Home ဆောင်းပါး မဲဆန္ဒရှင်ဖြစ်ရန် ‌မျှော်လင့်ချက်မဲ့‌နေသူ‌တွေ

မဲဆန္ဒရှင်ဖြစ်ရန် ‌မျှော်လင့်ချက်မဲ့‌နေသူ‌တွေ

1796

‌စောမြတ်ဦးသာ

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အပစ်ခတ်ရပ်စဲ‌ရေး ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပြီး ‌နောက်ပိုင်း ၂၀၁၅ ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် ဇွန်လက ပထမဦးဆုံးအကြိမ် အ‌ခြေခံမဲစာရင်း ထုတ်ပြန်ချိန်၌ ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း ‌နေထိုင်သည့် ကရင် အမျိုးသား ‌စောရ‌ဖြောင့် တစ်‌ယောက် သူ့နာမည်ပါလာခဲ့၍ အရမ်းဝမ်းသာခဲ့သည်။

‌စောရ‌ဖြောင့် ‌နေထိုင်ကြီးပြင်းလာခဲ့သည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျုံခဝန် ‌ကျေးရွာ ‌လေးသည် လွန်ခဲ့သည့် ၁၉၉ဝ ခုနှစ်မှ ၂၀၁ဝ ကာလအထိ အစိုးရတပ်မ‌တော်နှင့် ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်းတို့၏ ‌ရှေ့တန်းစစ်မျက်နှာပြင် တစ်ခုဖြစ်ခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဧပြီတွင် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် အစိုးရတို ့ ပြည်‌ထောင်စုအဆင့် အပစ်အခတ် ရပ်ဆဲပြီး‌နောက် သူ‌နေထိုင်သည့် ရွာငယ်‌လေး၌ အ‌ခြေခံမဲဆန္ဒရှင်စာရင်းကို မြို့နယ်‌ကော်မရှင်က ၂၀၁၅ ခုနှစ် ဇွန်လက လာကပ်သည့် အချိန်တွင် သူ၏ ကံကြမ္မာနှင့် သူ့‌ဒေသကလူများ အ‌မှောင်ထဲမှာ‌နေထို်င်ခဲ့ရသည့် ဘဝမှမကြာခင် အလင်း‌ရောင်ခြည်သန်းလာမည်ဟု သူယူဆခဲ့သည်။

သို့‌သော် စက်တင်ဘာလတွင် မဲစာရင်းထုတ်ပြန်ချိန်၌ ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ ‌စောရ‌ဖြောင့် ‌နေထိုင်သည့် ‌ကျေးရွာအပါအဝင် ‌ကျေးရွာအုပ်စု ၃၈ စု မဲစာရင်းတွင် မပါဝင်‌တော့ဘဲ လုံခြုံ‌ရေး အ‌ကြောင်း ပြချက်ဖြင့် ထို‌ဒေသများတွင် ‌ရွေး‌ကောက်ပွဲမကျင်းပ‌တော့ဟု ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

‌စောရ‌ဖြောင့် က “ ကျွန်‌တော်တို့နယ်က ရှင်းရှင်း‌ပြောရင် လူရာမဝင်တဲ့နယ်လဲမဟုတ်ဘူး။ ‌ကျေးရွာ အထက်တန်း ‌ကျောင်းလည်းရှိလာပြီးကွာ။ တိုက်နယ်‌ဆေးရုံလည်း ရှိတယ်ဗျာ။ သူတို့အဲလိုလုပ်လိုက်ရင် ကျွန်‌တော်တို့နယ်မှာ အခက်ခဲ‌တွေ တင်ပြဖို့ကိုယ်စားလှယ်တစ်‌ယောက်ဆုံးရှုံးရတယ်။ ရွာသား‌တွေအတွက်‌တော်‌တော်‌လေး အခွင့်အ‌ရေး ဆုံးရှုံးရတာ‌ပေါ့ ” ဟု ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ကျေးရွာအုပ်စု ၅၁ စုရှိပြီး မြို့‌ပေါ်ရပ်ကွက် ၁၆ ရပ်ကွက်ရှိရာ လုံခြုံ‌ရေး အ‌ခြေအ‌နေ‌ကြောင့် ‌ကျေးရွာအုပ်စု ၃၈ စုရှိ ‌ကျေးရွာ‌ပေါင်း ၂၀ဝ နီးပါးတွင် ‌ရွေး‌ကောက်ပွဲ ကျင်းပမည်မဟုတ်ဟု ပြည်နယ်‌ကော်မရှင်က ‌ပြောကြားထားသည်။

ထို‌ကျေးရွာအုပ်စု ၃၈ စု၌ ‌ကျေးရွာစာ‌ရေး‌ကောက်ခံထားသည့် မဲဆန္ဒရှင်စာရင်းများကို ဇွန်လတွင် ပထမအကြိမ်ထုတ်ပြန်ခဲ့ရာ ကရင်အမျိုးသားအစည်အရုံး(KNU)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့မှ ကန့်ကွက်မှုရှိခဲ့၍ ‌နောက်တစ်ကြိမ်မဲစာရင်းများကို မကပ်‌တော့‌ကြောင်း၊ ထို‌ကျေးရွာအုပ်စုများတွင် အစိုးရမှခန့်အပ်ထားသည့် အုပ်ချုပ်‌ရေးမှုးများလည်းမရှိသည့်အတွက် ရပ်‌ကျေး‌ကော်မရှင်လည်း မဖွဲ့နို်င်‌ကြောင်း စသည့် လုံခြုံ‌ရေး အ‌ခြေအ‌နေများ‌ကြောင့် ယင်း‌ဒေသတွင် ‌ရွေး‌ကောက်ပွဲ မကျင်းပ‌တော့‌ကြောင်း ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲအရာရှိ ဦး‌မောင်‌မောင်နိုင်က ‌ပြောသည်။
“အုပ်ချုပ်‌ရေးမှုး မခန့်နိုင်ဘူးဆိုတာလည်း လုံခြုံ‌ရေးအ‌ခြေအ‌နေ‌ကြောင့်ပဲ ဖြစ်တယ်။ ဆက်စပ်‌နေတာပဲ” ဟု ၎င်းက‌ပြောသည်။

မဲစာရင်းပထမအကြိမ်ကပ်စဉ်က ကန့်ကွက်ခဲ့မှုနှင့်ပတ်သက်၍ အစိုးရအ‌နေဖြင့် KNU အ‌ခြေစိုက်နယ်‌မြေများ၌ မဲစာရင်းကပ်မည့်ကိစ္စနှင့်ပတ်သက်၍ ကြိုတင်ညှိနှိုှုင်းမှု မရှိခဲ့သည့်အတွက် KNU ‌အောက်‌ခြေတပ်ဖွဲ့မှ မသိ၍ဟန့်တားခဲ့‌ကြောင်း ‌နောက်ပိုင်း ‌ရွေး‌ကောက်ပွဲမဲစာရင်းကိစ္စဖြစ်၍ ကပ်ခွင့်ပြုခဲ့‌ကြောင်း ဘားအံမြို့ရှိ ကရင်အမျိုးသား အစည်းအရုံး- ‌ကေအဲန်ယူ ဗဟိုဆက်ဆံ‌ရေးရုံးတာဝန်ခံ ‌စောရှီးရိူ ကဆိုသည်။

“ဒါက လုံခြုံ‌ရေးနဲ့မဆိုင်ဘူးနဲတူတယ်။ ကျွန်‌တော်တို့က ဒီမိုက‌ရေစီ‌လျေုာက်လမ်းတာပါ။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲ လုံခြုံ‌ရေးအတွက်ကျွန်‌တော်တို ့ (KNU)အ‌နေနဲ့ အာမခံပါတယ် ” ဟု ‌စောရှီးရိူ က‌ပြောသည်။

ယင်းအပြင် မွန်ပြည်သစ်ပါတီ အ‌နေဖြင့်လည်း ကန့်ကွက်ခြင်း မဟုတ်ဟု ဆိုသည်။ မွန်ပြည်သစ်ပါတီ ‌မော်လမြိုင်ခရိုင်ဥက္ကဌ နိုင်ဗညားလဲ့က “ ကျွန်‌တော်တို့ ကန့်ကွက်တာမဟုတ်ပါဘူး။ ကျွန်‌တော်တို့ ဗဟို ညွန်ကြားချက်ကို‌စောင့် ‌နေတဲ့အချိန်မှာ နည်းနည်းကြာသွားတယ်‌ပေါ့၊ ‌နောက်ပိုင်းကျွန်‌တော်တို့ ခွင့်ပြုထားပါတယ်” ဟု ‌ပြောသည်။

လုံခြုံ‌ရေး အ‌ခြေအ‌နေအရ မဲရုံမဖွင့်လှစ်နိုင်သည့်‌ကျေးရွာအုပ်စုများရှိရာ ကြာအင်းဆိပ်ကြီး‌ဒေသ၌ ပြီးခဲ့သည် ၂၀၁၄ ခုနှစ်က သန်‌ခေါင်စာရင်း‌ကောက်ယူရာတွင် အစိုးရက KNU နှင့်ညိနှိုှု်င်းကာ ‌ဆောင်ရွက်နိုင်ခဲ့သည့် အတွက် လုံခြုံ‌ရေး အ‌ကြောင်းပြချက်အ‌ပေါ် ‌မေးခွန်းထုတ်စရာဖြစ် ‌နေသည်ဟု ‌ဒေသခံများက ‌ဝေဖန် ‌ပြောကြားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသာဒီမိုက‌ရေစီအဖွဲ့ချုပ် ပြည်သူ့ လွတ်‌တော် ကိုယ်စားလှယ်‌လောင်း ဦး‌စောတင်ဝင်းက “သူတို့အ‌ပြောက‌တော တရာမျှတမှုရှိမယ်လို့ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က‌တော ‌ပြောတယ် ဒါ‌ပေမဲ့ ကြည့်ရတာ ဒီမဲစာရင်‌တွေမမှန်ကန်မှု ခုထက်ထိမဲရုံ‌တွေမ‌ကြေညာတာ၊ ကျွန်‌တော်တို့ အ‌နေနဲ နည်းနည်းနားလည်ရ ခက်ခဲ‌နေတယ် ကျွန်‌တော်တို့ပြည်နယ်သူ ပြည်နယ်သား‌တွေဟာ အခုချိန်ထိ မဲတစ်ခါမှမ‌ပေးဖူး‌သေးတဲ့ ပြည်နယ်သား‌တွေ ဒီ‌နေ့အထိရှိ‌နေပါ‌သေးတယ်” ဟုု ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွတ်‌တော် ကိုယ်စားလှယ်‌လောင်း ‌စောညွန့်‌သောင်းက “ ဒီ‌ကျေးရွာအုပ်စု ၄၁ အုပ်စုမဖွင့်လှစ်နိင်တာနဲ့ ပတ်သက်ပြီး ကျွန်‌တော်တို့ ကြာအင်းဆိပ်ကြီးမြို့နယ်က ပြည်သူလူထု‌တွေ အခွင့်အ‌ရေးနစ်နာတာ‌ပေါဗျာ” ဟု ‌ပြောသည်။

ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် လည်း လုံခြုံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ရပ်ကွက်နှင့်‌ကျေးရွာအုပ်စု‌ပေါင်း ၄၆ အုပ်စု၌ မဲရုံမဖွင်လှစ်နိင်ခဲ့သည့် အတွက် ‌ဒေသခံအများစု မဲ‌ပေးခွင့်ဆုံးရှုံးခဲ့ရပြီး ကရင်ပြည်နယ်တစ်ခုလုံးအတွက် အများဆုံးမဲရုံမဖွင့် လှစ်နိင်ခဲ့သည်မြို့ နယ်တစ်ခုလည်း ဖြစ်ခဲ့သည်။

လာမည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်တစ်ခုလုံး၌ ‌ကျေးရွာအုပ်စု ၉၄ စု ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်မည် မဟုတ်ဟု ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ‌အောက်တိုဘာ ၁၂ ရက်‌နေ ့တွင် သတင်းထုတ် ပြန်ထားသည်။