ဒီဇင်ဘာ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
တိုင်းရင်းသား ဘာသာစကား လွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ ပညာရေးစနစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင် သွားကြရန် ဒေါနအရှေ့ခြမ်း ကရင်ပညာရေးအဖွဲ့နှင့် ပြည်တွင်းပညာရေးလှုပ်ရှားနေသော အဖွဲ့အစည်းတို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တောင်နီကျေးရွာရှိ ကရင်လူထုအခြေပြုကွန်ရက်အဖွဲ့ (KCBNG)ရုံး၌ ဒီဇင်ဘာ ၂၁ရက်နေ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုဒေသရှိ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်(DKBA) ဋ္ဌာနချုပ်တွင် ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ တော်သို့ တက်ရောက်သော ရန်ကုန်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)မှ ကိုအောင်နေ ပိုင်၊ လွတ်လပ်သော အလုပ်သမားသမဂ္ဂမှ ဦးမြင့်စိုး၊ Karen Women’s Union (KWU)မှ နော်အုန်းလှနှင့် ကရင်ပညာရေးဋ္ဌာန (KED) အတွင်းရေးမှူး စောလောအယ်မူး၊ ကလိုထူးဘော ကရင်အမျိုးသားအဖွဲ့အစည်း(KKO)တွဲဖက် အတွင်းရေးမှူး နော်ကော် သူးလေလားဖိုးတို့ အပါအဝင် ကိုယ်စားလှယ် ၂၀ကျော်တို့က ထိုနေ့ညနေ ၆နာခွဲမှ ည ၈နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ် သည်။
ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)မှ ကိုအောင်နေပိုင်က“ဒီဆွေးနွေးပွဲမှာ ရှေ့ဆက် လုပ်သွားမယ့် ပညာရေးဆွေးနွေးပွဲတွေ၊ လက်ရှိ ပညာရေးဥပဒေနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ တိုင်းရင်းသားဘာ သာစကား လွတ်လပ်ခွင့်ရရှိအတွက်နဲ့ ပညာရေးစနစ်မြှင့်ဖို့အတွက် ကျနော်တို့တွေ အတူတူ ပူးပေါင်းတိုက်ပွဲဝင်သွားဖို့ ဆွေးနွေး ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ပြည်တွင်းကျောင်းသားများ တောင်းဆိုနေသော အမျိုးသားပညာရေးဥပဒေနှင့် ကျောင်းသားများ သပိတ်မှောက်ထား သည့် ပညာရေးဥပဒေကို ကရင်ပညာရေးအဖွဲ့အနေဖြင့် ပူးပေါင်းထောက်ခံသွားရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း ကိုအောင်နေ ပိုင်က ဆက်ပြောသည်။
သုံးနာရီကြာဆွေးနွေးပွဲတွင် ကျောင်းဆရာများ ကြုံတွေ့နေရသည့် ပညာရေးအခက်အခဲနှင့် အစိုးရဘက်မှ ကတိပေးထားပြီး အကောင်အထည်ဖော်ဆောင်မှု မလုပ်ဆောင်သည့် ပညာရေးအခြေအနေများကို ကရင်ပညာရေးအဖွဲ့ဘက်က ချပြဆွေးနွေးခဲ့ သည်ဟု သိရသည်။
ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ကရင်အမျိုးသားအစည်းအရုံး(KNU) ကော့ကရိတ်မြို့နယ် ပညာရေးကော်မတီ၏ အတွင်းရေးမှူး စော မြင့်သန်းက “ကျနော်တို့ဆီက အချက်အလက်တွေကို လာယူတဲ့အတွက် သူတို့အတွက် အကျိုးဖြစ်စေမှာဖြစ်သလို သူတို့လာချ ပြတဲ့ အခြေအနေတွေကလည်း အခု ကျနော်တို့ ကြုံနေရတဲ့ အခက်အခဲနဲ့ ထပ်တူဖြစ်နေပါတယ်။ ဒီတွေ့ဆုံမှုမှာ ကျနော်တို့ ရှေ့ ဆက် ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မြဝတီမြို့နယ် ဒေါနအရှေ့ခြမ်းရှိ ကရင်ပညာရေးအဖွဲ့အစည်းနှင့် ရန်ကုန်အခြေအစိုက် ပညာရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းတို့ ယခု တွေ့ဆုံမှုသည် ပထမဦးဆုံးအကြိမ် ဖြစ်သည်။



















