Home သတင်း ဘဝသစ်အကျဉ်းစခန်းက သိမ်းယူထားသည့် လယ်‌မြေ ၇၂ဝ ဧကကို မူလပိုင်ရှင်ထံ ပြန်မ‌ပေး‌သေး

ဘဝသစ်အကျဉ်းစခန်းက သိမ်းယူထားသည့် လယ်‌မြေ ၇၂ဝ ဧကကို မူလပိုင်ရှင်ထံ ပြန်မ‌ပေး‌သေး

1325

‌မေ ၇ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာက‌ဒေါင်‌ကျေးရွာအုပ်စုအတွင်းရှိ ပြည်ထဲ‌ရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန လက်‌အောက်ခံ၊ ဘဝသစ် အကျဉ်းစခန်းမှ ၂၀၀၈ ခုနှစ် ကတည်းက သိမ်းယူထားသည့် မူလပိုင်ရှင် ‌ဒေသခံ လယ်သမား ၉၅ဦး၏ လယ်ယာ‌မြေ ၇၂ဝ ဧကကို ယခု အချိန်ထိ ပြန်လည်‌ပေးခြင်း မရှိ‌သေးဟု ‌ဒေသခံ လယ်သမားများက ‌မေ ၆ ရက်‌နေ ့တွင်‌ပြောသည်။

အဆိုပါ သိမ်းဆည်းခံ လယ်‌မြေများ ကိစ္စနှင့် ပတ်သက်၍ ဖားအံမြို့နယ်၊ လှာက‌ဒေါင်‌ကျေးရွာအုပ်စုအတွင်းရှိ ဘဝသစ်အကျဉ်းဦးစီးစခန်း၌ ဖားအံမြို့နယ် ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး အပါအဝင် ‌ဒေသခံလယ်သမားများနှင့် အကျဉ်းစခန်း တာဝန်ရှိသူတို ့ ‌မေ ၆ ရက်‌နေ ့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ ‌သော်လည်း သက်ဆိုင်ရာက ပြန်‌ပေးရန် အ‌ခြေအ‌နေမရှိ‌သေးသည်ကို‌တွေ့ရသည်ဟု မူလပိုင်ရှင် ‌ဒေသခံ လယ်သမားများ ကိုယ်စားလှယ် ‌စောခင်မြိုင်က ‌ကေအိုင်စီသို ့အခုလို ‌ပြောသည်။

“ သိမ်းထားတဲ့ လယ်‌မြေကိစ္စကို ပြန်ရဖို့အတွက် နန်း‌စေးအွာ၊ အကျဉ်းစခန်းမှူးဦးမြင့်သိန်းနဲ ့ လယ်သမား ‌တွေရယ် ဒီ‌နေ့မှာ ဘဝသစ်အကျဉ်း‌ထောင်မှာ ‌တွေ့ဆုံကြပါတယ်။ ဒါ‌ပေမဲ့ ဘာမှမထူးဘူး၊ အကျဉ်းစခန်းက အထက်ကို စာတင်ပြရဦးမယ်လို ့‌ပြောတယ်၊ နန်း‌စေးအွာ‌ပြောတာကလည်း ပြန်ရဖို့ ဘာမှ မ‌သေချာတဲ့ပုံပဲ။ ကျ‌နော်တို့ဆန္ဒက‌တော့ သိမ်းထားတဲ့ လယ်‌မြေ‌တွေကို ပြန်လုပ်ကိုင်ချင်တယ် ” ဟု ‌စောခင်မြိုင်က ‌ပြောသည်။

အဆိုပါ လယ်ယာ‌မြေများ သိမ်းယူခြင်းခံရသည့် လယ်သမားများအ‌နေဖြင့် စားဝတ်‌နေ‌ရေး အခက်အခဲများ ကြုံ‌တွေ့ခဲ့ရပြီး မိမိတို့သားသမီးအများစုကို ထိုင်းနိုင်ငံသို့ တရားမဝင် သွား‌ရောက် အလုပ် လုပ်ကိုင်‌နေကြရကာ နိုင်ငံ‌တော်အကြီးအကဲများ အ‌နေဖြင့် လယ်သမားများအား ငှဲ့ညှာသနား‌သောအားဖြင့် ပြန်‌ပေး‌စေလို သည်ဟု လယ်သမားကိုယ်စားလှယ် ‌စောခင်လှမြိုင်က ဆက်‌ပြောသည်။

ယင်း လယ်ယာ‌မြေများကို ‌ဒေသခံလယ်သမားများထံ ပြန်လည်‌ပေးရန် ကိစ္စကို ဘဝသစ် အကျဉ်းစခန်းမှူး အ‌နေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိ‌ကြောင်း၊ အကျဉ်းဦးစီး ဌာနမှ တစ်ဆင့် ပြည်ထဲ‌ရေးဝန်ကြီးဌာနသို ့တင်ပြ သွားမည် ဖြစ်သလို ပြန်‌ပေးမ‌ပေးကို ပြည်ထဲ‌ရေးဝန်ကြီးဌာနကသာ ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ဘဝသစ် အကျဉ်း စခန်း ဦးစီးမှူးဖြစ်သူ ဦးမြင့်သိန်းက ‌တွေ့ဆုံပွဲတွင် ‌ပြောဆိုခဲ့သည်ဟု လှာက‌ဒေါင် ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စော‌ငွေဝင်းက ‌ကေအိုင်စီသို ့ ‌ပြောသည်။

၎င်းက “ အကျဉ်းဦးစီမှူး ဦးမြင့်သိန်းက ‌လော‌လောဆယ်‌တော့ လယ်သမား‌တွေကို ပြန်‌ပေးဖို့ သူမှာ လုပ်ပိုင် ခွင့်မရှိဘူး၊ အထက်သို့ စာတင်ပြ‌ပေးပါ့မယ်လို့သာ လယ်သမား‌တွေကို ‌ပြောပါတယ်။ လွတ်‌တော်အမတ် နန်း‌စေအွာကလည်း လယ်သမားများ နစ်နာ‌ကြေး၊ ဒါမှမဟုတ် အစားထိုး‌ပေးဖို့အတွက် လွှတ်‌တော်မှာ တင်ပြ‌ပေးပါ့မယ်လို ‌ပြောတယ် ” ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့၊ လှာက‌ဒေါင်‌ကျေးရွာအုပ်စုအတွင်းရှိ ဘဝသစ်အကျဉ်းစခန်းကို ၂၀၀၈ ခုနှစ်တွင် လာ‌ရောက်တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုသို ့တည်‌ဆောက်ရာတွင် ‌ဒေသခံလယ်သမားများ၏ လယ်‌မြေ ၇၂ဝ ဧက အသိမ်းခံခဲ့ရသည်။ လက်ရှိ အစိုးရသစ် လက်ထက်တွင် ယင်းလယ်‌မြေများကိစ္စကို လွှတ်‌တော်အမတ်များ နှင့် အစိုးရဌာနဆိုင်ရာတို့မှ မူလပိုင်ရှင်‌ဒေသခံများနှင့် အကြိမ်ကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေး ခဲ့‌သော်လည်း ယခုချိန်ထိ ‌ပြေလည်မှု မရရှိ‌သေး‌ကြောင်း သိရသည်။