Home သတင်း သမီးက‌လေးရွာသားများကို ပဲခူးတိုင်းအတွင်းသိုု့ ပြန်လည်ပို့‌ဆောင်ရန် ဆုံးဖြတ်

သမီးက‌လေးရွာသားများကို ပဲခူးတိုင်းအတွင်းသိုု့ ပြန်လည်ပို့‌ဆောင်ရန် ဆုံးဖြတ်

1631

ဧပြီ ၄ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA)‌နောက်သို့ လိုက်ပါအ‌ခြေချမည့် သမီးက‌လေးရွာသားများ ကို ကရင်ပြည်နယ် အစိုးရ၊ ပဲခူးတိုင်း‌ဒေသကြီးအစိုးရတို့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး ပဲခူးတိုင်း‌ဒေသကြီး အတွင်းပြန်လည်ပို့‌ဆောင်ရန် DKBA နှင့် အစိုးရအဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့ကြ‌ကြောင်း သိရသည်။

ဧပြီလ ၂ ရက်‌နေ့ ည‌နေပိုင်းတွင် DKBA မှ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်နှင့် ပဲခူးတိုင်း‌ဒေသကြီးမှ နယ်လုံ ဝန်ကြီးအပါဝင် အစိုးရအဖွဲ့ဝင်အချို့ ဖုန်း‌ပြောဆိုမှုအပြီးတွင် ‌ကျေးရွာသားများကို ပဲခူးတိုင်း‌ဒေသကြီး အတွင်းသို့ ပြန်လည်ပို့‌ဆောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်‌ကြောင်း ဖားအံခရိုင်အုပ်ချုပ်‌ရေးမှူး ဦးရဲနိုင်က ‌ပြောသည်။

“ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ကို လက်ရှိ‌နေရာကို ပြန်လည်‌နေထိုင်ဖို့ သူတို့ကို တိုက်တွန်းပါတယ်။ သူတို့‌ခေါ်လာတဲ့ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်နဲ့ ပဲခူးတိုင်းနယ်လုံဝန်ကြီးနဲ့ ဖုန်း‌ပြော ပြီး‌တော့ သူတို့ကို ‌ရောက်လက်စနဲ့ ဘုရားဖူးပါ့မယ်။ ‌နောက်တစ်ရက်နှစ်ရက်ကြာမှ ဟိုဘက်ကို ပြန်ပါမယ် ဆိုပြီး‌တော့ ဆုံးဖြတ်ချက်ကြပါတယ်”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့အ‌နေဖြင့် ရွာသားများကို မူရင်း‌နေရပ်သို့ ပြန်သွားသည့်အခါတွင်လည်း သက်ဆိုင်ရာပဲခူးတိုင်း‌ဒေသကြီးအစိုးရ၊ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရတို့ကို ညှိနှိုင်း‌ဆောင်ရွက်‌ပေးရန် ‌ပြော ဆို‌ဆွေး‌နွေးမှုများရှိခဲ့‌ကြောင်း သိရသည်။

သို့ရာတွင် ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်သန်းက “အခုသူတို့က မွန်ပြည်နယ် ထဲမှာ ပဲရှိ‌သေးတယ်။ ဒီကို‌တော့ ‌ရောက်မလာ‌သေးတဲ့အတွက် ဘယ်လိုစီစဉ်‌ပေးရမလဲဆိုတာ မသိ‌သေးဘူး”ဟု ‌ပြောသည်။

သမီးက‌လေး‌ကျေးရွာသားများကို ပြန်လည်‌နေရာချထား‌ပေးရန်အတွက် ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရက ပဲခူးတိုင်း‌ဒေသကြီး မင်းကုန်း‌ကျေးရွာအုပ်စု ဝါးယားကုန်း‌ကျေးရွာတွင် ‌ပေ ၂၀- ၅ဝ ‌မြေကွက်များကို မဲစနစ်ဖြစ် ‌နေရာချထား‌ပေးပြီး ဧပြီလ ၂ ရက်‌နေ့တွင် စာရင်းပိတ်လိုက်ပြီဖြစ်‌ကြောင်း ရန်ကုန်တိုင်း ‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ် ဦးလှသန်းက ‌ပြောသည်။

၎င်းက “စာရင်း‌ပေးတဲ့သူကလွဲလို့ ကျန်တဲ့ဟာ ကျ‌နော်တို့ ကိစ္စမဟုတ်‌တော့ပါဘူး။ ဒီမှာလာ‌တော့လည်း သူတို့အတွက် ‌နေစရာက မရှိ‌တော့ဘူး။ သူတို့ မသွားခင်ကတည်းက ကျ‌နော်တို့ တရားဝင်‌ကြေငြာထား တာပါ”ဟု ဆိုုသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အစိုးရ၏ တားမြစ်မှု‌ကြောင့် DKBA ‌နောက်လိုက်ပါသွားမည့်သူများမှာ ကရင်ပြည်နယ်အတွင်းဝင်ခွင့်မရပဲ မွန်ပြည်နယ်ရှိ ကျိုက္ခမီ၊ စက်စဲကမ်း‌ခြေဘက်သို့ ဘုရားဖူးအ‌နေဖြင့် သာ‌ရောက်ရှိ‌နေ‌ကြောင်း လိုက်ပါသွားသူတစ်ဦးဖြစ်သည့် DKBA မှ ဗိုလ်မှူး‌အောင်ကိုကိုက ‌ပြောသည်။

ပဲခူးတိုုင်း ‌အောင်သိဒ္ဒိဘုန်း‌တော်ကြီး‌ကျောင်း ဆရာ‌တော်ဦးအဂ္ဂဓမ္မကလည်း “ပြန်ပို့မယ်လို့‌တော့ ကြား‌နေရ တယ်။ ဦးဇင်းတို့ အ‌နေနဲ့က ‌ပြော‌ပေးပိုင်ခွင့် မရှိဘူး။ အများပြည်သူရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ အများရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ။ အခု‌လော‌လောဆယ်‌တော့ ဘုရားဖူး‌နေကြတယ်”ဟု မြွက်ကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်‌နေ့ကလည်း သမီး‌လေး‌ကျေးရွာသားများ ခိုလှုံခဲ့သည့် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ‌အောင်သိဒ္ဒိ ဘုန်း‌တော်ကြီး‌ကျောင်းဝင်းတခုလုံးကို ဖယ်ရှား‌ပေးရန် ပဲခူးတိုင်း ဆည်‌မြောင်းဦးစီးဌာနက စာထုတ်ပြန်ထား‌ကြောင်းသိရှိရသည်။