Home သတင်း DKBA စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်မို‌ရှေးအား ‌စောလားပွယ် ယာယီလွှဲ‌ပေး

DKBA စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်မို‌ရှေးအား ‌စောလားပွယ် ယာယီလွှဲ‌ပေး

2368

မတ်လ ၂၁ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော် (DKBA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်သည် ကျန်းမာ‌ရေး အ‌ခြေအ‌နေအရ စစ်ဘက်ဆိုင်ရာ တာဝန်အားလုံးကို ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးအား တာဝန် ယာယီလွှဲအပ်‌ပေး‌ကြောင်း DKBAအရာရှိများထံ အသိ‌ပေးစာတစ်‌စောင် ၎င်းကိုယ်တိုင် လက်မှတ်‌ရေးထိုးထားကာ ယ‌နေ့ ထုတ်ပြန်လိုက်သည်။

ကလိုထူးဝါး တပ်မဟာ‌ထောက်လှမ်း‌ရေးမှူး ဗိုလ်ကြီး ‌စောသရီးထူးက “ ဗိုလ်ချုပ်က သူ‌နေမ‌ကောင်း‌သေးတဲ့ ကာလအ‌တောအတွင်းမှာ သူ့တာဝန်ကို ဒုစစ်ဦးစီးချုပ်ကို ယာယီလွှဲထားလိုက်တာပါ။ လုံးဝအနားယူသွားတာ မဟုတ်ပါဘူး။ ပြန်‌နေ‌ကောင်းသွားရင် သူ့တာဝန်ကို ပြန်ပြီးယူမှာဖြစ်တယ်။ အခု‌လော‌လောဆယ်‌တော့ သူစကားမ‌ပြောနိုင်‌သေးလို့ သူ့တာဝန်ကို ခဏလွှဲထားတာပါ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်ချုပ်ကြီး ‌စောလားပွယ်က တာဝန်မှ ယာယီအနားယူခြင်းသာဖြစ်၍ DKBAအဖွဲ့အစည်းအတွက် ထိခိုက်သွားရန် အ‌ကြောင်းမရှိသလို အစိုးရနှင့် လက်ရှိလုပ်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းကိုလည်း တစုံတရာ ထိခိုက်သွားမည်မဟုတ်‌ကြောင်း ဗိုလ်ကြီး ‌စောသရီးထူးက ဆက်‌ပြောသည်။
IMG_9370
ဗိုလ်ချုပ်ကြီး‌စောလားပွယ်သည် ၂၀၁၃ခုနှစ် ကုန်ပိုင်းက ခံစား‌နေရသည့် လည်‌ချောင်း ကင်ဆာ‌ဝေဒနာကို စကင်္ာပူနိုင်ငံသို့ ‌ခြောက်လ‌ကျော်ကြာ သွား‌ရောက် ‌ဆေးကုသမှုခံရာတွင် ပြန်လည်‌ကောင်းမွန်လာ‌သော်လည်း ယခု ကျန်းမာ‌ရေး အ‌ခြေအ‌နေ အနည်းငယ် ပြန်လည်ဆိုးရွားလာသည့်အ‌ပေါ် တာဝန်မှ ယာယီအနားယူလိုက်ခြင်းဖြစ်သည်ဟု DKBA က ‌ပြောသည်။

‌ကေအဲန်ယူ မြဝတီ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး ‌စော‌ဇောရိုးက“ ကျန်းမာ‌ရေး အ‌ခြေအ‌နေ‌ကြောင့် သူမလုပ်နိုင်‌သေးတဲ့ ကာလမှာ သူ့တာဝန်ကို ဗိုလ်ချုပ် ဗိုလ်မို‌ရှေးကို လွှဲ‌ပြောင်း‌ပေးလိုက်တာ ‌ကောင်းပါတယ်။ အခုလွှဲ‌ပြောင်း ‌ပေးတာလည်း ယာယီပဲ‌လေ။ သူပြန်‌နေ‌ကောင်းလာရင် သူ့တာဝန်ကို ပြန်ယူနိုင်မှာပါ။ သူအမြန်‌နေပြန်‌ကောင်းလာပါ‌စေလို့ပဲ ကျ‌နော်တို့ ‌မျှော်လင့်ပါတယ်။ ”ဟု ‌ပြောသည်။

DKBA အဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းရုံး (KNU)မှ ခွဲထွက်ကာ အစိုးရနှင့် ၁၅နှစ်‌ကျော်ကြာ ပူး‌ပေါင်းခဲ့ပြီး‌နောက် ၂၀၁ဝခုနှစ်၌ အဖွဲ့ဝင်အများစုမှာ နယ်ခြား‌စောင့်တပ်အဖြစ်သို့ ကူး‌ပြောင်းခဲ့‌သော်လည်း ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ဦး‌ဆောင်သည့် ကလိုထူး‌ဘောအဖွဲ့ကမူ အစိုးရကိုပြန်လည် တိုက်ခိုက်ခဲ့ပြီး တစ်နှစ်နီးပါးအကြာတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေးအတွက် ပဏာမ လက်မှတ်‌ရေးထိုးခဲ့သည်။