Home ထိပ်တန်းသတင်း BGF နှင့် ဗိုလ်‌ကျော်သက် လက်‌အောက်ခံအဖွဲ့ တို ့အကြားပစ်ခတ်မှုဖြစ်ပွား

BGF နှင့် ဗိုလ်‌ကျော်သက် လက်‌အောက်ခံအဖွဲ့ တို ့အကြားပစ်ခတ်မှုဖြစ်ပွား

1719

စက်တင်ဘာ ၄ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ တတန်ကူး‌ကျေးရွာအုပ်စု၊ ဆင်ကုန်းပိုင်းနှင့် ပျားပင်ကွင်း အပိုင်းဆုံရာ လမ်းမအနီး၌ အစိုးရလက်‌အောက်ခံ BGF တပ်ရင်း ၁၀၁၉ နှင့် DKBA မှထုတ်ပယ်ထားသည့် ဗိုလ်‌ကျော်သက် လက်‌အောက်ခံ ဗိုလ်နားမကြားအဖွဲ့တို ့အကြား စက်တင်ဘာ ၂ ရက်‌နေ ့မွန်းလွဲပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ သည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ‌ကော့ကရိတ်မြို့နယ်၊ နန်‌ကော်တိုးရွာမှ အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “ မ‌နေ ့ကဖြစ်တာပါ၊ တို ့‌နေတဲ့ နန်‌ကော်တိုးနဲ ့‌တော့ နည်းနည်း‌ဝေး‌ပေမဲ့ အပြန်အလှန်ပစ်ခတ် သံ‌တွေ‌တော့ ကြား‌နေရတယ်။ ပျားပင်ကွင်းရွာကက‌တော့ အခုထိ ပြန်မ‌နေရဲ‌သေးဘူး၊ ‌ကျောင်းလည်း မဖွင့်နိုင်‌သေးဘူး” ဟု စက်တင်ဘာ ၃ ရက်‌နေ ့တွင် ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါ နှစ်ဖက်ပစ်ခတ်မှုမှာ မွန်းလွဲ ၃ နာရီ ခွဲ‌ကျော်မှစတင်ကာ နာရီဝက်ခန် ့ကြာမြင့်ခဲ့ပြီး အပြန်အလှန်ပစ်ခတ် ‌နေစဉ် BGF တပ်ဖွဲ့ရှိရာ ပျားပင်ရွာလမ်းမဘက်သို ့လက်နက်ကြီးကျည် ကျ‌ရောက်‌ပေါက်ကွဲခြင်း‌ကြောင့် BGF တပ်ရင်း ၁၀၁၉ မှ တပ်သားတဦးနှင့် ‌ဒေသခံရွာသားတဦးတို ့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု BGF ဘက်မှ ‌ပြောဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူ BGF တပ်သားတဦးနှင့် ‌ဒေသခံရွာသားတဦးတို ့ကို မြဝတီမြို့ပြည်သူ‌ဆေးရုံသို ့ တင်ပို ့ကုသခဲ့‌သော်လည်း ယင်းတပ်သားမှာ ဦး‌ခေါင်းဒဏ်ရာ ပြင်းထန်သည့်အတွက် ထိုင်းနိုင်ငံ၊ မဲ‌ဆောက် ‌ဆေးရုံသို ့တင်ပို ့ကုသ‌နေသည်ဟု BGF ဘက်က အတည်ပြု‌ပြောသည်။

ထိုသို ့နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် DKBA တပ်ဖွဲ့ဝင်‌ဟောင်း ဗိုလ်နားမကြားနှင့်အဖွဲ့များ ဆုတ်ခွာ သွားပြီး ယင်းတပ်ဖွဲ့ဝင်များ ကျဆုံး၊ ဒဏ်ရာရမှု ရှိမရှိကို မသိရ‌သေးသလို ဗမာအစိုးရ စစ်တပ်နှင့် BGF တပ်များက လိုက်လံ ရှင်းလင်းတိုက်ခိုက်‌နေ‌ကြောင်း သိရသည်။

ထိုသို ့ထိ‌တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအ‌ပေါ် ယင်း‌ဒေသရှိ အမည်မ‌ဖော်လိုသူတဦးက ” အခုလို ခဏခဏ ဖြစ်‌နေရင်‌တော့ ရွာပုန်းရွာ‌ရှောင်‌တွေ ဖြစ်ကုန်‌တော့မယ်။ အခု ရွာသစ်ကုန်းထိပ်မှာ တိုက်ပွဲဖြစ်ပြီးကတည်းက အစိုးရစစ်တပ်အာရှလမ်းစစ်‌ကြောင်းက ‌ပေးမသွား‌တော့ဘူး။ ရွာသစ်ကုန်းရွာနဲ ့အန်က‌လော်ရွာ အဝင်လမ်းကို ပိတ်ထား‌တော့ ‌ကော့နွဲရွာ အ‌နောက်ဘက်က‌နေ ကုန်းလမ်း၊ ‌ရေလမ်းနဲ ့ပတ်ပြီးသွား‌နေရတယ်။ လူမမာ၊ ကိုယ်ဝန်‌ဆောင် အားလုံးသွားလာရ ဒုက္ခ‌ရောက်‌နေတယ်” ဟု ‌ပြောဆိုသည်။

လက်ရှိတွင် အာရှလမ်းအနီးတစ်ဝိုက်တွင် မကြာခဏ ထိ‌တွေပစ်ခတ်မှုများဖြစ်‌ပေါ်‌နေပြီး ‌ဒေသခံများကို လူမှု အဖွဲ့အစည်းများထံ ဆက်သွယ်အကူအညီ‌တောင်းခြင်း၊ သတင်းမီဒီယာများနှင့် ဆက်သွယ်‌ပြောဆိုခြင်း မပြုရန် အစိုးရစစ်တပ်မှ ခြိမ်း‌ခြောက်‌ပြောဆိုမှုများရှိသလို ‌ဒေသခံများလည်း ပစ်ခတ်မှုများ‌ကြောင်း အဖက်ဖက်မှ အခက်အခဲဖြစ်‌ပေါ်‌နေ‌ကြောင်း ‌ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။