Home သတင်း အကြီးစား ဖွံ့ဖြိုး‌ရေးစီမံကိန်း ‌ကောင်းကျိုးဆိုးကျိုး ဖားအံကရင်လူငယ်ကွန်ရက်ရှင်းလင်း

အကြီးစား ဖွံ့ဖြိုး‌ရေးစီမံကိန်း ‌ကောင်းကျိုးဆိုးကျိုး ဖားအံကရင်လူငယ်ကွန်ရက်ရှင်းလင်း

1466

ဇွန် ၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ယမန်‌နေ့ ဇွန် ၅ရက်‌နေ့၌ ကျ‌ရောက်‌သော အပြည်ပြည်ဆိုင်ရာ သဘာပတ်ဝန်းကျင်‌နေ့ကို ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သံလွင် Paradise (ပါရာဒက်စ်) ဟိုတယ်၌ ကျင်းပခဲ့ရာ ထိုအခမ်းအနားတွင် ဖားအံကရင် လူငယ်ကွန်ရက်မှ အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်း ‌ကောင်းကျိုးဆိုးကျိုးနှင့် ပတ်သက်၍ ရှင်းလင်း‌ပြောကြား ခဲ့သည်။

၎င်းအခမ်းအနား၌ ဖားအံကရင်လူငယ်ကွန်ရက်မှ အဖွဲ့ဝင် ၁၅ဖွဲ့အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ‌ရေး ပညာရှင်များ၊ နိုင်ငံ‌ရေးပါတီများ၊ အနုပညာရှင်များနှင့် ‌ဒေသခံများ တက်‌ရောက်ခဲ့သူ ၃၀ဝ ‌ကျော်ကို လက်ရှိ ကရင်ပြည်နယ်အတွင်း ပြုလုပ်ရန်အစီအစဉ်ရှိ‌သော ‌ရေကာတာစီမံကိန်းနှင့် ဘိလပ်‌မြေစက်ရုံ စီမံကိန်းကိစ္စအ‌ပေါ် ဖားအံကရင်လူငယ်ကွန်ရက်က ရှင်းလင်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖားအံကရင်လူငယ်ကွန်ရက် အဖွဲ့ဝင်တစ်ခုဖြစ်သည့် ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့်‌ရေးအဖွဲ့(KRW)၏ တာဝန်ခံ ‌စောသာဘိုးက “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဟာ အ‌ရေးကြီးကဏ္ဍတစ်ခုဖြစ်တဲ့အတွက် ကရင်ပြည်နယ်မှာ ပြည်သူ‌တွေမှီဝဲတဲ့ သံလွင်မြစ်မှာ ဟတ်ကြီးတို့၊ ဝဲကြီးတို့လို ‌ရေကာတာ စီမံကိန်းလုပ်ရင် ‌ရေလွှမ်းမိုးမှု‌တွေဖြစ်လာပြီး သစ်‌တော‌တွေ ပျက်စီးမယ်။ ‌နောက်ဆက်တွဲပြဿနာအ‌နေနဲ့ လူထုသိန်းချီပြီး ဒုက္ခ‌ရောက်မယ်။ ဒါ‌ကြောင့် အဲဒါ‌တွေ ကျ‌နော်တို့ ရှင်းပြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC00846
ကရင်ပြည်နယ်တွင် အခြားအကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်းဖြစ်သည့် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်သွားမည် ဆိုပါကလည်း ‌ရေထု၊ ‌လေထုနှင့် ‌မြေထုမသန့်ရှင်းသည့် ပြဿနာများဖြစ်‌ပေါ်လာနိုင်‌ကြောင်းတို့ကို ရှင်းပြခဲ့သည်ဟု ‌စောသာဘိုးက ဆက်‌ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်‌နေရ‌သော သဘာပတ်ဝန်းကျင်ပြဿနာများကို အများပြည်သူများ နှင့်တကွ ‌ဒေသတွင်း အရပ်ဘက်လူ့မှုအဖွဲ့အစည်းများနှင့် နိုင်ငံ‌ရေးပါတီ အသင်းအဖွဲ့များ၊ ပညာရှင်များ၊ သတင်းမီဒီယာ၊ ‌ဒေသခံအစိုးရများ ပူး‌ပေါင်း‌ဆောင်ရွက်မှု အား‌ကောင်းလာပြီး ထိ‌ရောက်‌သော ကိုင်တွယ် ‌ဖြေရှင်းမှုများ ‌ပေါ်‌ပေါက်လာ‌စေရန် ‌မျှော်လင့်‌ကြောင်းလည်း ဖားအံကရင်လူငယ်ကွန်ရက်က ဆိုသည်။

အခမ်းအနား တက်‌ရောက်ခဲ့သည့် ဖားအံ‌ဒေသခံဖြစ်သူ ‌စောဉာဏ်ဝင်းက “အခုလို သဘာပတ်ဝန်းကျင်‌နေ့ ကျင်းပ‌တော့ ‌ဒေသခံများအတွက် သဘာဝပတ်ဝန်းကျင်အ‌ကြောင်းကို သိရှိလာပြီး မျက်စိဖွင့်နာဖွင့်လာ တယ်။ ကျ‌နော်တို့လည်း သိရှိသွားတဲ့အရာ‌တွေကို အခြားမှာရှိတဲ့ ‌ဒေသခံများကိုလည်း ပြန်လည်ရှင်းပြ သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအခမ်းအနား တက်‌ရောက်ခဲ့သည့် ကရင်ပြည်နယ် ပြည်‌ထောင်စုကြံ့ခိုင်း‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီဥက္ကဌ ‌စောထားလုံကလည်း “ဒီအခမ်းအနားမှာ ဘိလပ်‌မြေရုံနှင့် သံလွင်‌ရေကာတာကိစ္စ ပါတာကို ‌တွေ့ရတယ်။ အခု ကျ‌နော်တို့ သံလွင်မြစ်‌တွေ ‌နွေမှာဆို ‌ရေ‌တွေ တိမ်‌ကော‌နေပြီ။ ဒါ‌ကြောင့် ပြည်နယ်သူ ပြည်နယ် သား‌တွေလည်း မိမိ‌ဒေသကို သဘာဝပတ်ဝန်းကျင် ထိခိုက်လာမှာကို စိုးရိမ်ကြမှာပဲ။ ကျ‌နော်တို့ ပြန်လည်ထိမ်းသိမ်းဖို့ လိုပါတယ်”ဟု ‌ပြောသည်။

တဆက်တည်းမှာပင် အခမ်းအနားအပြီးတွင် သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်ရာ ပ‌ဟေဠိဉာဏ်စမ်း အစီအစဉ်နှင့် ဂီတအနုပညာရှင်များဖြစ်သည့် ဟက်ကက်၊ ‌ကောင်း‌ကောင်း၊ အခြား‌မော်ဒယ်များနှင့် အိမ်မက်ဆုံရာမှ ‌အောင်မြင်‌သော အနုပညာရှင်များက ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်ဖြင့် အခမ်းအနားကို အဆုံးသတ်ခဲ့‌ကြောင်း သိရသည်။

ဖားအံကရင်လူငယ်ကွန်ရက်မှ ဦးစီး၍ ယခုနှစ် ကျ‌ရောက်‌သော အပြည်ပြည်ဆိုင်ရာ သဘာပတ်ဝန်းကျင် ‌နေ့ကို ဖားအံမြို့၌ ကျင်းပနိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။