Home ကဗျာ ပြည်ကြီးအလှ စာရိတ္တ

ပြည်ကြီးအလှ စာရိတ္တ

2349

(လကင်္ာဒီပ)

‌မေလ ၂၄၊ ၂၀၁၄။

ငါစီးပွား ကြီးပွားရင်ပြီး‌ရော
‌လောကကြီး မီးပဲ‌လောင်‌လောင်
‌တောင်‌တွေဖြိုပြို မြစ်‌တွေခမ်းခမ်း
ပန်း‌တွေ‌ကြွေ‌ကြွေ
ပြည်သူ‌တွေ မူးယစ်ပဲစွဲစွဲ
မွဲလို့‌သေစမ်းပါ‌စေ ဆိုတဲ့စိတ်များ
‌မွေးမြူထားကြ‌လေ‌ရော့သလား ညီအစ်ကိုတို့။

လူ့စည်း ဘီလူးစည်း
တစ်ခုတည်း မထားကြပါနဲ့
စည်းကမ်းမဲ့လွန်း‌နေရင်
မကြာခင်ကျဆုံးခန်း ‌ရောက်လာပါလိမ့်
အတိတ်က အမှတ်အသား
တိမ်စိုင်ကြား လကွယ်‌နေသည့်နယ်။

သူတို့‌တွေမှာများ…
ယာဉ်စည်းကမ်း လမ်းစည်းကမ်း
‌ကျောင်းစည်းကမ်း ရုံးစည်းကမ်း
သူ့လမ်းသူ့မူ အားလုံးသ‌ဘောတူ
နာယူလိုက်နာ ကျင့်ကြံ
တန်ဖိုးရှိတဲ့ လူသားများ
ကြီးပွား‌နေကြတဲ့လမ်း‌ကြောင်းပဲ‌လေ။

ငါတို့‌တွေမှာများ…
‌တော်လှန်‌ရေး အဖြစ်သ‌ဘော
‌ပြော‌ပြော‌နေတဲ့ ညီညွှတ်‌ရေးလည်း
‌ဝေ့ဝဲမှုန်ဝါး အဖြစ်သ‌ဘော
အညစ်‌ရော အဖြစ်သ‌ဘော‌တွေစု
အပြုသ‌ဘော မ‌ဆောင်‌နေသမျှ
တို့ရဲ့ဆန္ဒ ‌မျှော်လင့်ချက်ဟာ
နာနာဘာဝ‌တွေရဲ့ ‌လှောင်‌ပြောင်သံနဲ့
လှုပ်လဲ့လှုပ်လီ ခရီးမဆက်နိုင်‌သေးပါဘူး။

မူမရှိ ‌ဘောင်မရှိ
အသိတရား‌တွေချို့တဲ့
မင်းမဲ့ပြည်နယ်ကြီးလို
ဟိုနားလည်း လက်နက်ကိုင်
ဒီဂနိုင်နားလည်း လက်နက်ကိုင်
ယှဉ်ပြိုင်မှု‌တွေလွဲ‌ချော်
‌တော်လှန်‌ရေးလည်း ‌ဘေး‌ရောက်လို‌ရောက်
‌ထောက်ထားမညှာတာ
လယ်ယာ‌တွေလည်း သိမ်းလိုသိမ်း
ယိမ်းယိုင်ပျက်စီးတဲ့ စာရိတ္တ
ကရင်ပြည်နယ်ကြီးအလှ
ဘဝင်မကျစရာ‌တွေပါပဲလား။

ပြည်သူမှာ သဏ္ဍာန်ရှိ ဉာဏ်ရှိ
အသံရှိ အမှန်သိတယ်
ဘယ်အရာမှ ဖုံးကွယ်မရ
စိဉ်စမာနလို မလိမ်ညာကြပါနဲ့
တည့်တည့်‌ပြော မယုံချင်
လိမ်စဉ်‌တွေကိုမှ အထင်ကြီး
ပြည်ကြီးကို ‌ရောင်းစားဖို့ရည်စူး
စိတ်ကူးတည့်ရာ မူဗလာ
လူတကာ ‌မေး‌ငေါ့ကြပြီလား ချစ်‌သောသံလွင်‌ရေ။