Home သတင်း ပညာ‌ရေးအခမဲ့ဆို‌သော်လည်း ‌ငွေ‌ကောက်ခံ‌နေဆဲဟု ‌ကျောင်းသားမိဘများ ‌ပြောဆို

ပညာ‌ရေးအခမဲ့ဆို‌သော်လည်း ‌ငွေ‌ကောက်ခံ‌နေဆဲဟု ‌ကျောင်းသားမိဘများ ‌ပြောဆို

1545

ဇွန် ၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

‌ကျောင်းပညာ‌ရေး၌ မူလတန်းမှ အလယ်တန်းအထိ ‌ကျောင်းအပ်နှံ‌ကြေးနှင့် ‌ကျောင်းသုံးပုံနှိပ်စာအုပ်များ အတွက် အခမဲ့ဟု မြန်မာအစိုးရက ထုတ်ပြန်ထား‌သော်လည်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ ‌တောင် က‌လေး အထက်တန်း‌ကျောင်းတွင် ‌ငွေ‌ကြေး‌ကောက်ခံမှုအချို့ရှိ‌နေသည်ဟု ‌ကျောင်းသားမိဘများက ‌ပြောသည်။

ယခု ဇွန် ၂ရက်‌နေ့တွင် ‌ကျောင်းစတင်ဖွင့်လှစ်ခဲ့သည့် ‌တောင်က‌လေးအထက်တန်း‌ကျောင်းတွင် ‌ကျောင်းမဖွင့်မီ ‌မေ ၂၅ရက်‌နေ့က ‌ကျောင်းအပ်နှံခွင့်လက်ခံခဲ့စဉ် အလယ်တန်းအဆင့်တက်‌ရောက်မည့် ‌ကျောင်းသား‌ကျောင်းသူများကို ‌ငွေ‌ကောက်ခံမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အမည်မ‌ဖေါ်လိုသူ ‌တောင်က‌လေး‌ကျောင်းသားမိဘတစ်ဦးက “နိုင်ငံ‌တော်က ‌ပြောတာ မူလတန်းမှ အလယ်တန်းအထိ အခမဲ့လို့ ‌ပြောတယ်။ မူလတန်းအဆင့်ကို မ‌ကောက်‌တော့‌ပေမယ့် အလယ်တန်းအဆင့် ကို အရင်နှစ်ကလိုပဲ ‌ကောက်ခံ‌နေဆဲပဲ။ ကျ‌နော့်က‌လေး‌တွေကို ‌ကျောင်းသွားအပ်‌တော့ တစ်ဦးကို ‌ငွေ ၅ ‌ထောင် ‌ကောက်ခံတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ကျောင်းအပ်နှံရာ၌ အချို့‌ကျောင်းသား‌ကျောင်းသူများကို ကျပ်တစ်‌သောင်းအထိ ‌ကောက်ခံ‌သော ‌ကြောင့် က‌လေး ၃၊ ၄ ဦးရှိ‌သော ‌ကျောင်းသာမိဘများအတွပ် အခက်ကြုံ‌နေရ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ‌တောင်က‌လေး‌ကျောင်းအုပ် ဆရာမဖြစ်သူ ‌ဒေါ်လှရီက ‌ကျောင်းစာသင်ခုံ၊ အဝီစိတူးရန်နှင့် ကွန်ကရစ် ‌လောင်းရန်အတွက် အလှူ‌ငွေ ‌ကောက်ခံသည့်သ‌ဘောသာဖြစ်သလို ‌ကျောင်းအကျိုး‌တော်‌ဆောင်များက လုပ်‌ဆောင်သည့်အတွက် ‌ကျောင်းဆရာ/မများနှင့် မသက်ဆိုင်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

“မူလတန်းက‌နေ အလယ်တန်းအထိ ‌ကျောင်းအပ်နှံ‌ကြေးနဲ့ ပုံနှိပ်စာအုပ်‌တွေကို အခမဲ့‌ပေးပါတယ်။ မူလတန်းကို ဗလာစာအုပ် ၆ အုပ် ‌ပေးတယ်။ ‌ငွေ‌ကြေး‌ကောက်ခံတာက‌တော့ ‌ကျောင်းအကျိုး ‌တော်‌ဆောင်တို့က‌နေ အလှူခံတဲ့ သ‌ဘောမျိုးပါ”ဟု ‌ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးဖြစ်သူ ‌စော‌ဌေး‌ကျော်မျိုးက “ဒါ‌တွေ‌တော့ ရှိ‌နေဦးမှာပဲ။ အပြီးအပြတ် ‌ပြောင်းလဲဖို့က‌တော့ အချိန်‌တော့ ယူရဦးမယ်။ ဖြည်းဖြည်းချင်းနဲ့ လုပ်‌ဆောင်‌ပေးရမှာပဲ။ အားလုံးက အ‌ကောင်း‌တွေကိုပဲ လိုချင်ကြပါတယ်”ဟု ‌ပြောသည်။

ဖားအံမြို့နယ်ရှိ ‌တောင်က‌လေး အထက်တန်း‌ကျောင်းကို ၁၉၉၁ ခုနှစ်က စတင်တည်‌ထောင်ခဲ့ပြီး ယခု ၂၀၁၄- ၂၀၁၅ စာသင်နှစ်တွင် ဆရာ၊ ဆရာမ ၅ဝ ဦးနှင့် ‌ကျောင်းသား‌ကျောင်းသူ ၁,၃၀ဝ ‌ကျော်ရှိ‌ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မြန်မာအစိုးရ၏ ချမှတ်ထားသည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အစိုးရ‌ကျောင်းများ တွင် အ‌ခြေခံမူလတန်းမှ အလယ်တန်းအထိ ‌ကျောင်းအပ်နှံ‌ကြေးနှင့် ‌ကျောင်းသုံးပုံနှိပ်စာအုပ်စုံအတွက် အခမဲ့ဖြစ်‌ကြောင်း တရားဝင်ထုတ်ပြန်ထားခြင်းဖြစ်သည်။