Home သတင်း ဒီ‌ကေဘီ‌အေ ၂ဦးနှင့် အရပ်သား ၁ဦးကို အစိုးရစစ်တပ် ဖမ်းဆီး

ဒီ‌ကေဘီ‌အေ ၂ဦးနှင့် အရပ်သား ၁ဦးကို အစိုးရစစ်တပ် ဖမ်းဆီး

1352

‌အောက်တိုဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့‌တောင်ပိုင်းရှိ ရွာတန်းရှည်မှ တစ်မိုင်ကုန်း(ကမိုင်ကုန်း)သို့ သွား‌နေသည့် ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တပ်သား ၂ဦးနှင့် ရွာတန်းရှည်ရွာသား ၁ဦးတို့ကို မြန်မာအစိုးရ စစ်တပ်က ယမန်‌နေ့ ည ၈နာရီ အချိန်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွာတန်းရှည်ရွာသားဖြစ်သူ ‌စော‌ကျော်လာသန့်သည် ဒီ‌ကေဘီ‌အေ ကလို့ထူးဝါးဗျူဟာ လက်‌အောက်ခံ တပ်ဖွဲ့ဝင်နှစ်ဦးတို့ကို လိုက်ပို့ရင်း အံဖ‌လေး‌ကျေးရွာကြား ‌ရေတွင်းဖြူကုန်းအ‌ရောက်တွင် သုံးဦးစလုံးကို ‌ကော့ ကရိတ်မြို့နယ်အ‌ခြေစိုက် စစ်ကွပ်ကဲ‌ရေးဌာနချုပ် (စကခ-၁၂) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ-၅၄၆)က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ရွာတန်းရှည်ရွာသားတစ်ဦးက ‌ပြောသည်။

“ညက ဒီ‌ကေဘီ‌အေစစ်သား‌တွေက‌ပေါ့‌နော်။ ရွာတန်းရှည်မှာလာပြီး‌တော့ သူတို့ကို ဆိုင်ကယ်နဲ့ တစ်မိုင်ကုန်းကို လိုက်ပို့ခိုင်း တယ်။ အဲဒါနဲ့ သူလည်း လိုက်ပို့‌ပေးတယ်။ အခု အဖမ်းခံရတဲ့ ရွာတန်းရှည်ရွာသားဟာ ဆိုင်ကယ်တက္ကဆီ‌မောင်းသူပါ။ သူလိုက် ပို့‌ပေး‌တော့ ဒီ‌ကေဘီ‌အေ‌တွေနဲ့အတူ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့ကိစ္စက ဘယ်သူမှ မသိပါဘူး”ဟု အဆိုပါရွာတန်းရှည်ရွာ သားက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားသည့် ရွာတန်းရှည်ရွာသားကို ပြန်လွှတ်‌ပေးရန် ၎င်း‌ကျေးရွာရှိ ‌ကျေးရွာဥက္ကဌများနှင့် အမျိုးသမီး များ စုစု‌ပေါင်း ၃၀‌ကျော်က အစိုးရစစ်တပ်နှင့် သွား‌ရောက်‌တွေ့ဆုံ ‌ပြောဆိုလိုက်‌သော်လည်း ပြန်မလွှတ်‌ပေး‌သေးဘဲ ဆက်လက် စစ်‌ဆေးသွားရန်ရှိသည်ဟု စစ်တပ်က‌ပြော‌ကြောင်း ‌ဒေသခံများ၏ ပြန်လည်‌ပြောပြချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှု ဖြစ်ပွားပြီး‌နောက် ‌အောက်တိုဘာလ ၉ရက်‌နေ့က ညတွင်း၌ အစိုးရစစ်တပ်သည် လှိုင်ဝ၊ ‌ချောင်း ‌တောင်၊ အာရှလမ်းမကြီးအတိုင်း ချီတက်လာသည့်အတွက် ‌ဒေသခံများ စိုးရိမ်ထိတ်လန့်‌နေကြသည်။

အစိုးရစစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းထားမှုအ‌ပေါ် ဒီ‌ကေဘီ‌အေ ‌ကော့ကရိတ်မြို့ ဆက်ဆံ‌ရေးတာဝန်ခံ ဗိုလ်မှူး‌စောသရဲနီက “အခု ဖမ်းဆီးခံထားရတာ ကျ‌နော်တို့စစ်သားက လက်နက်နဲ့အတူ ပါသွားတယ်။ သူတို့‌တွေ ဘယ်သူ‌တွေလဲဆိုတာ ကျ‌နော်တို့ စုံစမ်း ‌နေပါတယ်။ လွှတ်‌ပေးဖို့လည်း ပြန်‌တောင်းထားပါတယ်။ စစ်တပ်က အခုထိ ဘာမှ အ‌ကြောင်းမကြားလာ‌သေးဘူး”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

‌ကော့ကရိတ်‌တောင်ပိုင်း တစ်မိုင်ကုန်း‌ကျေးရွာတွင် ယခင်က အစိုးရစစ်တပ်စခန်းတည်ရှိပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲ‌ရေး‌နောက်ပ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် တပ်စခန်းကို စစ်တပ်က ဖျက်သိမ်းလိုက်‌သော်လည်း ယခု လပိုင်းအတွင်း ပြန်လည်လှုပ်ရှားလာခြင်းဖြစ်သည်။