Home သတင်း အမျိုးသမီး မဲ‌ပေးခွင့်ဆိုင်ရာ တစ်ရက်တာပညာ‌ပေးသင်တန်း KWEG နှင့် WON တို့ ပူး‌ပေါင်းလုပ်‌ဆောင်

အမျိုးသမီး မဲ‌ပေးခွင့်ဆိုင်ရာ တစ်ရက်တာပညာ‌ပေးသင်တန်း KWEG နှင့် WON တို့ ပူး‌ပေါင်းလုပ်‌ဆောင်

1737

ဩဂုတ် ၂၁ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အမျိုးသမီးများမဲ‌ပေးခွင့်မဆုံးရှုံး‌စေ‌ရေးနှင့် အမျိုးသမီးကိုယ်စားလှယ်‌လောင်းများကို မဲ‌ပေး ရန် ရည်ရွယ်ပြီး အသိပညာ‌ပေးသင်တန်းကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ သု‌မေဓာရာမ ကြား‌တောရ ‌ကျောင်းတိုက်၌ ဩဂုတ်လ ၂ဝရက်‌နေ့တွင် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအသင်း(KWEG) နှင့် အမျိုးသမီးများကွန်ရက်(WON)တို ့က ပူး‌ပေါင်းလုပ် ‌ဆောင်ခဲ့သည်။

အဆိုပါသင်တန်းကို အမျိုးသမီးများမဲ‌ပေးနိုင်‌ရေး၊ မိမိပတ်ဝန်းကျင်တွင် လက်ဆင့်ကမ်းပြန်ရှင်းပြနိုင်ရန် အတွက် ရည်ရွယ်ပြီး ‘ ဒို့အမျိုးသမီးများအား မဲ‌ပေးထား ’ ‌ခေါင်းစဉ်ဖြင့် ဖွင့်လှစ်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု KWEG ၏ ဆက်သွယ်ညှိနှိုင်း‌ရေးမှူး ‌နော် ခိုင်သစ္စာက ‌ကေအိုင်စီသို ့‌ပြောသည်။

“အမျိုးသမီး‌တွေကို မဲ‌ပေးဖို့ မဲဆွယ်တာ‌ပေါ့‌နော်။ ‌နောက်ပြီး ဆင့်ပွားပြန်‌ပြောပြနိုင်ဖို့‌ပေါ့။ ကိုယ့်ရဲ့ ‌ရွေးချယ်ပိုင်ခွင့်က ဘယ် ‌လောက်အထိ အ‌ရေးပါလဲဆိုတာ ပြည်သူ‌တွေက မသိကြဘူး။ အမျိုးသမီး‌တွေက ကိုယ့်မိသားစုနဲ့ အိမ်နီးနားချင်း‌တွေကို ပြန်ရှင်း ပြတတ်တယ်။ အဲဒါ‌ကြောင့် အမျိုးသမီး‌တွေကို အမြင်ဖွင့် ပြုလုပ်‌ပေးတာ”ဟု ‌နော်ခိုင်သစ္စာက ‌ပြောသည်။
IMGP1068
ယမန်‌နေ့က တစ်ရက်တာပြုလုပ်သည့် အဆိုပါသင်တန်းသို ့ ဖားအံမြို့၊ လှှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်ခွဲမှ ၁၈နှစ်နှင့်အထက် အမျိုးသမီး ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး လက်ရှိ ‌ကျေးလက်‌ဒေသများတွင် ‌ရွေး‌ကောက်ပွဲအ‌ပေါ် လူထုစိတ်ဝင်စားမှု အား နည်း‌သေးသည်ကို‌တွေ့ရ‌ကြောင်း သင်တန်းသူများက ဆိုသည်။

“ရွာမှာ‌တော့ ဘယ်ပါတီ‌တွေရှိလဲမသိဘူး။ ပါတီဆိုတာ ဘာလဲမသိဘူး ‌တောမှာ‌နေတာ သိတဲ့အတိုင်းပဲ။ ပြီးခဲ့တဲ့ ၂၀၁၀‌ရွေး ‌ကောက်ပွဲတုန်းက မဲထည့်တယ်။ ဘယ်သူ့ကိုထည့်တာလဲ မမှတ်မိ‌တော့ဘူး။ အခု သင်တန်းက သူများ‌ခေါ်လွန်းလို့ လာတက် တာ။ အမှန်‌တော့ မတက်ချင်ဘူး။ ပညာမှမတတ်တာ။ တက်လို့မရဲဘူး‌ပေါ့”ဟု ဖားအံမြို့နယ်၊ ထားဝယ်‌အောင်‌ကျေးရွာမှ ဂါးခင် ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း လူမှုအဖွဲ့အစည်းများက ‌ရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာ‌ပေးသင်တန်းများ ဖွင့်လှစ်မှုများရှိ ‌သော်လည်း ‌ရွေး‌ကောက်ပွဲ‌စောင့်ကြည့်‌လေ့လာ‌ရေးအတွက် စီစဉ်‌ဆောင်ရွက်မှုအပိုင်း အားနည်း‌နေ‌သေး‌ကြောင်း ပြည်နယ်အ တွင်း အ‌ခြေစိုက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။