Home သတင်း အ‌နောက်ပိုးကရင် စာသင်ကြား‌ရေး နည်းပြသင်တန်း ပန်းတ‌နော်စာယဉ် ပထမအကြိမ် ဖွင့်လှစ်

အ‌နောက်ပိုးကရင် စာသင်ကြား‌ရေး နည်းပြသင်တန်း ပန်းတ‌နော်စာယဉ် ပထမအကြိမ် ဖွင့်လှစ်

2542

‌အောက်တိုဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်အတွင်းရှိ အစိုးရစာသင်‌ကျောင်းများ၌ အ‌နောက်ပိုးကရင်စာ ပို့ချ‌ပေးသည့် ဆရာ၊ ဆရာမများအတွက် သင်ကြား‌ရေး အ‌ထောက်အကူပြု နည်းပြသင်တန်းကို မြို့နယ်ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦးစီး ၍ ပန်းတ‌နော်မြို့ရှိ ကရင်ယဉ်‌ကျေးမှုပြတိုက်၌ ‌အောက်တိုဘာလ ၁ဝရက်‌နေ့က ပထမအကြိမ် ဖွင့်လှစ်လိုက်သည်။

အဆိုပါသင်တန်းကို အ‌နောက်ပိုးကရင်စာ‌ပေ သင်ကြား‌ရေးဆရာ၊ဆရာမများ ‌မွေးထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ် ‌ကြောင်း ပန်းတ‌နော်မြို့နယ် စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ၏ တွဲဖက်အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ပန်းတ‌နော်မြို့နယ်ထဲက အစိုးရ‌ကျောင်း‌တွေမှာ ကရင်စာသင်ကြားဖို့ ဆရာ၊ ဆရာမ‌တွေ မလုံ‌လောက်ဘူးဖြစ်‌နေတယ်။ ‌နောက်ပြီး‌တော့ ကရင်စာသင်‌နေ‌ပေမယ့်လည်း ကျွမ်းကျင်မှုအပိုင်း လိုအပ်‌နေတဲ့ ဆရာ၊ ဆရာမ‌တွေကို အဆင့်မြှင့်‌ပေးဖို့နဲ့ အဓိ က က‌တော့ အ‌နောက်ပိုးကရင်စာသင် ဆရာဆရာမ ‌မွေးထုတ်ဖို့ ရည်ရွယ်ပြီး ပထမဆုံးအကြိမ်အ‌နေနဲ့ ဖွင့်လှစ်ခဲ့တာပါ”ဟု ‌ပြော သည်။
10704141_1563506900539989_2098126873971501501_n
‌အောက်တိုဘာလ ၁ဝရက်မှ ၁၅ရက်‌နေ့အထိ ‌ခြောက်ရက်ကြာ ဖွင့်လှစ်မည့်ထိုသင်တန်းသို့ ပန်းတ‌နော်မြို့နယ်အတွင်းရှိ အစိုးရ ‌ကျောင်းဆရာဆရာမများနှင့် အစိုးရ‌ကျောင်းများတွင် ကရင်စာသင်ကြား‌ပေး‌နေသည့် ‌ဒေသခံဆရာ၊ ဆရာမ စုစု‌ပေါင်း ၄၁ဦး တက်‌ရောက်လျှက်ရှိ‌ကြောင်း သိရသည်။

သင်တန်းတက်‌ရောက်‌နေသည့် ပန်းတ‌နော်မြို့နယ်၊ အထက(မရမ်း)မှ အလယ်တန်းပြဆရာမ နန့်‌ဌေးဝင်းက “ကျမတို့အ‌နေနဲ့ သင်တန်းမရှိခင်တုန်းက လက်‌တွေ့သင်တဲ့အခါမှာ စကားလုံးအဓိပ္ပါယ် အတိအကျ မရတာ‌တွေ ရှိတယ်။ အခုလို သင်တန်းလာ တက်တဲ့အခါ စနစ်တကျ ပိုနားလည်လာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပန်းတ‌နော်မြို့နယ်အတွင်း၌ ပြီးခဲ့သည့် ပညာသင်နှစ်မှ စတင်ကာ အစိုးရအ‌ခြေခံပညာ‌ကျောင်း ၂၇‌ကျောင်း၌ မူလတန်း‌အောက် အဆင့် အ‌နောက်ပိုးကရင်စာကို တရားဝင် စတင်သင်ကြား‌ပေးခဲ့သလို ယခု ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ‌ကျောင်း‌ပေါင်း ၃၄ ‌ကျောင်းရှိ ‌ကျောင်းသူ‌ကျောင်းသား ၂,၀၀ဝခန့်ကို သင်ကြား‌ပေးလျှက်ရှိသည်။ ထို့အပြင် တရားဝင်စာရင်းမ‌ပေါက်ဘဲ အခြားစာ သင်‌ကျောင်းများတွင် မြို့နယ်စာ‌ပေယဉ်‌ကျေးမှုအစီအစဉ်ဖြင့် သင်ကြား‌ပေးမှုများရှိ‌ကြောင်း သိရသည်။