Home ထိပ်တန်းသတင်း ‌ရေးရာမဲစာရင်းတွင် ပါဝင်ခွင့်ရရန်တင်ပြလာ သူများကိုပြန်စိစစ်ဖြည့်စွက်‌ပေးမည်ဟု ‌ကော်မရှင်‌ပြောဆို

‌ရေးရာမဲစာရင်းတွင် ပါဝင်ခွင့်ရရန်တင်ပြလာ သူများကိုပြန်စိစစ်ဖြည့်စွက်‌ပေးမည်ဟု ‌ကော်မရှင်‌ပြောဆို

1869

စက်တင်ဘာ ၄ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသား‌ရေးရာမဲစာရင်းများ ထုတ်ပြန်သည့်အခါ မပါဝင်ဘဲ ကျန်ခဲ့သည့် တိုင်းရင်းသားများရှိပါက ပြန်စိစစ် ဖြည့်စွက်‌ပေးသွားမည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကိုက ‌ကေအိုင်စီ သို ့ယ‌နေ ့‌ပြောသည်။
လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင်နှင့် ရခိုင် တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နေရာများကို ယင်းတိုင်း‌ဒေသကြီးအတွင်း‌နေထိုင်သည့် အဆိုပါတိုင်းရင်းသားများက ‌ရွေးချယ်‌ပေးရမည်ဖြစ်ကာ ထို့အတွက် ‌ရေးရာမဲစာရင်းကို တိုင်း‌ကော်မရှင်က သီးခြားပြုစုထုတ်ပြန်‌ပေးသွားမည်ဖြစ်ပြီး ထိုစာရင်းတွင်ကျန်ခဲ့ သူများရှိပါက ‌လျှောက်ထားနိုင်‌ကြောင်း သိရသည်။
“ တိုင်းရင်းသားဖြစ်တယ်။ ကျန်ခဲ့တယ်ဆိုရင် သူ့မှာလည်း တင်ပြဖို ့အခွင့်အ‌ရေးရှိပါတယ်။ အဲ့အခါကျရင် ‌ကော်မရှင် သ‌ဘောတခုတည်းနဲ့ လုပ်လို ့‌တော့ မရဘူး။ လဝက ကိုပြန်ပြီး‌တော့ စစ်‌ဆေးခိုင်းမှာပါ။ လဝကရဲ့ ‌တွေ့ရှိချက်အတိုင်း ပြင်ဆင်ဖြည့်ဆွက်‌ပေးသွားမှာဖြစ်ပါတယ်” ဟု တိုင်း‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကိုက ‌ပြောသည်။
ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်တိုင်းရင်းသား‌ရေးရာမဲစာရင်းတွင် မပါဝင်ဘဲကျန်ခဲ့သည့် ကရင်တိုင်း ရင်းသားများ ရှိခဲ့သလို တိုင်းရင်းသား‌ရေးရာမဲစာရင်းများကို အမြန်ဆုံးပြုစုထုတ်ပြန်‌ပေးရန် လိုသည်ဟု ရန်ကုန်မြို့အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီများက ‌ပြောသည်။
“ ကရင်တိုင်းရင်းသားဖြစ်တယ်။ ‌ရေးရာမဲစာရင်းမှာ မပါဘူးဆိုရင် သက်ဆိုင်ရာ‌ကော်မရှင်ထံ တင်ပြ‌ပေးသွားမှာပါ။ ကရင်တိုင်းရင်းသား‌တွေအ‌နေနဲ့လည်း ‌ရေးရာမဲစာရင်းမှာပါမပါ သွားကြည့်ပြီး အချိန်မှီ ပြင်ဆင်နိုင်‌အောင် လုပ်‌စေချင်ပါတယ်” ဟု ကရင်ပြည်သူ ့ပါတီ ကိုယ်စားပြု၊ မွန်ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာ ဝင်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူ ‌နော်ဆာထူးက ‌ကေအိုင်စီသို ့‌ပြောသည်။
တစ်နိုင်ငံလုံး အ‌ခြေခံ မဲစာရင်းများကို စက်တင်ဘာ ၁၄ ရက်‌နေ ့တွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ထုတ်ပြန်‌ပေးသွားမည်‌သော်လည်း ယခုတစ်ကြိမ်တွင် တိုင်းရင်းသား‌ရေးရာ မဲစာရင်းများကို သီးခြား ထုတ်ပြန်‌ပေးမ‌ပေးကို လက်တ‌လောမ‌ပြောဆိုနိုင်‌သေး‌ကြောင်း တိုင်း‌ကော်မရှင်အဖွဲ့ခွဲ ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကော်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာ မဲစာရင်းတွင် စုစု‌ပေါင်း ၁၅၈,၄၂၉ ဦးရှိကာ လာမည့်‌ရွေး‌ကောက်ပွဲတွင် ကရင်‌ရေးရာမဲစာရင်း ‌လေး‌သောင်းဝန်ကျင် တိုးလာနိုင်သည်ဟု ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူပါတီက ခန် ့မှန်းထားသည်။