Home သတင်း ‌ကေအဲန်ယူ နှင့် လွှတ်‌တော်နာယက သူရဦး‌ရွှေမန်း ပထမဦးဆုံးအကြိမ်‌တွေ့ဆုံ

‌ကေအဲန်ယူ နှင့် လွှတ်‌တော်နာယက သူရဦး‌ရွှေမန်း ပထမဦးဆုံးအကြိမ်‌တွေ့ဆုံ

1214

ဇွန် ၅ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ပြည်တွင်းငြိမ်းချမ်း‌ရေးကိစ္စအတွက် အစိုးရထိပ်ပိုင်း‌ခေါင်း‌ဆောင်များနှင့် ‌ဆွေး‌နွေးရန် ‌နေပြည်‌တော်သို့ ‌ရောက်ရှိ ‌နေသည့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြည်‌ထောင်စုလွှတ်‌တော်နာယက သူရဦး‌ရွှေမန်းနှင့် ပြည်သူ့လွှတ်‌တော်အ‌ဆောက် အဦးတွင် ပထမဦးဆုံးအကြိမ် ယ‌နေ့ ‌တွေ့ဆုံခဲ့သည်။

‌တွေ့ဆုံပွဲတွင် ‌ကေအဲန်ယူဘက်မှ ဥက္ကဌ အပါအဝင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၊ ကာကွယ်‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်နှင့် ဥက္ကဌ၏ စစ်‌ရေး၊ နိုင်ငံ‌ရေးအကြံ‌ပေး ပုဂ္ဂိုလ် ‌စောတူးတူး‌လေးတို့ပါဝင်ပြီး ပြည်‌တောင်စုလွှတ်‌တော်နာယက သူရဦး‌ရွှေမန်း၊ ပြည်သူ့လွှတ်‌တော် တိုင်းရင်းသား‌ရေးရာ‌ကော်မတီဥက္ကဌ ဦးသိန်း‌ဇော်နှင့် ပြည်သူ့လွှတ်‌တော်တာဝန်ရှိသူများ တက်‌ရောက်ပြီး နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ တစ်နာရီခန့် ‌တွေ့ဆုံခဲ့‌ကြောင်း သိရသည်။

၎င်း‌တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ‌ကေအဲန်ယူ ဥက္ကဌ ရုံးတာဝန်ခံ ပဒို‌စောတာမူလာက “ကျ‌နော်တို့က လွှတ်‌တော်ကို အုပ်ချုပ်‌ရေးမှာ အ‌ရေးပါတဲ့ အဖွဲ့အစည်းအ‌နေနဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ပိုမိုအား‌ပေးပါဝင်ဖို့ ‌ပြောခဲ့တယ်။ တချိန် တည်းမှာ တနိုင်ငံလုံး အပစ်ရပ်‌ရေးရခဲ့ရင် အဲဒီရရှိတဲ့ သ‌ဘောတူညီချက်‌တွေကို ဥပ‌ဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ အတည်ပြုနိုင်ဖို့ အား‌ပေး‌ထောက်ခံဖို့ ‌ပြောခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ပြည်‌ထောင်စုလွှတ်‌တော် နာယက သူရဦး‌ရွှေမန်းကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေး၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်လုပ်သည့်အခါ ‌ကေအဲန်ယူကို ယုံကြည်မူရှိပြီး ယခု‌ဆွေး‌နွေးမှုများသည် လုပ်‌ဆောင်ရမည့်အပိုင်းများဖြစ်သည်ဟု ‌ဆွေး‌နွေး‌ပြောဆိုခဲ့‌ကြောင်း ပဒို‌စောတာမူလာက ပြန်လည်‌ပြောဆိုသည်။

ယခု‌တွေ့ဆုံမှုတွင် သူရဦး‌ရွှေမန်းမှ လွှတ်‌တော်လုပ်ပိုင်ခွင့်များ မည်သို့ရှိသည်ကို ချပြ‌ပြောဆိုနိုင်သလို ပြည်တွင်း ငြိမ်းချမ်း‌ရေးနှင့် နှစ်ဘက်ရင်ကြား‌စေ့‌ရေးအတွက် လွှတ်‌တော်အ‌နေဖြင့် အ‌လေးထား‌ဆောင်ရွက်‌နေသည်ကို ‌ကေအဲန်ယူ သိရှိသွားမည်ဟု ‌မျှော်လင့်‌ကြောင်း ဖားအံမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုးဦး‌ဆောင်သည့် ကိုုယ်စားလှယ်အဖွဲ့သည် ဇွန် ၄ ရက်‌နေ့၊ ၄နာရီက ‌နေပြည်‌တော်ရှိ ‌တောင်သူပညာ‌ပေး စက်မှုလယ်ယာစံပြစိုက်ခင်း ဧက ၅၀ဝ အစည်းအ‌ဝေးခန်းမ၌ နိုင်ငံ‌တော် သမ္မတ ဦးသိန်းစိန်နှင့် ‌တွေ့ဆုံခဲ့သလို ယင်း‌နေ့ နံနက် ၁ဝ နာရီတွင် ‌နေပြည်‌တော် ဘုရင့်‌နောင်ရိပ်သာဧည့်ခန်း မ‌ဆောင်၌ ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်နှင့်လည်း ‌တွေ့ဆုံခဲ့သည်။