Home သတင်း စာ‌ပေယဉ်‌ကျေးမှုလုပ်ငန်း လုပ်‌ဆောင်သွားရန် ကရင်ရဟန်းအသင်းကို ‌ကေအဲန်ယူ တိုက်တွန်း

စာ‌ပေယဉ်‌ကျေးမှုလုပ်ငန်း လုပ်‌ဆောင်သွားရန် ကရင်ရဟန်းအသင်းကို ‌ကေအဲန်ယူ တိုက်တွန်း

1520

ဇွန် ၃ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားများရဲ့ စာ‌ပေယဉ်‌ကျေးမှုလုပ်ငန်းကို ‌ဖေးမဦး‌ဆောင် လုပ်‌ဆောင်သွားကြရန် ကရင်အမျိုး သားရဟန်း‌တော်အသင်းအား ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေး ဌာနမှူး ပဒို‌စောအားတိုးက တိုက်တွန်း‌ပြောဆိုလိုက်သည်။

“ကရင်အမျိုးသား‌တွေဟာ သံဃာအဖွဲ့အစည်းက‌နေပြီး‌တော့ ဒါစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အမျိုး သားရဲ့ကရင်စာ‌ပေယဉ်‌ကျေးမှုလုပ်ငန်း‌တွေကို လုပ်‌ဆောင်သွားဖို့ ‌ဖေးမသွားဖို့၊ ဦး‌ဆောင်သွားဖို့ ဒါ‌တွေကို တိုက်တွန်း‌ပြောဆိုခဲ့တယ်”ဟု ပဒို‌စောအားတိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စောအားတိုးသည် ကရင်ရဟန်း ‌တော်များအဖွဲ့၏ ဖိတ်ကြားချက်အရ ဖားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်ရှိ ‌အောက်‌ရေတံခွန်‌ကျောင်းတွင် ‌မေလ ၂၈ရက်က ကျင်းပသည့် ၅ကြိမ်‌မြောက် ကရင်အမျိုးသားရဟန်း‌တော် များအသင်း နှစ်ပတ်လည် ညီလာခံသို့ တက်‌ရောက်ခဲ့သည့် အခမ်းအနားတွင် ထိုသို့ ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကရင်အမျိုးသားရဟန်း‌တော်များအသင်း နှစ်ပတ်လည်အစည်းအ‌ဝေးတွင် ပဒို ‌စောအားတိုးအဖွဲ့အပါအဝင် ကရင်ပြည်နယ်ရှိ ဆရာ‌တော် သံဃာ‌တော်များနှင့် ‌ရေတံခွန်‌ကျောင်းသူ/သား‌ဟောင်း စုစု‌ပေါင်း လူဦး‌ရေ ၁၀ဝ ‌ကျော် တက်‌ရောက်‌ကြောင်း သိရသည်။

အစည်းအ‌ဝေးနှင့် ပတ်သက်၍ ကရင်အမျိုးသားရဟန်း‌တော်များအသင်း၏ ဥက္ကဌ ဦးစန္ဒာဝရက “အခုလိုမျိုး ပဒို ‌စောအားတိုးကို ဖိတ်ရတာက သူက ဒုံရင်း‌ကျောင်းသား‌ဟောင်း တစ်‌ယောက်လည်းဖြစ်တယ်။ ကရင် ‌ကျောင်းသား‌ဟောင်း တစ်‌ယောက်လည်း ဖြစ်‌နေတယ်ဆို‌တော့ အခုလိုမျိုး စုံညီပွဲ‌တော်မှာ တက်‌ရောက်ဖို့ သင့်တယ်ဆိုတာကို ဖိတ်ကြားခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ရဟန်း‌တော်များအသင်းကို ၂၀၀၉ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး သာသနာပြုနှင့် ‌ရှေး‌ဟောင်း ကရင်စာ‌ပေ ‌ဖော်ထုတ်ထိန်းသိမ်း‌ရေးဌာန၊ ပရိယတ္တိစာ‌မေးပွဲဌာန၊ အရပ်ဖက်ဖတ်စာ ပြုစုထုတ်‌ဝေဖြန့်ချိ‌ရေးနှင့် ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးရာဌာန၊ မဟာမိတ်နှင့် ပြင်ပဆက်ဆံ‌ရေးဌာန စသည့် ဌာန စသည့် ဌာန ၄ခု ရှိသည်ဟု သိရသည်။

ကရင်အမျိုးသားရဟန်း‌တော်များအသင်း၏ နှစ်ပတ်လည်အစည်းအ‌ဝေးကို တစ်နှစ်တစ်ကြိမ် ကျင်းပလျှက် ရှိပြီး ပြီးခဲ့သည့် ‌လေးကြိမ်‌မြောက် အစည်းအ‌ဝေးကို ခနိမ်ဒိုရွာ‌တောင်နားရွာမှာကျင်းပပြီး ယခု‌အောက် ‌ရေတံခွန်၌ ကျင်းပ‌သော ၅ ကြိမ်‌မြောက်ကို ‌ကေအဲန်ယူ၏ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေး ဌာနမှူး ပဒို ‌စောအားတိုးအ‌နေဖြင့် ပထမဦးဆုံးအကြိမ် တက်‌ရောက်ခဲ့ခြင်းဖြစ်သည်။