Home သတင်း KNU တပ်မဟာ(၇)က “ဒို့မိတ်‌ဆွေ” အမည်ဖြင့် ယာဉ်လိုင်း‌ပြေးဆွဲရန် စီစဉ်

KNU တပ်မဟာ(၇)က “ဒို့မိတ်‌ဆွေ” အမည်ဖြင့် ယာဉ်လိုင်း‌ပြေးဆွဲရန် စီစဉ်

1631

ဇွန် ၆ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇) တည်‌ထောင်ထား‌သော မိုးကိုစံကုမ္ပဏီက “ဒို့မိတ်‌ဆွေ” အမည်ဖြင့် အ‌ဝေး‌ပြေးယာဉ်လိုင်းတစ်ခုကို အာရှလမ်းမကြီး‌ဖောက်လုပ်ပြီးစီးအမှီ ‌ပြေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိ ‌ကြောင်း သိရသည်။

ယာဉ်လိုင်း‌ပြေးဆွဲနိုင်ရန်အတွက် ‌မေလဆန်းပိုင်းက စတင်ကာ ခရိုင်၊ ပြည်နယ်အဆင့်ဆင့်ရှိ သက်ဆိုင်ရာ အစိုးရ၏ ကုန်းလမ်းပို့‌ဆောင်‌ရေးဌာနများသို့ ‌လျှောက်ထားခဲ့ပြီး ယာဉ်လိုင်း‌ပြေးဆွဲခွင့်ပြု လိုင်စင်ရသည်နှင့် တပြိုက်နက် ဆက်လက်အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်နိုင်မည်ဖြစ်‌ကြောင်း ကုမ္ပဏီမှမန်‌နေဂျာ တစ်ဦးဖြစ်သူ ‌စော‌သော်မဆင်က ‌ပြောသည်။

“ဩဂုတ်လမှာ စပြီးယာဉ်လိုင်းဆွဲနိုင်ဖို့ စီစဉ်ထား‌ပေမယ့် ခွင့်ပြုချက်မကျ‌သေး‌တော့ ‌လော‌လောဆယ် ဘာမှ အ‌ကောင်အထည် မ‌ဖော်နိုင်‌သေးဘူးဖြစ်‌နေတယ်။ တကယ်လို့ ခွင့်ပြုချက်ကျ လာခဲ့ရင်‌တော့ ဆက်ပြီး လုပ်‌ဆောင်သွားမယ်”ဟု ‌စော‌သော်မဆင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါယာဉ်လိုင်းကို လူ ၅၅ ‌ယောက်ဆန့် ကားကြီး ၈ စီးဖြင့် စတင် ‌ပြေးဆွဲရန် စီစဉ်ထားပြီး ယာဉ်လိုင်းမှာ မြဝတီ-ဖားအံ-‌တောင်ငူ၊ မြဝတီ-ဖားအံ-ရန်ကုန်၊ မြဝတီ-ဖားအံ-ရန်ကုန်-ပုသိမ် လမ်း‌ကြောင်းများတွင် ‌ပြေးဆွဲမည်ဖြစ်သည်ဟု မိုးကိုစံ ကုမ္ပဏီက ‌ပြောဆိုထားသည်။

ယာဉ်လိုင်း ‌ပြေးဆွဲမည့်ကိစ္စနှင့် ပတ်သက်၍ မြဝတီမြို့ခံတစ်ဦးဖြစ်သူ မင်းစိုးမိုးက “ကိုယ့်ကရင် ယာဉ်လိုင်း ‌ပြေးဆွဲမယ်ဆိုတာ‌တော့ ‌ကောင်းတယ်။ ဒါ‌ပေမယ့် လုပ်ငန်းမစတင်ခင်မှာ ‌ကြေငြာ‌ကောင်းဖို့ လိုတယ်။ လူသိ များ‌အောင်‌လေ။ ‌နောက်ပိုင်း‌တော့ သိလာရင် အဆင်‌ပြေလာနိုင်တယ်။ ဝန်‌ဆောင်မှု ‌ကောင်းတယ်။ ဆက်ဆံ ‌ရေးကအစ ‌ကောင်းရင်‌တော့ အဖွဲ့အစည်းပါ ဂုဏ်သိက္ခာရှိလာမယ်”ဟု ‌ပြောသည်။

လက်ရှိ မိုးကိုစံကုမ္ပဏီသည် ဘိလပ်‌မြေ၊ အိမ်‌ဆောက်ပစ္စည်း၊ ‌လောင်စာဆီတင်သွင်းခြင်းလုပ်ငန်းများ လုပ်ကိုင် လျှက်ရှိပြီး ယခုလို ယာဉ်လိုင်း‌ပြေးဆွဲရန်အတွက် စီစဉ်ခြင်းအ‌ပေါ် KNU တပ်မဟာ (၇)မှ စီးပွား‌ရေးတာဝန်ခံ ‌စောမိုးဇက်က ဧပြီလကုန်ပိုင်းအတွင်းက မီဒီယာများနှင့် ‌တွေ့ဆုံစဉ် ယခုလို‌ပြောခဲ့သည်။

“အာရှလမ်းမကြီးဖြစ်လာရင် အာဆီယံနိုင်ငံ‌တွေနဲ့ ထိ‌တွေ့ရမှာပါ။ ဒါ‌တွေကို ‌မျှော်လင့်ပြီး အ‌ဝေး‌ပြေး ကား‌တွေကို ‌ပြေးဆွဲမှာပါ။ ‌နောက်ပြီး လိုင်းဆွဲဖို့ စီစဉ်ထားတဲ့ ‌နေရာ‌တွေကလည်း ကရင်လူမျိုး‌တွေ အများစု ‌နေထိုင်ရာ‌ဒေသ‌တွေ ဖြစ်ပါတယ်”ဟု ‌စောမိုးဇက်က ‌ပြောသည်။

KNU တပ်မဟာ (၇)တွင် မိုးကိုစံကုမ္ပဏီနှင့် ‌ကော်က‌ညော အမည်ရှိကုမ္ပဏီ နှစ်ခုတည်‌ထောင်ထားပြီး ‌ကော်က‌ညောမှာ တနသင်္ာရီတိုင်း‌ဒေသကြီး ‌ကော့‌သောင်းတွင် ငါးဖမ်းစက်‌လှေ အစီး‌ရေ ၆ဝ ဖြင့် ငါးဖမ်းလုပ်ငန်းကို စတင်လုပ်ကိုင်‌နေပြီဖြစ်‌ကြောင်း သိရသည်။

မိုးကိုစံကုမ္ပဏီကို KNU နှင့် မြန်မာအစိုးရတို့အကြား ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပြီး‌နောက် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် စတင်တည်‌ထောင်ခဲ့ပြီး KNU တပ်မဟာ(၇)၏ တပ်ဖွဲ့ဝင်မိသားစုများအား ‌ထောက်ကူ‌ပေးနိုင်ရန်အတွက် တည်‌ထောင်ခဲ့ခြင်းဖြစ်သည်ဟု မိုးကိုစံကုမ္ပဏီက ဆိုသည်။