Home သတင်း ကရင်တက္ကသိုလ်‌ကျောင်းသားများ ‌ဘောလုံးပြိုင်ပွဲ ပထမဦးဆုံးအကြိမ် ကျင်းပ

ကရင်တက္ကသိုလ်‌ကျောင်းသားများ ‌ဘောလုံးပြိုင်ပွဲ ပထမဦးဆုံးအကြိမ် ကျင်းပ

1748

ဇူလိုင် ၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များ ရန်ကုန်)က ကြီးမှူးကျင်းပသည့် ပထမဦးဆုံးအကြိမ် တက္ကသိုလ်‌ပေါင်းစုံ ကရင်‌ကျောင်းသားများ ‌ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း‌ပေါ်ရှိ မိုင်လာ‌ဘောလုံးကွင်း၌ ဇွန်လ ၂၉ရက်‌နေ့မှ စတင်ကျင်းပ‌နေပြီဖြစ်‌ကြောင်း ပြိုင်ပွဲကျင်းပ‌ရေး‌ကော်မတီက ‌ပြောသည်။

ရန်ကုန်တိုင်းရှိ တက္ကသိုလ်အသီးသီး၌ အဆင့်မြင့် ပညာသင်ကြား‌နေ‌သော ကရင်‌ကျောင်းသူ‌ကျောင်းသားများ စည်းလုံးညီညွတ် မှုရှိရန်နှင့် နိုင်ငံလက်‌ရွေးစင် ကရင်‌ဘောလုံးသမားများ ‌ပေါ်ထွက်လာ‌ရေးအတွက် ရည်ရွယ်ကာ တက္ကသိုလ် ကရင်‌ကျောင်းသား များ ‌ဘောလုံးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များ ရန်ကုန်) အတွင်း‌ရေးမှူး (၂) ဖြစ်သူ၊ သန်လျင်နည်းပညာတက္ကသိုလ် စတုတ္ထနှစ်‌ကျောင်းသား ‌စောမန်းသူ‌အောင်က ‌ကေအိုင်စီသို ့‌ပြောသည်။

“ကျ‌နော်တို့ ကရင်လူမျိုး‌တွေဟာ မျိုးနွယ်စုမတူညီမှု၊ စကား၊ ကိုးကွယ်ရာဘာသာ မတူညီမှု‌တွေအ‌ပေါ် ခွဲခြားမှု‌တွေ ခံရပါတယ်။ ကျ‌နော်ယုံကြည်တာက ကျ‌နော်တို့ ကရင်‌ကျောင်းသား‌တွေမှာ ဒီလို ခွဲခြားတာမရှိပါဘူး။ ဒါ‌ကြောင့် ခက်ခက်ခဲခဲ ရှိထားတဲ့ စည်း လုံးမှုကို သူ့‌ကျောင်းငါ့‌ကျောင်း၊ သူ့အသင်းကိုယ့်အသင်း မခွဲဘဲ ဒီ‌ဘောလုံးပြိုင်ပွဲအားဖြင့် စည်းလုံးမှုကို ပြသဖို ့ရည်ရွယ်ပါတယ်” ဟု ‌စောမန်းသူ‌အောင်က ဆိုသည်။

အဆိုပါ ‌ဘောလုံးပွဲဖွင့်ပွဲကို ကရင်အမျိုးသားအလံ‌တော်ကို အ‌လေးပြုခြင်း၊ ကရင်အမျိုးသားသီချင်းသီဆိုခြင်းဖြင့် ထို‌နေ့‌နေ့လည် ၂နာရီတွင် မိုင်လာကွင်း၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် အသင်း ၆သင်း တက်‌ရောက်ခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် အုပ်စု(ခ)မှ စီးပွား‌ရေး တက္ကသိုလ်‌ဘောလုံးအသင်းနှင့် ပြည်‌ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး‌ရေးဒီဂရီအသင်းတို့ ယှဉ်ပြိုင်ရာ တစ်ဖက် တစ်ဂိုးစီ သ‌ရေကျခဲ့ပြီး ဒုတိယပွဲစဉ်တွင် ရန်ကုန်ပညာ‌ရေး တက္ကလိုလ်‌ဘောလုံးအသင်းက ‌မှော်ဘီနည်းပညာတက္ကသိုလ် ‌ဘော လုံးအသင်းကို သုံးဂိုးဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။

ပြိုင်ပွဲဝင်‌ဘောလုံးသမားတစ်ဦးဖြစ်သူ ‌မှော်ဘီနည်းပညာတက္ကသိုလ် ပထမနှစ်‌ကျောင်းသား မန်း‌သောရှန်က “အခုလို တက္က သိုလ်‌ကျောင်းသား‌တွေ ‌ကျောင်း‌ပေါင်းစုံ‌ဘောလုံးပွဲကို ပထမဆုံး ကျင်းပနိုင်တဲ့အတွက် ‌ကျောင်းသားအချင်းချင်း ပိုမိုစည်းလုံးမှု ဖြစ်‌စေပြီး ‌နောင်လည်း လူမှု‌ရေးလုပ်ငန်း‌တွေ စု‌ပေါင်းလုပ်ကိုင်ဖို့အတွက် စုစည်းနိုင်တဲ့အားတစ်ခု ဖြစ်လာ‌စေပါတယ်”ဟု ‌ပြောဆို သည်။

အဆိုပါ‌ဘောလုံးပြိုင်ပွဲဝင် အသင်း ၆သင်းအနက် အုပ်စု(က)တွင် ရန်ကုန်ပညာ‌ရေးတက္ကသိုလ် ‌ဘောလုံးအသင်း၊ ‌မှော်ဘီနည်း ပညာတက္ကသိုလ်‌ဘောလုံးအသင်းနှင့် သန်လျင်နည်းပညာတက္ကသိုလ်၊ သန်လျင် သမဝါယမတက္ကသိုလ်တို့ ပူး‌ပေါင်းဖွဲ့ထားသည့် ညွန့်‌ပေါင်း‌ဘောလုံးအသင်းတို့ ပါဝင်သည်။

၎င်းအပြင် အုပ်စု(ခ)တွင် ရန်ကုန်စီးပွား‌ရေးတက္ကသိုလ်‌ဘောလုံးအသင်း၊ ရန်ကုန်အ‌နောက်ပိုင်း နည်းပညာတက္ကသိုလ် ‌ဘောလုံး အသင်းနှင့် ပြည်‌ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး‌ရေး ဒီဂရီ‌ကောလိပ် ‌ဘောလုံးအသင်းတို့ ပါဝင်ပြီး ‌နောက်ဆုံး ဗိုလ်လုပွဲကို လာမည့် ဇူလိုင် ၁၉ရက်‌နေ့တွင် ကျင်းပသွားမည်ဖြစ်‌ကြောင်း ပြိုင်ပွဲကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။

‌ဘောလုံးပြိုင်ပွဲ အုပ်စု(က)၊ (ခ) ပတ်လည်ပွဲများကို အပတ်စဉ် စ‌နေ၊ တနဂင်္‌နွေ‌နေ့များတွင်သာ ကျင်းပလျှက်ရှိပြီး အ‌ထွေ‌ထွေ ကုန်ကျစရိတ်များကို ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ(တက္ကသိုလ်များရန်ကုန်)၏ ရန်ပုံ‌ငွေများထဲမှသာ သုံးစွဲ သွားမည်ဖြစ်‌ကြောင်း သိရသည်။

ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များရန်ကုန်)ကို တက္ကသိုလ်‌ပေါင်းစုံရှိ ကရင်ဆရာ၊ ဆရာမများ နှင့် တက္ကသိုလ်ကရင်‌ကျောင်းသူ‌ကျောင်းသားများဖြင့် ဖွဲ့စည်းထားကာ တက္ကသိုလ်ကရင်မဂ္ဂဇင်းထုတ်‌ဝေခြင်း၊ တက္ကသိုလ် ကရင် ဒုံးအဖွဲ့ ဖွဲ့စည်းခြင်း၊ ကရင်တက္ကသိုလ်‌ကျောင်းသားများ ‌မောင်မယ်သစ်လွင်ကြိုဆိုပွဲ နှစ်စဉ် ကျင်းပခြင်းများ ပြုလုပ်လျှက်ရှိသည်။