Home ထိပ်တန်းသတင်း ကရင်အမျိုးသားသူနာပြုတစ်ဦး ဖ‌လောရင့်နိုက်တင်‌ဂေးလ်ဆု ‌ရွေးချယ်ချီးမြှင့်ခံရ

ကရင်အမျိုးသားသူနာပြုတစ်ဦး ဖ‌လောရင့်နိုက်တင်‌ဂေးလ်ဆု ‌ရွေးချယ်ချီးမြှင့်ခံရ

3048

‌မေ ၁၃ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

အပြည်ပြည်ဆိုင်ရာ ကြက်‌ခြေနီ‌ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်‌ခြေနီနှင့် လခြမ်းနီအသင်းများက ဦး‌ဆောင်ချီးမြှင့်လိုက် ‌သော (၄၅)ကြိမ်‌မြောက် ဖ‌လော့ရင့်နိုက်တင်‌ဂေးလ်ဆုကို မြန်မာနိုင်ငံရှိ ကရင်အမျိုးသားသူနာပြုတစ်ဦးဖြစ်သူ စနိုင်နိုင်ထွန်း ရရှိ သွား‌ကြောင်း ‌မေလ ၁၂ရက်‌နေ့တွင် ကျ‌ရောက်သည့် ကမာ္ဘ့သူနာပြုများ‌နေ့တွင် မြန်မာနိုင်ငံကြက်‌ခြေနီအသင်းက ထုတ်ပြန်ခဲ့ သည်။

အဆိုပါဆုမှာ သူနာပြုများအတွက် ကမာ္ဘ့အမြင့်ဆုံးဆုဖြစ်ပြီး ယခုအကြိမ်အတွက် နိုင်ငံ‌ပေါင်း ၁၈နိုင်ငံမှ သူနာပြု ၃၆ဦး ‌ရွေးချယ် ချီးမြှင့်ခံရသည့်အထဲတွင် အသက် ၃၇နှစ်အရွယ် မြန်မာနိုင်ငံသား ကရင်လူမျိုး စနိုင်နိုင်ထွန်းလည်း တစ်ဦးအပါအဝင်ဖြစ် ‌ကြောင်း ၎င်းထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ဆုရရှိခဲ့သူ စနိုင်နိုင်ထွန်းက “ကျ‌နော် ဒီဆုကို မ‌မျှော်လင့်ဘဲ ရရှိခဲ့တဲ့အတွက်လည်း အများကြီး ဝမ်းသာမိသလို နိုင်ငံအတွက် ‌ရော၊ ‌နောက်ပြီး ကရင်လူမျိုးထဲမှာလည်း ဒီဆုကို ပထမဆုံးရရှိခဲ့တဲ့အတွက်လည်း အများကြီးဂုဏ်ယူမိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ်က ဖြစ်‌ပေါ်ခဲ့‌သော နာဂစ်မုန်တိုင်းကာလအတွင်း ဧရာဝတီတိုင်း‌ဒေသကြီး ဟိုင်းကြီးကျွန်းရှိ မုန်တိုင်းဒဏ်ခံ ပြည်သူများအား ‌ဘေးကင်းရာသို့ ကူညီ‌ရွှေ့‌ပြောင်း‌ပေးခြင်း၊ သူနာပြု ကုသ‌ပေးခြင်းများကို သက်စွန့်ဆံဖျား ‌ဆောင်ရွက်ခဲ့ခြင်း ‌ကြောင့် ယခုလို ဆုရရှိခဲ့ခြင်းဖြစ်‌ကြောင်း မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

၎င်းအပြင် အဆိုပါမုန်တိုင်းဖြစ်‌ပေါ်‌နေစဉ်ကာလအတွင်း ဒုက္ခ‌ရောက်‌နေသူများနှင့် ဒဏ်ရာရရှိထားသူများ၊ ‌မွေးလူနာများကို မိမိ တတ်ကျွမ်းသည့်ပညာဖြင့် အသက်အန္ထရာယ်မရှိဘဲ အတတ်နိုင်ဆုံး ကူညီ‌ဆောင်ရွက်‌ပေးနိုင်ခဲ့သည့်အတွက် အမှတ်ရဂုဏ်ယူမိ ‌ကြောင်း စနိုင်နိုင်ထွန်းက ဖြည့်စွက်‌ပြောသည်။

ဖ‌လောရင့်နိုက်တင်‌ဂေးလ်ဆုမှာ သဘာဝ‌ဘေးအန္တရာယ်များနှင့် လူ့ပ‌ယောဂ‌ကြောင့်ဖြစ်‌သော ‌ဘေးအန္တရာယ်များအတွင်း ဒဏ် ရာရ‌နေသူ၊ ဖျားနာ‌နေသူ၊ မသန်မစွမ်းဖြစ်‌နေသူများကို သက်စွန့်ဆံဖျား ကူညီကယ်ဆယ်ပြုစုသူ၊ လူထုကျန်းမာ‌ရေးနှင့် သူနာပြု အသိပညာဆိုင်ရာကိစ္စများတွင် တီထွင်ဖန်တီးလုပ်‌ဆောင်သူ သူနာပြုများကို ‌ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်‌ကြောင်း သိရသည်။

ဆုချီးမြှင့်ခံရသူ စနိုင်နိုင်ထွန်းမှာ ဧရာဝတီတိုင်း‌ဒေကြီး၊ ပန်းတ‌နော်မြို့နယ် ‌ပေပြင်‌ထောင်‌ကျေးရွာဇာတိဖြစ်ပြီး လက်ရှိ ဟိုင်းကြီး ကျွန်းတိုက်နယ်‌ဆေးရုံတွင် အထက်တန်း သူနာပြုအဖြစ် တာဝန်ထမ်း‌ဆောင်လျှက်ရှိသည်။

ဖ‌လောရင့်နိုက်တင်‌ဂေးလ်ဆုကို ၁၉၁၂ခုနှစ်မှစ၍ ‌လေးနှစ်တစ်ကြိမ် ‌ပေးအပ်ချီးမြှင့်လာခဲ့ခြင်းဖြစ်ပြီး ယ‌နေ့အချိန်အထိ ကမ္ဘာ တစ်ဝှမ်းမှ သူနာပြု‌ပေါင်း (၁၄၄၉)ဦးကို ‌ရွေးချယ်ချီးမြှင့်ခဲ့သည်။ အလားတူ အဆိုပါဆုကို မြန်မာနိုင်ငံ၌ စနိုင်နိုင်ထွန်းအပြင် ၁၉၆၃ခုနှစ်တွင် သူနာပြုဆရာမကြီး ဗိုလ်မှူး‌ဒေါ်ခင်အုန်းမြ၊ ၁၉၉၃ခုနှစ်တွင် သူနာပြုဦးစီးအရာရှိ ‌ဒေါ်အမ်‌ယော်နမ်နှင့် ၂၀၀၁ခုနှစ် တွင် သားဖွားဆရာမ ‌ဒေါ်သိန်းရီတို့က အသီးသီး ရရှိထားခဲ့ပြီးဖြစ်သည်။