Home သတင်း မြန်မာအစိုးရနည်းဗျူဟာ‌ကြောင့် ကချင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါး ပိုမိုကြီးထွားလာဟု KWAT ဆို

မြန်မာအစိုးရနည်းဗျူဟာ‌ကြောင့် ကချင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါး ပိုမိုကြီးထွားလာဟု KWAT ဆို

2444

‌အောက်တိုဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာအစိုးရစစ်တပ်သည် ကချင်လွတ်‌မြောက်‌ရေး တပ်မ‌တော်(KIA)နှင့် ပဋိပက္ခ ပြန်လည် ဖြစ်‌ပေါ်လာသည့်‌နောက်ပိုင်းတွင် ကချင်‌ဒေသ၌ ဘိန်းနှင့် စိတ်ကြွ‌ဆေး စသည့် မူးယစ်‌ဆေးဝါးပြဿနာ ပိုမိုကြီးထွား‌စေလာသည့် အ‌ခြေအ‌နေများကို သိရှိနိုင်ရန် “အသံတိတ်ထိုးစစ်”အမည်ရှိ အစီရင်ခံစာသစ်ကို ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)က ‌အောက်တိုဘာ ၈ရက် ‌နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာသစ်တွင် ကချင်ပြည်နယ် ပြည်သူ့စစ် အစိုးရထိန်းချုပ်ရာနယ်‌မြေအတွင်းရှိ အိမ်တိုင်းလိုလို မူးယစ်‌ဆေးဝါးသုံးစွဲ မှုများရှိလာပြီး အိမ်‌ထောင်ရှင်အမျိုးသမီးများအ‌ပေါ်သို့ ဆိုးကျိုးသက်‌ရောက်မှုရှိလာသလို အစိုးရနှင့် နိုင်ငံတကာ‌စောင့်ကြည့်‌ရေး အလှူရှင်အဖွဲ့များမှ အာရုံစိုက်မှုမရှိသည့်အတွက် အစီရင်ခံစာထုတ်ရခြင်းဖြစ်သည်ဟု KWAT ၏ ‌ပြောခွင့်ရသူ ရှယ်လီဆိုင်းက ‌ပြောသည်။

“ဒီပြဿနာကို အစိုးရဘက်မှ အမြစ်‌ပျောက်‌အောင် တာဝန်ယူတွန်းအား‌ပေးဖို့ ဒီလိုသုံးစွဲမှုများလာရင် ကျမတို့ ကချင်တစ်မျိုး သားလုံး‌ခေါင်း‌ဆောင်‌ကောင်း‌တွေ ‌ပျောက်ဆုံးသွားနိုင်တယ်။ အဲဒါကို အစိုးရဘက်က တရားမျှတ‌အောင် လုပ်ဖို့လိုတယ်။ မူးယစ် ‌ဆေးဝါး‌ကြောင့် ကျမတို့ တစ်မျိုးသားလုံးမျိုးတုံးသွားမှာကို စိုးရိမ်တယ်”ဟု ရှယ်လီဆိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာဘာသာဖြင့် စာမျက်နှာ ၅၈မျက်နှာပါရှိ‌သော KWAT အစီရင်ခံစာထဲတွင် ၂၀၁၃ခုနှစ်မှစ၍ ယခု ထုတ်‌ဝေချိန်အထိ ကွင်း ဆင်း‌ကောက်ယူထားခဲ့သည့် အချက်အလက်များပါဝင်ပြီး ကချင်ပြည်နယ်တွင် မြန်မာအစိုးရစစ်တပ်၊ အမျိုးသားလွှတ်‌တော် ဦးစီး၍ နယ်ခြား‌စောင့်တပ်၏ ထိန်းချုပ်ရာ ချီ‌ဖွေနှင့် ဝိုင်း‌မော်မြို့ စသည့်‌နေရာ‌ဒေသများတွင် အဓိက ဘိန်းများ စိုက်ပျိုးကာ ရှမ်း ပြည်နယ်‌မြောက်ပိုင်းတွင်လည်း အလားတူပင် ဖြစ်သည်ဟု ‌ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံ‌မြောက်ပိုင်းရှိ ဧက‌သောင်းနှင့်ချီ စိုက်ပျိုးထား‌သော ဘိန်းစိုက်ခင်းများသည် အစိုးရလက်‌အောက်ခံ ပြည်သူ့ စစ်များ ထိန်းချုပ်ရာ‌ဒေသများတွင်ရှိ‌နေ‌ကြောင်း၊ စိုက်ခင်းအခွန်များကို ပြည်သူ့စစ်နှင့် အာဏာပိုင်များက ‌ကောက်ယူ‌ကြောင်းနှင့် စစ်ပွဲ‌ကြောင့် အခြားသီးနှံများစိုက်ပျိုးလျှင် ‌ဈေးကွက်သို့ တင်ပို့ရန် အခက်အခဲများရှိသဖြင့် ဘိန်းများ အစားထိုးပြန်လည် စိုက်ပျိုး ကြခြင်းဖြစ်‌ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့အပြင် ကချင်‌ဒေသရှိ အစိုးရ မဟာမိတ်နယ်‌မြေများမှ မူးယစ်‌ဆေးဝါးထုတ်လုပ်မှု ပိုမိုမြင့်တက်လာပြီး ၎င်း‌ဒေသမှတဆင့် ကချင်လူမှုအသိုင်းအဝိုင်းအတွင်းသို့ မူးယစ်‌ဆေးဝါး သုံးစွဲမှုပြဿနာ တစ်စထက်တစ်စ များပြားလာကာ လက်ရှိ မြစ်ကြီးနားနှင့် ဗန်း‌မော် စသည့်တက္ကသိုလ်‌ကျောင်းများရှိ ‌ကျောင်းသားများ၏ သုံးပုံတစ်ပုံတွင် မူးယစ်‌ဆေး ထိုးသွင်းသုံးစွဲသူများရှိလာ‌ကြောင်း KWAT က ‌ပြောသည်။

ရှမ်းပြည်နယ် မူးယစ်‌ဆေးဝါးဆိုင်ရာများကို ‌လေ့လာ‌စောင့်ကြည့်ခဲ့သူ ဦးခွန်ဆိုင်းက “ဒီမူးယစ်‌ဆေးဝါးပြဿနာဟာ အစိုးရဘက် က တကယ်လို့ သူတို့နှိမ်နင်းချင်ရင် နှိမ်နင်းလို့ရတယ်။ ဒါ‌ပေမယ့် မနှိမ်နင်းဘူး။ အခု ဒီမူးယစ်‌ဆေးဝါးဟာ အကျိုးနှစ်ခုရှိတယ်။ တစ်ခုက မူးယစ်‌ဆေးဝါးလုပ်ရင် ‌ငွေရတယ်။ ‌နောက်တစ်ခုက ဒီမူးယစ်‌ဆေးဝါး‌ကြောင့် လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အ စည်း‌တွေကို ပြန်လည်တိုက်ခိုက်နိုင်တယ်။ အဲဒါကို သူတို့အကျိုးရတာ‌ပေါ့”ဟု ၎င်း၏အမြင်ကို ‌ကေအိုင်စီသို့ ‌ပြောသည်။

UNODC နှင့် အခြား‌သော နိုင်ငံတကာအလှူရှင်များက မြန်မာနိုင်ငံအတွင်း စစ်ဖြစ်‌နေသည့်‌ဒေသတွင် မူးယစ်‌ဆေးဝါး ပြဿနာ အား ပိုမိုကြီးထွား‌စေသည့် အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ကို နှိမ်နင်း‌ရေးမူဝါဒများအား အဓိကထား အာရုံစိုက်မှုမရှိသည့်အ‌ပေါ် ရှုတ်ချလိုက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များ၊ အဖွဲ့အစည်းများ အားလုံးအ‌နေဖြင့် မူးယစ်‌ဆေးဝါး ပြဿနာ‌ဖြေရှင်း‌ရေးကို အ‌ရေး‌ပေါ် ဦးစား‌ပေးလုပ်‌ဆောင်ချက်တစ်ရပ်အဖြစ် အဓိကအာရုံစိုက်လုပ်‌ဆောင်ရန်လည်း KWAT က တိုက်တွန်းလိုက်သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် အ‌ခြေစိုက်လျှက်ရှိသည့် ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (Kachin Women’s Association Thailand- KWAT)ကို ၁၉၉၉ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီးအ‌ရေးနှင့် ကချင်ပြည်နယ်ရှိ အမျိုးသမီးအ ‌ရေးများ ‌ဆောင်ရွက်‌ပေးသည့်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။