Home သတင်း တိုင်းရင်းသာဘာစကားဖြင့် စာသင်ကြားခွင့်ရ‌ရေး ကရင်နိုင်ငံ‌ရေးပါတီများ လိုလား

တိုင်းရင်းသာဘာစကားဖြင့် စာသင်ကြားခွင့်ရ‌ရေး ကရင်နိုင်ငံ‌ရေးပါတီများ လိုလား

1961

မတ်လ ၁ဝရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

မြန်မာနိုင်ငံအတွင်း ‌နေထိုင်သည့် တိုင်းရင်းသားလူမျိုးများ မိခင်ဘာသာစကား အ‌ခြေပြု ဘာသာစုံ သင်ကြားခွင့်ရ‌ရေးစနစ်ကို ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်အမျိုးသားပါတီ(KNP)တို့က လိုလားသည်ဟု သက်ဆိုင်ရာပါတီ တာဝန် ရှိသူများက မတ်လ ၉ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသားဘာသာစကား လွတ်လပ်ခွင့်၊ ဘာသာစကားဖြင့် စာသင်ကြားနိုင်‌ရေးအတွက် တိုင်းရင်းသား‌ရေးရာ‌ကျောင်းများ သတ်မှတ်သင်ကြားနိုင်ရန်နှင့် သင်ကြား‌ရေးကို ကြီးကြပ်ရန် တိုင်းရင်းသား ပညာ‌ရေးအရာရှိများ ခန့်ထားခြင်းကို ဥပ‌ဒေဖြင့် ပြဋ္ဌာန်း‌ပေးရန်လိုသည်ဟု KPP ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် အငြိမ်းစားအလယ်တန်း‌ကျောင်းအုပ်ဆရာ ‌စော‌မောင် တုတ်က ‌ပြောသည်။

၎င်းက “အမျိုးသားပညာ‌ရေးဥပ‌ဒေကို ပြင်ဆင်တဲ့ ဥပ‌ဒေကြမ်းမှာ တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားခွင့်ရဖို့ ပါရှိတဲ့အချက် ကို လက်ခံတယ်။ ဒီ‌နေရာမှာ ‌ပြောချင်တာက ဥပ‌ဒေသည် စာရွက်‌ပေါ်မှာ မဟုတ်ဘဲ လက်‌တွေ့ ကျင့်သုံး‌ဖော်‌ဆောင်ဖို့ လိုတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်လ ‌ဖေ‌ဖော်ဝါရီ ၁၄ရက်‌နေ့က အစိုးရ၊ ပြည်‌ထောင်စုလွှတ်‌တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာ‌ရေး ပြုပြင်‌ပြောင်းလဲမှုကွန်ရက် (NNER) နှင့် ဒီမိုက‌ရေစီစီပညာ‌ရေးလှုပ်ရှားမှု ဦး‌ဆောင်‌ကော်မတီတွင် ‌ကျောင်းသားကိုယ်စားလှယ်များ ‌ရေးဆွဲထုတ်ပြန်သည့် အမျိုးသားပညာ‌ရေးဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေကြမ်း ပုဒ်မ(၂၅)တွင် တိုင်းရင်းသားလူမျိုးများ၏ က‌လေးငယ်များအတွက် မိခင်ဘာသာစကား အ‌ခြေပြုဘာသာစကားစုံ သင်ကြား‌ရေးစနစ်ကို ‌ရှေးဦး က‌လေးသူငယ်များမှစ၍ ကျင့်သုံးရမည်ဟု ‌ဖော်ပြ ထားသည်။

KNP တွဲဖက်အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး မန်းမင်းရဲ‌ထွေးက “ဥပ‌ဒေကြမ်းမှာပါတဲ့ အချက်‌တွေကို လက်ခံတယ်။ ၁၉၂၂ခုနှစ်က တည်းက ပိုးကရင်ဘာသာကို အလယ်တန်းအဆင့်၊ စ‌ကောကရင်ဘာသာကို အထက်တန်းအဆင့်ထိ သင်ကြားခွင့်ရခဲ့တယ်၊ လွတ်လပ်‌ရေးရပြီး မကြာမှီမှာ ဘာအ‌ကြောင်းပြချက် တစုံတရာ မရှိဘဲ ရပ်ဆိုင်းခံခဲ့ရတာ အခုထိပဲ။ အခုချိန်မှာ‌တော့ ကိုယ့်ဘာ သာစကားနဲ့ သင်ခွင့်‌ပေးသင့်ပြီး မြင်တယ်”ဟု ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသား‌ဒေသအလိုက် သင်ရိုးညွန်းတမ်းကို လွတ်လပ်စွာ ‌ဆောင်ရွက်ခွင့်ရှိရန်နှင့် အစိုးရအ‌နေဖြင့် ပညာ‌ရေး အသုံးစရိတ်ကို အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် သ‌ဘောထားကာ တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂ဝရာခိုင်နှုန်းအထိ သုံး ရန်လို‌ကြောင်း အကြံပြုလိုသည်ဟု မန်းမင်းရဲ‌ထွေးက ဆက်‌ပြောသည်။

အမျိုးသားပညာ‌ရေး ဥပ‌ဒေကိုပြင်ဆင်သည့် ဥပ‌ဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်‌တော်ကြားနားပွဲသို့ KNP ပါတီက တက်‌ရောက်ကာ အကြံပြု စာတမ်းတင်ခဲ့သလို KPP ကလည်း ယင်းဥပ‌ဒေကြမ်းနှင့် ပတ်သက်၍ အချက် ၅ချက်ပါ အကြံပြုချက် ကို အမျိုးသားလွှတ်‌တော်သို့ အသီးသီး‌ပေးပို့ခဲ့သည်။

လက်ရှိတွင် အစိုးရအ‌နေဖြင့် တိုင်းရင်းသားဘာသာစကားကို မူလတန်း‌အောက်အဆင့် (သူငယ်တန်းမှ ဒုတိယတန်းအထိ)ကို ‌ကျောင်းချိန်ပြင်ပတွင်သာ သင်ယူခွင့်‌ပေးထားပြီး စနစ်တကျ သင်နိုင်‌ရေးအတွက် ပြဋ္ဌာန်းစာအုပ်၊ သင်ကြားမည့် ဆရာ ဆရာမ များကို အချိန်မီ မပံ့ပိုး‌ပေးခြင်း၊ ချီးမြှင့်လစာ‌ငွေ အပြည့်မ‌ပေးခြင်းများ ရှိ‌နေ‌သေးသည်ဟု ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ များက ‌ဝေဖန်‌ပြောဆို‌နေကြသည်။