Home သတင်း ကရင်ပြည်နယ်အတွင်း ပိတ်ထားသည့် မဲဆန္ဒနယ်အားလုံး ပြန်ဖွင့်‌ပေးရန် ပါတီအဖွဲ့အစည်းများလိုလား

ကရင်ပြည်နယ်အတွင်း ပိတ်ထားသည့် မဲဆန္ဒနယ်အားလုံး ပြန်ဖွင့်‌ပေးရန် ပါတီအဖွဲ့အစည်းများလိုလား

1333

‌မေ ၆ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောညွှန် ့‌သောင်း

ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ‌ဒေသအ‌ခြေအ‌နေ‌ကြောင့် ‌ရွေး‌ကောက်ပွဲမကျင်းပ ဘဲ ပိတ်ထားသည့် မဲဆန္ဒနယ်များအားလုံး လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပြည်လည်ဖွင့်လှစ်‌ပေးရန် လိုလားသည်ဟု ပြည်နယ်အတွင်းရှိ နိုင်ငံ‌ရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူများက ‌ပြောသည်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့များနှင့် အစိုးရတို ့အပစ်ရပ်စဲထားကာ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေသည့်အချိန် ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအတွင်း မဲဆန္ဒနယ်များ ဖွင့်လှစ်နိုင်ရန်အတွက် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များက လက်ခံထားသလို ယင်းမဲဆန္ဒနယ်များ မဖွင့်လှစ်နိုင်ပါက ‌ဒေသခံများ နစ်နာမှုရှိသည်ဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက် တစ်ပါတီ ဒုတိယ ဥက္ကဌ မန်း‌အောင်ကြည်စိုးက အခုလို‌ပြောသည်။

“ ပိတ်ထားခဲ့တဲ့ အချို့ မဲဆန္ဒနယ်‌မြေ‌တွေကို ပြန်ဖွင့်‌ပေး‌ပေမယ့်လည်း အားလုံးမပါ‌သေးဘူး၊ ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်ပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်‌ဆောက်တဲ့အ‌နေနဲ့ ‌ကေအဲန်ယူ နယ်‌မြေ‌တွေမှာလည်း မဲဆန္ဒနယ် ဖွင့်‌ပေးဖို့လိုပါတယ်။ ‌ကေအဲန်ယူတို့လည်း လက်ခံတယ်၊ ဖွင့်မဖွင့်‌တော့ အစိုးရဘက်က အပိုင်းပါ။ ကျ‌နော်တို့ က‌တော့ အားလုံးဖွင့်‌ပေးဖို့ အမြဲ‌ပြောပါတယ်။ မဟုတ်ရင် လူထုအတွက် ‌နောက်ထပ်နစ်နာ ‌နေဦးမှာဘဲ ”ဟု ‌ကေအိုင်စီသို ့ ‌ပြောသည်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ ထိန်းချုပ်နယ်‌မြေတွင် အစိုးရ ‌ကျေးရွာအုပ်ချုပ် ‌ရေးမှူးများ မထားရှိနိုင်‌သေးသည့် ‌ကျေးရွာအများအပြား ရှိပြီး ယင်း‌ဒေသအ‌ခြေအ‌နေများအရ မဲဆန္ဒနယ် ဖွင့်လှစ်ရန် မ‌တောင်းဆိုသင့်ဟု ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် မြို့နယ်အဆင့် တာဝန်ရှိသူများက ‌ပြောသည်။

ထို ့အပြင် ၂၀၁ဝ ‌ရွေး‌ကော်ပွဲတွင် ကရင်ပြည်နယ်အတွင်း ပိတ်ထားသည့် မဲဆန္ဒနယ်များအား လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အချို့ပြန်ဖွင့်‌ပေးရန်ရှိ‌သော်လည်း အားလုံးပြန်ဖွင့်‌ပေးရန် ယခုချိန်တွင် အတိအကျမ‌ပြောနိုင် ‌သေး‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ကရင်ပြည်နယ် အဖွဲ့ခွဲ ဥက္ကဌ ဦးဝင်း‌ကျော်က ဧပြီ ၃ဝ ရက်‌နေ ့တွင် ဖားအံမြို့၌ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်‌တွေ့ဆုံစဉ်‌ပြောခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ မန်းသိန်း‌ဇော်က “ ကျ‌နော့်အမြင် အဲဒီလိုမဖြစ် သင့်ဘူး၊ ပြည်သူ‌တွေဟာ နိုင်ငံသားအခွင့်အ‌ရေးရှိတယ်။ ဒီကိစ္စမှာ ‌ကေအဲန်ယူနဲ့ အစိုးရတာဝန်ရှိတဲ့ သူ‌တွေ၊ အရပ်ဖက်လူမူအဖွဲ့‌တွေနဲ့စု‌ပေါင်း‌တွေ့ဆုံ‌ဆွေး‌နွေးသင့်တယ်။ အ‌ဖြေတစ်ခု‌တော့ ရလာမယ် အဲလိုဖြစ်သင့် တယ် ” ဟု ‌ကေအိုင်စီသို ့မှတ်ချက်ပြု ‌ပြောသည်။

ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန်နှင် ့ သံ‌တောင်ကြီးမြို့နယ် တို ့၌ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ်‌ပေါင်း ၅၀ဝ နီးပါးရှိသည့်အနက် ပိတ်ထားသည့် မဲဆန္ဒနယ် ၁၄၇ ခုရှိ‌ကြောင်း နိုင်ငံ‌ရေးပါတီများမှ ပြုစုထားသည့် စာရင်းများအရသိရသည်။