Home ထိပ်တန်းသတင်း နယ်ခြား‌စောင့်တပ်နှင့် ‌ကေအဲန်ယူတပ် နှစ်လအတွင်း ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွား

နယ်ခြား‌စောင့်တပ်နှင့် ‌ကေအဲန်ယူတပ် နှစ်လအတွင်း ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွား

1706

‌မေ ၁၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ဧပြီလမှ ‌မေလ ဒုတိယပတ်အထိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA နှင့် ၎င်းနယ်‌မြေအတွင်း လှုပ်ရှား‌နေ‌သော အစိုးရလက်‌အောက်ခံ ကရင်နယ်ခြား‌စောင့်တပ်-BGF တို့ အပြန်အလှန် ပစ်ခတ်မှု သုံး ကြိမ်ဖြစ်ပွားခဲ့‌ကြောင်း ‌ကေအဲန်ယူ ဖာပွန်ခရိုင် တာဝန်ရှိသူများက ‌ပြောသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင် ဘူးသိုမြို့နယ်အတွင်း လှုပ်ရှား‌နေ‌သော KNLA (၁၀၂) တပ်ရင်းနှင့် BGF (၁၀၁၄) တပ်ရင်းတို့ ပြီးခဲ့သည့် ဧပြီလ ၂၂ရက်‌နေ့က တာ‌ကော့လုံနှင့် မဲ့ပရီရွာအကြားတွင်တစ်ကြိမ်၊ ၂၃ရက်‌နေ့က ‌ကျောက်‌မြွေရွာအနီးတွင်တစ်ကြိမ်နှင့် ‌မေလ ၉ရက်‌နေ့က ပွယ်‌ကေ့ရွာအနီးတွင် BGF (၁၀၂၂)တပ်ရင်းနှင့်တစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ‌ကေအဲန်ယူ ဖာပွန်ခရိုင်က ယခုကဲ့သို့ ‌ပြောဆိုသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင် အတွင်း‌ရေးမှူး ပဒို‌စောဂလယ်ဒို့က “အခုလိုဖြစ်ရတဲ့ အ‌ကြောင်းရင်းက‌တော့ မတ်လက‌နေ စပြီး အစိုးရ တပ်‌ရော BGF ‌ရော လှုပ်ရှားမှုပိုလာတယ်။ စစ်‌ကြောင်းဖွဲ့ပြီး လှုပ်ရှားမှု‌တွေရှိလာ‌တော့ ကျ‌နော်တို့ဘက်က နယ်‌မြေတာဝန်ယူ ထားရတဲ့တပ်နဲ့ ထိ‌တွေ့မှု‌လေး‌တွေဖြစ်လာတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းနယ်‌မြေအတွင်း ယခင်ရှိခဲ့သည့် BGF (၁၀၁၃)(၁၀၁၄) တပ်ရင်းများအပြင် (၁၀၁၁) နှင့်(၁၀၁၅)တပ်ရင်းများကို ထပ်မံ တိုး မြှင့်ချထားမှုများရှိသည့်အတွက် လက်ရှိအ‌ခြေအ‌နေအရ တင်းမာမှုများ ဖြစ်‌ပေါ်‌နေပြီး နှစ်ဖက်‌ခေါင်း‌ဆောင်များအ‌နေဖြင့် ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်ကာလအတွင်း ထိုသို့ထပ်မံမဖြစ်ပွားရန် ‌တွေ့ဆုံ‌ဆွေး‌နွေးကာ ‌ဖြေရှင်း‌စေလို‌ကြောင်း သူက ဆက် ‌ပြောသည်။

အဆိုပါပစ်ခတ်မှုများအ‌ပေါ် BGF အမှတ်(၁)တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက “ရှင်းရှင်း‌ပြောရရင်‌တော့ သူ့နယ်‌မြေ ကိုယ့်နယ်‌မြေ လုပြီး‌တော့မှ ဖြစ်တဲ့ပြဿနာပါပဲ။ BGF ကလည်းသူ့နယ်‌မြေလို့‌ပြောတယ်။ တပ်မဟာ ၅ ကလည်း သူ့နယ်‌မြေ‌ပြောတယ်‌ပေါ့။ ညွန်ကြားချက်အတိုင်း လုံခြုံ‌ရေးယူရတာဆို‌တော့ ကျ‌နော်တို့လည်း ‌ရှေ့ဆက်မတိုး‌တော့ အခုဘာပြဿနာမှမဖြစ်ဘဲ ငြိမ်‌နေတဲ့ အ‌နေအထားရှိတယ်”ဟု ‌ပြောသည်။

မိနစ် ၃ဝခန့်ကြာမြင့်သည့် နှစ်ဖက်တပ်အကြား ပစ်ခတ်မှုသုံးကြိမ်အနက် ရင်ဆိုင်ပစ်ခတ်မှုတစ်ကြိမ်နှင့် ခြုံခိုတိုက်ခိုက်မှု တစ် ကြိမ်စီ ဖြစ်ပွားခဲ့ပြီး ‌မေလ ၉ရက်‌နေ့က BGF (၁၀၂၂)တပ်ရင်းမှ တပ်စုမှူးအဆင့်ရှိ ကို‌ဇော်ဦးနှင့်တပ်သားတစ်ဦးတို့ လက်နက် ငယ်ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိသွား‌ကြောင်း BGF ဘက်က ‌ပြောသည်။

၎င်းအပြင် KNLA (၁၀၂) တပ်ရင်းက BGF ထံမှ ၉-မမ ပစ္စတိုတစ်လက်၊ စကား‌ပြောစက်တစ်လုံး၊ CDMA ဖုန်းတစ်လုံး၊ အီကွစ် မင့် ၂စုံ၊ ပုခက် ၆ခု၊ ကာဘိုင်ကျည်ကပ်အတို ၂ခု၊ AR ကျည်ကပ်အတို ၁ခုနှင့် ကာဘိုင်ကျည် ၁၀‌တောင့်၊ AR ကျည် ၁၇‌တောင့် ကို သိမ်းဆည်းခဲ့သည်။

‌ကေအဲန်ယူ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်အတွင်း အစိုးရတပ်ရင်း‌ပေါင်း (၂၃) တပ်စွဲလှုပ်ရှားလျက်ရှိပြီး ၂၀၁၅ခု နှစ်ဆန်းပိုင်းမှစ၍ ခရိုင်အတွင်း အစိုးရတပ်၊ BGF နှင့် KNLA တို့ အပြန်အလှန် ပစ်ခတ်မှု (၇)ကြိမ်ထက်မနည်း ရှိခဲ့‌ကြောင်း သိရသည်။