Home သတင်း ထားဝယ်-‌ရေးကားလမ်းတွင် ဓားပြပစ်ခတ်၍ KNLA အရာရှိတစ်ဦးနှင့် ယာဉ်‌မောင်းတပ်သား‌သေဆုံး

ထားဝယ်-‌ရေးကားလမ်းတွင် ဓားပြပစ်ခတ်၍ KNLA အရာရှိတစ်ဦးနှင့် ယာဉ်‌မောင်းတပ်သား‌သေဆုံး

4748

ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်ခရိုင်၊ ‌ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်-‌ရေး ကားလမ်း‌ပေါ်တွင် ယမန်‌နေ့က အမည်မသိ လက်နက်ကိုင်ဓားပြတစ်စု၏ ပစ်ခတ်မှု‌ကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) လက်‌အောက်ခံ ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA မှ ဗိုလ်ကြီးတစ်ဦးနှင့် ယာဉ်‌မောင်းသူ တပ်သားတစ်ဦးမှာ ‌သေဆုံးသွား‌ကြောင်း သိရ သည်။

ယမန်‌နေ့ ည‌နေ ၆း၃ဝနာရီအချိန်၌ ထားဝယ်-‌ရေး ကားလမ်း‌ပေါ်ထားဝယ်မှ ရန်ကုန်သို့ ထွက်ခွာလာ‌သော ‌အောင်ရတနာအမည် ရှိ ခရီးသည်တင် မှန်လုံယာဉ်တစ်စီးကို အမည်မသိ ဓားပြအဖွဲ့မှ တိုက်ခိုက်အပြီး အ‌နောက်မှ စီးနင်းလာသည့် KNLA ယာဉ်ကား ကိုပါ ဓားပြတိုက်ပစ်ခတ်ရာမှ KNLA ဗိုလ်ကြီး‌စောခင်ဝင်းနှင့် တပ်သား‌စော‌မောင်‌အေး ‌သေဆုံးခဲ့သည်ဟု KNU ဘိတ်-ထားဝယ် ခရိုင် တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စောအယ်နာက အတည်ပြု‌ပြောဆိုသည်။

ပဒို‌စောအယ်နာက “ဒီဖြစ်စဉ်ဖြစ်သွားတာကို‌တော့ အတည်ပြုလို့ရပါတယ်။ သတင်းအရ‌တော့ ခရီးသည်တင်ကားကို တိုက်‌နေ တဲ့အချိန် သူတို့‌ရောက်သွား‌တော့ ကားကို‌ကျော်တက်ဖို့ လုပ်လိုက်လို့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းဓားပြများ၏ ပစ်ခတ်မှု‌ကြောင့် KNLA တပ်မပာာ(၄) တပ်ရင်း(၁၀) တပ်ခွဲ ၂မှ ဒုတပ်ခွဲမှူး ဗိုလ်ကြီး‌စောခင်ဝင်းမှာ ‌ရေးမြို့နယ် ‌ဆေးရုံသို့ မ‌ရောက်မီ လမ်းခုလတ်တွင် ‌သေဆုံးသွားပြီး ယာဉ်‌မောင်း‌ပေးသူ ၎င်း၏တပ်သား‌စော‌မောင်‌အေးမှာ ပစ်ခတ်ခံရသည့် ‌နေရာတွင်ပင် ပွဲချင်းပြီး ‌သေဆုံးသွားခြင်းဖြစ်‌ကြောင်း ပဒို‌စောအယ်နာက ထပ်မံ ဖြည့်စွက်‌ပြောဆိုသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်‌နေရာမှာ ထားဝယ်မြို့ မှ ၇၉မိုင် ၇ဖာလုံအကွာရှိ မွန်ပြည်သစ်ပါတီ(NMSP)နှင့် KNLA တပ်မပာာ(၄) နယ်‌မြေအတွင်း၌ တည်ရှိပြီး တိုက်ခိုက်သူများမှာ မွန်ဓားပြအဖွဲ့ဟုသာ သိရှိရပြီး မည်သူမည်ဝါ ဖြစ်သည်ကိုမူ ဆက်လက် စုံစမ်း ‌နေဆဲဖြစ်‌ကြောင်း KNLA ဘက်က ‌ပြောဆိုသည်။

KNLA တပ်မဟာ(၄)မှ တာဝန်ရှိသူများက ‌သေဆုံးသွားသူများ၏ ရုပ်အ‌လောင်းများကို ‌ရေဖြူရဲစခန်းမှ ယ‌နေ့ည‌နေတွင် ပြန် လည်သယ်‌ဆောင်လာခဲ့သည်။ ထိုကိစ္စအ‌ပေါ် အမှုဖွင့်ထားခြင်းရှိမရှိ သိရှိရန်အတွက် ‌ရေဖြူမြို့မရဲစခန်းသို့ ‌ကေအိုင်စီက ဆက် သွယ်‌မေးမြန်း‌သော်လည်း ‌ဖြေဆိုမည့်သူမရှိ‌ပေ။