Home သတင်း သံ‌တောင်ကြီးမြို့နယ် ‌သောက်သုံး‌ရေ ရရှိ‌ရေး ကျပ်သိန်း ၈၀ဝ သုံးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ‌ပြောဆို

သံ‌တောင်ကြီးမြို့နယ် ‌သောက်သုံး‌ရေ ရရှိ‌ရေး ကျပ်သိန်း ၈၀ဝ သုံးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ‌ပြောဆို

2189

ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်အတွင်း ‌ဒေသခံများ ကြုံ‌တွေ့‌နေရသည့် ‌သောက်သုံး‌ရေ မလုံ‌လောက်မှု ဖြစ်‌ပေါ်‌နေခြင်းကို ‌ဖြေရှင်းနိုင်ရန်အတွက် ပြည်နယ်အစိုးရက ကျပ်သိန်း ၈၀ဝ အသုံးပြုသွားမည်ဖြစ်‌ကြောင်း သံ‌တောင်ကြီးမြို့နယ်၊ အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအ‌ဝေးခမ်းမ၌ ဒီဇင်ဘာ ၈ရက်‌နေ့က ပြုလုပ်‌သော ခရီးသွားလုပ်ငန်းရှင်များ ‌တွေ့ဆုံပွဲတွင် ‌ပြော ကြားခဲ့သည်ဟု သိရသည်။

သံ‌တောင်ကြီး‌ဒေသ သဘာဝအ‌ခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး‌ရေးအတွက် ‌ဒေသခံများ၊ ပြည်နယ်အစိုးရနှင့် ခရီးသွားလုပ်ငန်းရှင် များ ‌တွေ့ဆုံပွဲတွင် သံ‌တောင်ကြီး‌ဒေသခံများ လက်ရှိကြုံ‌တွေ့‌နေရသည့် ‌သောက်သုံး‌ရေ မလုံ‌လောက်မှုအခြအ‌နေကို ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တင်ပြခဲ့ရာတွင် ဝန်ကြီးချုပ်က ထိုသို့တုံ့ပြန်ခဲ့သည်ဟု သံ‌တောင်ကြီးမြို့နယ် အမျိုးသားလွှတ်‌တော်ကိုယ်စား လှယ် ‌စော‌တော်ပလဲက ယခုလို ‌ပြောသည်။

“သံ‌တောင်ကြီးမှာက ‌ရေမလုံ‌လောက်ဘူး။ ဟိုတယ်လုပ်ငန်းမ‌ပြောနဲ့ ပြည်သူ‌တွေ‌တောင်‌ရေ မလုံ‌လောက်ဘူး။ ဒါကို တင်ပြ ‌တော့ ပြည်နယ်ဝန်ကြီးချုပ်က ကျပ်သိန်းရှစ်ရာသုံးဖို့ လျာထားတယ်လို့ ‌ပြောသွားတယ်”ဟု ‌စော‌တော်ပလဲက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌သောက်သုံး‌ရေရရှိ‌ရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦး‌ဇော်မင်းကလည်း “မြို့‌ရေရရှိ‌ရေးဆိုတာ စည်ပင်က လုပ်ရ တာ‌ပေါ့‌နော်။ ဒါ‌ပေမဲ့ စည်ပင်က သူ့အ‌ကောက်ခွန်နဲ့ လုပ်ရတာ မ‌လောက်ရင်လည်း ‌ချေးပြီး လုပ်ရတာ။ နတလ ‌ကျေးလက်ဦးစီး တို့က‌နေ ဝိုင်းပံ့ပိုးပြီး‌တော့မှလုပ်ရတာ။ အ‌ရေးကြီးတာ ပြည်သူလူထု‌ရေရရှိ‌ရေးက အဓိကပဲ။ အဲ့‌တော့ ဒီ‌နေ့ ပြည်သူလူထု ‌ရေရရှိ ‌ရေး၊ လျှပ်စစ်မီးရရှိ‌ရေး အားသွန်ခွန်စိုက်လုပ်‌နေတဲ့ အချိန်မှာ အဘတို့က နည်းလမ်းမျိုးစုံနဲ့‌တော့ လုပ်‌ပေးရမှာပဲ‌လေ”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

‌ကျောက်‌တောင်များ‌ပေါများပြီး ‌တောင်‌ပေါ်မြို့ဖြစ်သည့် သံ‌တောင်ကြီးမြို့နယ်တွင် ‌ဒေသခံများအ‌နေဖြင့် ‌သောက်သုံး‌ရေကို လျှို ‌မြောင်များမှတဆင့် သွယ်တန်းကာ လျှပ်စစ်‌မော်တာဖြင့် ‌ရေတင်အသုံးပြုခြင်း၊ စက်‌ရေတွင်းများမှ ‌ရေတင်အသုံးပြုခြင်းများ ရှိ‌သော်လည်း ‌ရေလုံ‌လောက်စွာ မရရှိ‌သေး‌ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာက ‌ရေရရှိရန် ‌ရေ‌လှောင်ကန်မှတဆင့် ‌ရေတင်ခြင်းလုပ်ငန်းမှာ လျှပ်စစ်‌မော်တာမ‌ကောင်းသဖြင့် ‌ရေမတင် နိုင်သလို ‌မော်တာအသစ် လဲလှယ်တပ်ဆင်လိုက်‌သော်လည်း လျှပ်စစ်မီးအားမနိုင်ခြင်း‌ကြောင့် ‌ရေမတင်နိုင်ဘဲဖြစ်‌နေသည်ဟု သံ‌တောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက်‌နေ ‌စောတပင်‌ရွှေထီးက “အခုလို ပြည်နယ်အစိုးရက ‌ရေလုံ‌လောက်‌အောင်လုပ်‌ပေးမယ်ဆို ‌ကောင်းတာ‌ပေါ့။ သံ‌တောင်ကြီးမှာက အထူးသဖြင့် မြို့‌ပေါ် အမှတ်(၁)ရပ်ကွက်ဆို ‌တောင်‌ပေါ်မှာဆို‌တော့ ‌ရေအရမ်း ခက်ခဲတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကရင်ပြည်နယ်‌မြောက်ပိုင်းရှိ သံ‌တောင်ကြီးမြို့နယ်သည် ပင်လယ်‌ရေမျက်နှာပြင်အထက် ‌ပေ ၄,၀၀၀‌ကျော်တွင် တည်ရှိသည့်အ ပြင် ‌နေပြည်‌တော်၊ ရန်ကုန်မြို့များနှင့်လည်း နီးစပ်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အပန်း‌ဖြေလည်ပတ်ရန် သင့်‌တော်သည့် အ‌နေအထားတွင်ရှိသည့်အ‌ပေါ် လတ်တ‌လော သဘာဝအ‌ခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာ‌ရေးအတွက် ‌ဒေသခံ များနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားရန်ရှိသည်ဟု ပြည်နယ်အစိုးရဘက်က ‌ပြောသည်။