေ။ ကျမက ငယ်ငယ်ကတည်းက သီချင်းဆိုတာကို ဝါသနာပါပြီး အဆို‌တော်ဖြစ်ဖို့ပဲ အိပ်မက်ခဲ့တာမို့ အခွင့်သာတိုင်း သီချင်းပဲ ‌တောက်‌လျှောက်ဆိုခဲ့ပါတယ်။ ဒါ‌ပေမယ့် အမိုးက ပညာတတ်တစ်‌ယောက်လည်း ဖြစ်‌စေချင်‌တော့ AGTI မှာ EC (electronic communications) နဲ ့Physics ပြီး‌အောင်တက်၊ ဘွဲ့ရပြီးမှ တစ်ကိုယ်‌တော်အ‌ခွေထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် ကျမကိုအား ‌ပေးတဲ့ မိတ်‌ဆွေ‌တွေ၊ ပရိဿတ်‌တွေ ‌တော်‌တော်များများကလည်း တစ်ကိုယ်‌တော်အ‌ခွေ ဘယ်‌တော့ထွက်မလဲဆိုတာ ‌တောင်း ဆိုတာ‌တွေ ရှိခဲ့ပါတယ်။ ဒါ‌ပေမယ့် အ‌ခွေတ‌ခွေထုတ်နိုင်ဖို့ဆိုတာ ကျမလို background မ‌တောင့်တဲ့သူအတွက် မလွယ်ပါဘူး။ မတတ်နိုင်ဘူး‌ပေါ့။ အမိုးရဲ့မိတ်‌ဆွေ ဖဒိုပ‌လောမြို့က အန်တီမူးဂ‌ရောရဲ့ ပံ့ပိုးမှုနဲ့ ခုလို ပထမဦးဆုံး တစ်ကိုယ်‌တော်အ‌ခွေ ထုတ်နိုင် တဲ့အထိ ဖြစ်လာတာပါ။ သူက‌တော့ ကျမရဲ ့ producer ပါပဲ။

‌မေး။ ဒီအ‌ခွေထုတ်ဖို ့ဘယ်တုန်းက စတင်ခဲ့တာလဲ။ ပထမဆုံး တစ်ကိုယ်‌တော်‌ခွေထုတ်တဲ့ အ‌တွေ့အကြုံနဲ့ ဘယ်‌လောက်အ တိုင်းအတာအထိ ‌ကျေနပ်အားရမှုရှိသလဲ ‌ပြောပြပါဦး။
‌ဖြေ။ ဒီအ‌ခွေထုတ်ဖို ့၂၀၁၅ခုနှစ်ဦးပိုင်း‌လောက်မှာ စတင်စီစဉ်ခဲ့တာပါ။ ဒါဟာ ပထမဆုံးအ‌ခွေ ဖြစ်ချင်တာရယ်၊ နား‌ထောင်တဲ့သူ ‌တွေအတွက် အ‌ကောင်းဆုံးဖြစ်ချင်တာရယ်၊ အဆို‌တော်တစ်‌ယောက်အ‌နေနဲ့ ‌ရှေ့ဆက်ရပ်တည်ဖို ့ရည်ရွယ်ချက်ရှိတာ‌ကြောင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားတာပါပဲ။ DVD ပါ ထုတ်ဖို ့ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးပြီး‌ရောမဟုတ်ဘဲ နား‌ထောင်ရတာ‌ကော ကြည့်ရကျိုး‌ကောနပ်တဲ့ အ‌ခွေတစ်‌ခွေလည်းဖြစ်ချင်ပါတယ်။ စနစ်တကျ ဖြန့်ချိတာမျိုးလည်း ဖြစ်ချင်တာ‌ကြောင့် စစီစဉ်တဲ့အချိန် ကစပြီး ကိုယ့်ထက် အ‌တွေ့အကြုံရှိသူ‌တွေဆီ လက်လှမ်းမီသမျှ ချဉ်းကပ်ပြီး ဂီတပိုင်း၊ ရိုက်ကူး‌ရေး၊ ထုတ်လုပ်ဖြန့်ချိ‌ရေး‌တွေမှာ အကြံဉာဏ်ယူပါတယ်။
ဆရာညီညီသွင်၊ ဆရာ‌စောခူဆဲ၊ Triangle Band က ကိုပီးပီး၊ ဆရာ‌သောမတ်‌နေလင်း၊ ရပ်နီးရပ်‌ဝေးက မိတ်‌ဆွေဆရာသမား ‌တွေဆီက အဖိုးမဖြတ်နိုင်တဲ့ အကြံဉာဏ်‌ကောင်း‌တွေ၊ ပံ့ပိုးမှု‌တွေ ရခဲ့ပါတယ်။ ‌တေး‌ရေးဆရာက သူတို့စိတ်ကြိုက် ‌ရေး‌ပေးတဲ့ သီချင်း‌တွေပါသလို ကိုယ်လိုချင်တဲ့ ပုံစံမျိုး‌ရေး‌ပေးဖို့ ‌တေး‌ရေးဆရာကို အကူအညီ‌တောင်းခဲ့ရတဲ့ အပုဒ်‌တွေလည်း ပါပါတယ်။ ဒီအ‌ခွေထွက်လာဖို့အတွက် အဆင့်‌တွေအားလုံးမှာ ‌နေ့‌ရောညပါ စိတ်အားလူအား လုံးလုံးနှစ်ပြီး အချိန်‌ပေးခဲ့ပါတယ်။ ဒီအ‌တွေ့ အကြုံကတဆင့် အနုပညာရဲ့တန်ဖိုးကိုလည်း ပိုသိရှိလာပါတယ်။ အားရသလားဆိုတာထက် ပရိဿတ်‌တွေ ဘယ်လိုအဆုံးအ ဖြတ်‌ပေးမလဲ၊ တုံ့ပြန်ကြမလဲဆိုတာကို‌တော့ ‌တွေးကြည့်ပြီး အရမ်းရင်ခုန်ရပါတယ်။
11223849_849873695119536_6454802001096488139_n
‌မေး။ အကြံဉာဏ်‌ကောင်း‌တွေ ယူထားတယ်ဆို‌တော့ ဒီအ‌ခွေမှာ ထူးခြားချက် ဘယ်လိုများရှိလဲ။
‌ဖြေ။ ဒီအ‌ခွေကို audio အပြင် DVD ကိုလည်း karaoke နဲ ့ဆိုနိုင်‌အောင်လည်း စီစဉ်ထားပါတယ်။ original music ကို တန်ဖိုး ထားတဲ့အတွက် အားလုံးကိုယ်ပိုင်သံစဉ်ကိုပဲ ‌ရွေးချယ်ပါတယ်။ ရသစုံစုံလင်လင်နဲ ့အနှစ်သာရရှိတဲ့ စာသား‌တွေနဲ့ သီကုံး‌ပေးကြ တဲ့ ‌တေး‌ရေးဆရာ‌တွေအားလုံးကို ‌ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဖူး‌သော(အကယ်ဒမီ‌သောမတ်)ရဲ့သီချင်းက ကရင် ထား(ကဗျာ)အ‌ပေါ် အ‌ခြေခံပြီး ‌ရေးထားတာ‌ကြောင့် အင်မတန် အဓိပ္ပါယ်‌လေးနက်ပါတယ်။ စ‌ကောကရင်သီချင်း ၁၂ပုဒ်နဲ ့ ကိုပီးပီး ‌ရေး‌ပေးတဲ့ ပိုးကရင်တစ်ပုဒ် ပါတယ်။ အကနဲ့လိုက်ဖက်မယ့် သီချင်း ၂ပုဒ်အတွက် အင်မတန်‌တော်တဲ့ 1WZ အဖွဲ့က လည်း သီချင်းနှစ်ပုဒ်မှာ ပါဝင်အားဖြည့်ထားပါတယ်။ ရိုက်ကူး‌ရေးမှာလည်း ကျမတတ်နိုင်တဲ့အတိုင်းအတာနဲ ့ မရိုးရဘဲ အ‌ကောင်းဆုံးဖြစ်‌အောင် ဆရာ‌သောမတ်‌နေလင်းက စိတ်ရှည်လက်ရှည် အိပ်‌ရေးပျက်ခံပြီး ရိုက်ကူးတည်းဖြတ်‌ပေးထားပါတယ်။

‌မေး။ အားတဲ့အချိန် ဘာလုပ်လဲ။ ဘယ်လိုရည်မှန်းချက်‌တွေ ထားလဲ။
‌ဖြေ။ ရန်ကုန်မြို့‌ပေါ်မှာ ကြီးလာ‌တော့ ဗမာစကား အားသန်တယ်။ ဒါ‌ကြောင့် အားတဲ့အချိန် ကရင်စာ၊ စကား‌ပြော‌လေ့ကျင့်တယ်။ ဖြစ်နိုင်ရင် ပိုးကရင်စကားနဲ ့ပရိဿတ်ကို ဆက်သွယ်နိုင်‌အောင် ကြိုးစားဖို့ စိတ်ကူးရှိတယ်။ ကရင်ပရိဿတ်‌တွေက ကမာ္ဘတစ် လွှားမှာ ‌ရောက်‌နေပြီဆို‌တော့ အဂင်္လိပ်စာကိုလည်း ပို‌လေ့လာဖို ့ရည်ရွယ်ပါတယ်။ ‌အောင်မြင်တဲ့ Professional အဆို‌တော် ဖြစ် ချင်တဲ့အတွက် အသံက‌တော့ ‌နေ့တိုင်း ပုံမှန်ကျင့်တယ်။ သီချင်းမျိုးစုံ နား‌ထောင်ပါတယ်။ လူ့အသိုင်းအဝိုင်းကို အကျိုးပြုတဲ့ အဆို‌တော်လည်း ဖြစ်ချင်တာ‌ကြောင့် သတင်း‌တွေ၊ စာဖတ်ခြင်းအားဖြင့် ပြင်ပဗဟုသုတနဲ ့မျက်‌မှောက်‌ခေတ်အ‌ကြောင်း‌တွေ အခါအား‌လျော်စွာ လိုက်စားတယ်။

‌မေး။ လူငယ်တ‌ယောက်ဖြစ်တဲ့အတွက် လူငယ်‌တွေကို ‌ပြောချင်တဲ့စကားများ ရှိသလား။
‌ဖြေ။ ဟုတ်ကဲ့။ နံပါတ် ၁- ဘုရားကိုအားကိုးဖို ့၊ နံပါတ် ၂- ကရင်လူမျိုးဖြစ်တဲ့အတွက် မိမိနဲ ့သက်ဆိုင်တဲ့ သမိုင်းရိုးရာအ‌မွေအ နှစ်ကိုသိရှိပြီး ‌လေးစားတန်ဖိုးထားဖို၊့ မတူကွဲပြားတဲ့ တစ်ပါးသူရဲ့ ရိုးရာဓ‌လေ့‌တွေကို အပြန်အလှန်‌လေးစားဖို ့၊ နံပါတ် ၃- မိမိ ကိုယ်ကို တန်ဖိုးထားပြီး ‌ပေ့ါ‌ပေါ့မ‌နေကြဘဲ ဝါသနာပါတဲ့အရာမှာ ‌အောင်မြင်‌အောင်ကြိုးစားဖို ့‌ပြောချင်ပါတယ်။ မိမိ‌အောင်မြင်မှ မိမိလူမျိုး‌အောင်မြင်မှာဖြစ်သလို၊ မိမိလူမျိုး‌အောင်မြင်မှပဲ မိမိလည်း ‌အောင်မြင်မှာဖြစ်တယ်လို ့ ယုံကြည်ပါတယ်။ အားလုံး အား‌ပေးရကျိုးနပ်‌အောင် ကျမ ဆက်လက်ကြိုးစား‌နေပါမယ်။ ‌ကျေးဇူးတင်ပါတယ်။