Home သတင်း ကရင်ပြည်နယ် ‌ကျေးလက်‌ဒေသများတွင် ကရင်ဘာသာဖြင့် သန်း‌ခေါင်စာရင်း‌ကောက်ယူမှု ပိုအဆင်‌ပြေ

ကရင်ပြည်နယ် ‌ကျေးလက်‌ဒေသများတွင် ကရင်ဘာသာဖြင့် သန်း‌ခေါင်စာရင်း‌ကောက်ယူမှု ပိုအဆင်‌ပြေ

1655

ဧပြီ ၃ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့၊ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ‌ကျေးလက်‌ဒေသများ၌ သန်း‌ခေါင်းစာရင်း‌ကောက်ယူရာတွင် ကရင်ဘာသာစကားဖြင့် ‌မေးမြန်း‌ကောက်ယူမှုအတွက် ပိုမိုအဆင်‌ပြေ ‌ချော‌မွေ့‌ကြောင်း စာရင်း‌ကောက် ‌ကျောင်းဆရာမများက ‌ပြောဆိုသည်။

စာရင်း‌ကောက် ‌ကျောင်းဆရာမတစ်ဦးဖြစ်သူ နန်း‌မေခိုင်မိုးက “ကျမတာဝန်ကျတဲ့ ‌ကောက်ကွက်မှာဆိုရင် ကျမတို့ ကရင်လူထု‌တွေကြီးပဲ‌လေ။ သန်း‌ခေါင်စာရင်း‌မေးခွန်းကို ကရင်လို‌မေးပြီး‌ကောက်ရတယ်။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့က ဗမာလို‌မေးရင် နားမလည်ဘူး။ ‌နောက် ‌မေးခွန်းက ၄၁ ချက်ဆို‌တော့ ဘာသာပြန်နဲ့ ‌မေးမယ်ဆိုရင်လည်း အချိန်ပိုကြာမယ်”ဟု ‌ပြောသည်။

၎င်းတာဝန်ကျသည့် ‌နောင်နိုင်းရွာ၊ နှစ်ရွာ‌တောင်ရွာနှင့် ကျိုက်‌ခေါင်းရွာတို့မှ အိမ်‌ခြေ ၁၃၉ လုံးရှိ‌သော ‌ကောက်ကွက်၌ အချို့မိသာစုများသည် အိမ်‌ထောင်စု ဝင်လူဦး‌ရေများသည့်အတွက် အချိန်‌ပေး‌မေးရ ‌ကြောင်း၊ လက်ရှိတွင် အိမ်‌ခြေအလုံး ၅ဝ ကို ‌ကောက်ယူပြီးစီး‌ကြောင်းနှင့် တစ်ရက်တာ ‌ကောက်ယူသည့် သန်း‌ခေါင်စာရင်း စာရင်းစစ် ဆရာမများထံသို့ ‌နေ့စဉ်ပို့ ‌ပေး‌နေရ‌ကြောင်း သူမက ဆက်‌ပြောသည်။

ကရင်ပြည်နယ်တွင် သန်း‌ခေါင်စာရင်း ‌ကောက်ကွက်‌ပေါင်း ၂,၂၀ဝ ‌ကျော်ရှိပြီး ‌ကောက်ကွက် တစ်ကွက် လျှင် စာရင်း‌ကောက် ‌ကျောင်းဆရာမ ၁ ဦးနှင့် ‌ကောက်ကွက် ၅ ကွက်လျှင် စာရင်းစစ် ၁ ဦးဖြင့် ‌ကောက်ခံရန် သတ်မှတ်ထား‌ကြောင်း သိရသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်းရှိ အချို့‌ကျေးရွာများတွင် ကရင်စကားမ‌ပြောတတ်သည့် သန်း‌ခေါင်စာရင်း ‌ကောက် ‌ကျောင်းဆရာများခန့်ထားသည့်အတွက် ဘာသာစကား အခက်အခဲများကြုံ‌တွေ့‌နေရသကဲ့သို့ ‌မေးမြန်းခံရသူများဘက်မှလည်း ‌မေးခွန်း‌ဖြေကြားရန် အခက်ကြုံ‌တွေ့‌နေရ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ကရင်‌ဒေသခံတစ်ဦးဖြစ်သူ မန်း‌စောလှက “ကရင်စကားမတတ်တဲ့ စာရင်း‌ကောက်‌ကျောင်းဆရာမကို ခန့်ထားတာလည်းရှိ‌တော့ မိသားစုတစ်စုကို နာရီဝက်‌ကျော် အချိန်‌ပေးရတဲ့အတွက် အခက်အခဲတချို့ ရှိတယ်။ တိုင်းရင်းသား ဘာသာစကား အခက်အခဲရှိတဲ့အပြင် တချို့လူ‌နေအိမ်‌တွေမှာ မိသားစုအလိုက် နိုင်ငံခြားကို သွားတဲ့အတွက် ‌ဆွေမျိုး‌တွေ အိမ်နီးချင်း‌တွေက ‌ဖြေ‌ပေးတာ အခက်အခဲများစွာရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ စတင်‌ကောက်ခံလျှက်ရှိသည့် ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်းကို မတ် ၂၉ ရက်‌နေ့ညမှ ဧပြီ ၁ဝရက်‌နေ့အထိ ‌ကောက်ယူမည်ဖြစ်ပြီး စတင်‌ကောက်သည့်‌နေ့တွင် ကရင်ပြည်နယ်အတွင်းရှိ ‌ကောက်ကွက်တိုင်းကို အိမ်‌ခြေ ၁ဝလုံးသာ စတင်‌ကောက်ယူခဲ့ကြသည်ဟု သိရ သည်။