Home သတင်း (၅)နှစ်‌မြောက် နယ်ခြား‌စောင့်တပ် နှစ်ပတ်လည်အခမ်းအနား ပရိဿတ် ‌ထောင်ချီတက်‌ရောက်

(၅)နှစ်‌မြောက် နယ်ခြား‌စောင့်တပ် နှစ်ပတ်လည်အခမ်းအနား ပရိဿတ် ‌ထောင်ချီတက်‌ရောက်

3495

ဩဂုတ် ၂၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ယ‌နေ့ ဩဂုတ်လ ၂၁ရက်‌နေ့ကျ‌ရောက်သည့် အမှတ်(၁၀၂၂) ကရင်နယ်ခြား‌စောင့်တပ် (၅)နှစ်‌မြောက် တပ်နှစ်ပတ်လည်‌နေ့ အ ခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်‌ကျေးရွာရှိ တပ်ရင်း စစ်‌ရေးပြကွင်း၌ ပြုလုပ်ကျင်းပခဲ့ရာ အလွှာ‌ပေါင်းစုံ ပါဝင်သည့် ပရိဿတ် ၁၀၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

အမှတ် ၁၀၂၂တပ်ရင်းမှူး ဗိုလ်မှူး‌စောမုတ်သုန်က “ဘာ‌ကြောင့် BGF ကို လုပ်တာလဲဆိုတာ နိုင်ငံ‌ရေးအ‌ခြေအ‌နေ ‌ပြောင်းလဲလာ တဲ့အတွက် လုပ်တာဖြစ်ပါတယ်။ ကရင်လူမျိုးအတွက်၊ နိုင်ငံ‌တော်အတွက် လုပ်တာပဲဖြစ်ပါတယ်။ ဒါ‌ကြောင့် ခွဲခြားပြီး မချစ် တတ်ဘူး။ တိုင်းရင်းသားညီအစ်ကို‌တွေကို တန်းတူရည်တူပဲ ချစ်ရမယ်။ ဒီ‌နေ့ကစပြီး တစ်‌ယောက်နဲ့တစ်‌ယောက် အမြင်မှားတာ ‌တွေ မရှိ‌တော့ဘဲနဲ့ အချင်းချင်း ချစ်ခြင်း‌မေတ္တာဖြင့် ကြည့်ကြပါလို့ ‌ပြောချင်တယ်”ဟု ကရင်ဘာသာဖြင့် ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းအပြင် BGF အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူကလည်း ၎င်းတို့နယ်ခြား‌စောင့်တပ်ကို လက်ခံခြင်းသည် အမျိုးသား‌ခေါင်း ‌ဆောင် ‌စောဘဦးကြီး မူ(၄)ချက်နှင့် ကိုက်ညီ၍ လက်ခံခဲ့ခြင်းဖြစ်သလို ကရင်အမျိုးသားတို့၏ အကျိုးစီးပွားအတွက် လုပ်‌ဆောင် ခြင်းဖြစ်‌ကြောင်း၊ လက်ရှိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းတွင် မိမိတို့ အ‌နေဖြင့် အကူအညီမ‌ပေးနိုင်သည့်တိုင် အ‌နှောက်အယှက်မ‌ပေးသင့်‌ကြောင်း အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

BGF နှစ်ပတ်လည်‌နေ့ကို အမှတ် (၁၀၂၂) တပ်ရင်းအ‌ခြေချရာ မဲကနယ်‌ကျေးရွာနှင့် ‌ရွှေက္ကိုလ်မြိုင်‌ကျေးရွာတို့၌ နှစ်စဉ် ကျင်းပခဲ့ ‌လေ့ရှိ‌သော်လည်း ယခု (၅)နှစ်‌မြောက် တပ်နှစ်ပတ်လည်‌နေ့ကို အမှတ်(၁၀၂၂)တပ်ရင်း၌သာ ကျင်းပခဲ့ခြင်းဖြစ်သည်။ နံနက် ၇နာရီမှ ၉နာရီခန့်အထိ ပြုလုပ်ကျင်းပသည့် ၎င်းအခမ်းအနားတွင် စစ်‌ရေးပြအစီအစဉ်၊ သက်ဆိုင်ရာ နယ်ခြား‌စောင့်တပ်နှင့် အစိုးရတပ်မ‌တော်အရာရှိတို့မှ မိန့်ခွန်း‌ပြောကြားခြင်း၊ ‌ပေးပို့လာသည့် ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခြင်း၊ ဗိုလ်မှူးကြီး‌စောချစ် သူက စစ်‌ရေးပြ စစ်သည်များကို လိုက်လံစစ်‌ဆေးမှုများ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ BGF အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူ၊ အမှတ် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူး‌စောမုတ်သုန်၊ စစ်ဆင် ‌ရေးကွပ်ကဲမှုဋ္ဌာနချုပ် (စကခ ၁၂)မှူး ဗိုလ်မှူးကြီးစိုးမင်းဦး၊ သဃင်္န်းညီ‌နောင် အ‌ခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးခိုင်တို့အပြင် အစိုးရဋ္ဌာနဆိုင်ရာအရာရှိများ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ ထိုင်း နိုင်ငံသားဧည့်သည်များနှင့် ‌ဒေသခံရွာသားများ တက်‌ရောက်ခဲ့ကြသည်။
chi 1
ထိုအခမ်းအနား တက်‌ရောက်လာသူ KNU အမြဲတမ်း ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက “သူတို့ဖိတ်လို့ ကျ‌နော်လာတာ ဖြစ်တယ်။ အမျိုးသားစည်းလုံးညီညွတ်မှုက အ‌ရေးကြီးတယ်‌လေ။ တိုင်းပြည်စည်းလုံးညီညွတ်မှုကလည်း အ‌ရေးကြီးတာကိုး။ အားလုံးက အ‌ရေးကြီးတယ်။ အဲဒီအ‌ပေါ်မှာ ကျ‌နော်တို့က တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိ တစ်ဦးအခွင့်အ‌ရေး တစ်ဦး ‌လေးစားပြီး‌တော့မှ ‌ဆောင်ရွက်မယ်ဆိုရင်‌တော့ ဒါ ပို‌ကောင်းတာ‌ပေါ့။”ဟု ‌ပြောသည်။

ထို့အတူ DKBA (၉၀၉)တပ်ရင်းမှ ဗိုလ်မှူး‌စောကြာနီကလည်း “ကျ‌နော်လာတာ အမျိုးသားစည်းလုံးညီညွတ်‌ရေးနဲ့ ငြိမ်းချမ်း‌ရေး အတွက်ပါပဲ။ ကျ‌နော်တို့ ကရင်အမျိုးသား‌တွေ စည်းလုံးညီညွတ်ဖို့အတွက် အမြဲတမ်း လက်တွဲရမယ်။ ‌မျှော်လင့်ချက် ပန်းတိုင် တစ်ခုတည်း ဖြစ်ရမှာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

BGF ကို ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ဩဂုတ်လက တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ)မှ တပ်ရင်း ၁၂ရင်းနှင့် ‌ဟောင်သ‌ရောအ‌ခြေစိုက် KPF တပ်ရင်းတစ်ရင်းတို့ ပါဝင်ကာ တပ်ရင်း (၁၃)ရင်းဖြင့် တပ်မ‌တော် ကာကွယ်‌ရေးဋ္ဌာန လက်‌အောက်ခံအဖြစ် အသွင်ကူး‌ပြောင်းခဲ့သည်။ လက်ရှိ ကရင်နယ်ခြား‌စောင့်တပ်(BGF) အမှတ် (၁၀၁၁)မှ (၁၀၂၃) တပ်ရင်း အထိ တပ်ရင်း ၁၃ရင်းတွင် တပ်ဖွဲ့ဝင်‌ပေါင်း ၆၀၀၀၀(‌ခြောက်‌ထောင်)‌ကျော်ရှိသည်ဟု နယ်ခြား‌စောင့်တပ်က ‌ပြောသည်။