Home သတင်း ‌ကေဝိုင်အို၏ ၂၅နှစ်ပြည့် ‌ငွေရတုအခမ်းအနားသို့ ကရင်လူငယ် ၅၀၀‌ကျော်တက်‌ရောက်

‌ကေဝိုင်အို၏ ၂၅နှစ်ပြည့် ‌ငွေရတုအခမ်းအနားသို့ ကရင်လူငယ် ၅၀၀‌ကျော်တက်‌ရောက်

1581

‌မေ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်လူငယ်အစည်းအရုံး(‌ကေဝိုင်အို)၏ ၂၅နှစ်ပြည့် ‌ငွေရတုအခမ်းအနားကို ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ ဖားအံခရိုင်၊ ‌လော်ခီး လာ(‌လေးဝါး)၌ ‌မေလ ၂၃ရက်‌နေ့တွင် ကျင်းပခဲ့ရာ ကရင်‌ဒေသအသီးသီးမှ ကရင်လူငယ် ၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌ကေဝိုင်အို တွဲဖက်အတွင်း‌ရေးမှူး(၁) ‌စောဂျက်ပစီက “ကျ‌နော်တို့ ဒီကရင်လူငယ်အစည်းအရုံးရဲ့ ၂၅နှစ်ပြည့် ‌ငွေရတုကို ကျင်းပ ရတဲ့ရည်ရွယ်ချက် အဓိက‌တော့ လူငယ်‌တွေကို အမျိုးသား‌ရေးစိတ်ဓာတ် လက်ဆင့်ကမ်း အသိ‌ပေးသွားချင်တာတစ်ခုရယ်၊ ‌နောက်တစ်ခုက ဒီအချိန်မှာ လူငယ်ဘဝက‌နေ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားမယ်ဆိုရင် ‌နောင်တချိန်မှာ ကျ‌နော်တို့ ‌ခေါင်း‌ဆောင် ‌တွေဖြစ်လာတဲ့အခါ ကျ‌နော်တို့ အမျိုးသား‌ရေးအတွက် အများကြီး အကျိုးရှိနိုင်မယ်”ဟု ‌ပြောသည်။

၎င်းအခမ်းအနားသို့ ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)ခုမှ လူငယ်ကိုယ်စားလှယ်များ၊ ကရင်လူငယ်ကွန်ယက်၊ ဒုက္ခ သည်စခန်းများနှင့် ပြည်တွင်းမှ ကရင်လူငယ်ကိုယ်စားလှယ်များ၊ မြန်မာနို်င်ငံ‌ကျောင်းသားလူငယ်များကွန်ဂရက် အပါအဝင် ‌ကေအဲန်ယူမှ တွဲဖက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ ပဒို‌စောလှထွန်း၊ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါး၊ ဗိုလ်မှူးချုပ်မန်းရှာထု‌ဝေါ်တို့ တက်‌ရောက်ခဲ့ကြပြီး နိုင်ငံ‌ကျော် ကရင်အဆို‌တော်ညီအစ်မ ကဗျာဘွဲ့မှူးနှင့် မီးမီးခဲတို့ကလည်း ‌တေး သီချင်းများဖြင့် အား‌ပေးသီဆိုခဲ့ကြသည်။

အဆို‌တော် ကဗျာဘွဲ့မှူးက “အခုလိုမျိုး ကရင်လူငယ်‌ငွေရတုမှာ လာ‌ရောက်‌ဖျော်‌ဖြေရတာ အရမ်း‌ပျော်ပါတယ်။ ဒီကိုလာဖို့က လည်း အရမ်းခက်ခဲပါတယ်။ အရင်တုန်းက‌တော့ လာလို့မရဘူး‌ပေါ့‌နော်။ လာလို့ရတဲ့အချိန်မှာ ဒါ ပထမဦးဆုံး ‌ရောက်လာခြင်း ဖြစ်တယ်။ ဒီမှာဖိတ်‌ခေါ်တဲ့ လူကြီး‌တွေကို ကျမတို့လာမယ်လို့ မ‌ပြော‌ပေမဲ့ ကျမတို့‌ရောက်‌အောင်‌တော့ လာခဲ့တယ်။ ကိုယ့်ကရင် လူမျိုးလူငယ်‌တွေကို လာ‌ရောက်အား‌ပေးတဲ့အ‌နေနဲ့ အဲဒီအတွက် လာတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ အခမ်းအနား တက်‌ရောက်လာသူ ‌နော်ရိုးတထွန်းက “၂၅နှစ်ပြည့် ‌ကေဝိုင်အို‌ငွေရတုမှာ တက်‌ရောက်ခွင့်ရတာ အရမ်း ‌ပျော်တယ်။ ဒီ‌နေရာကို ‌ရောက်ဖူးတာလည်း ပထမဦးဆုံးပဲ။ ဒီမှာလာတဲ့အခါမှာ နယ်‌ဒေသအသီးသီးက လူငယ်‌တွေ ‌တွေ့ဆုံပြီး ‌တော့မှ ‌ဆွေး‌နွေးခွင့်ရတဲ့အ‌ပေါ်မှာလည်း ဝမ်းသာတယ်။ ‌ဒေသအသီးသီးက လူငယ်အ‌ခြေအ‌နေကိုလည်း သိရတယ်။ လူငယ် ‌တွေရဲ့ စိတ်အားထက်သန်မှုကိုလည်း ‌တွေ့ရတယ်”ဟု ‌ပြောသည်။

‌ငွေရတုအခမ်းအနားတွင် ‌ကေဝိုင်အို‌ခေါင်း‌ဆောင်‌ဟောင်းများအား ဂုဏ်ပြုခြင်း၊ အားကစားပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲများ ပြုလုပ်ခြင်း တို့အပြင် အခမ်းအနားမတိုင်ခင် ‌မေလ ၂ဝရက်မှ ၂၂ရက်‌နေ့အထိ ‌ဒေသအသီးသီးမှ ကရင်လူငယ် ၅၀၀‌ကျော်ပါဝင်သည့် သုံး ရက်ကြာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကိုလည်း ကျင်းပခဲ့ကြပြီး စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာများ၊ လူငယ်နှင့် မူးယစ်‌ဆေးဝါးစိန်‌ခေါ်မှု၊ အမျိုး သားစီမံကိန်း စသည့်‌ခေါင်းစဉ်များကိုလည်း ‌ဆွေး‌နွေးခဲ့ကြသည်။

ကရင်လူငယ်အစည်းအရုံးကို ၁၉၈၉ခုနှစ်၊ ‌မေလ ၂၃ရက်‌နေ့တွင် စတင် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး‌နောက် ယခုနှစ်တွင် ၂၅နှစ်ပြည့် ‌ငွေရတု အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြခြင်းဖြစ်သည်။